“ဖုန်းနှိုက်သွားပြီ”
ကျွန်တော့်နောက်မှ အမျိုးသမီးငယ်၏ အာမေဋိတ်ကြောင့် ဘတ်စ်ကားတစ်စီးလုံး၏ အာရုံကသူ့ထံကို ရောက်သွား ခဲ့လေသည်။ အသက် ၂၀ စွန်းစွန်းသာရှိမည့်မိန်းကလေး။ အလုပ်သွားသည့်ပုံစံပေါက်သည်။ ကျောပိုးအိတ်ကို ဘေးတစ်ဖက်ချပြီးလွယ်ကာ ထမင်းဘူးကိုလက်တစ်ဖက်မှ ကိုင်ထားသည်။ ဆံပင်ကိုသေသေသပ်သပ် ဖြီးလာပုံရသော်လည်း ကားပေါ်မှာလူကြပ်သည်ကြောင့် နားသပ်စများဖွာလန်ကြဲထွက်နေကာ တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များကျလျှက်ရှိနေသည်။ သူတင် ပဲလားဆိုတော့မဟုတ်ပါ။ တစ်ကားလုံး ရေနွေးငွေ့ပေါင်းခံစက် ထဲကိုရောက်နေသကဲ့သို့အပူရှိန်အဟုန် က ဟုန်းခနဲ ဟုန်းခနဲ။ Continue reading “အမှတ် ၆၁ ဘတ်စ်ကား”