ချင်းမိုင်ကို အခု ချိန်ဘာကြောင့်သွားသင့်တာလဲ

ချင်းမိုင်ဆိုရင်တော့ ထိိုင်းနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့တောင်ပေါ်မြို့၊ ပြင်ဦးလွင်လိုရာသီဥတုကိုပိုင်ဆိုင် ထားတဲ့မြို့၊ ကားမကြပ်၊ လူမပိတ်တဲ့သီးသန့်မြို့လေးဆိုပြီး လူသိများတာပေါ့လေ။ မိုးတွင်းပေမယ့် ပူတယ်ဆိုတော့ ရာသီဥတုအေးစိမ့်စိမ့်လေးရှိတဲ့ ပြည်ပတစ်နေရာကိုသွားဖို့စိတ်စား ထားတယ်ဆိုရင်တော့ ချင်းမိုင်ကိုစိတ်ကူးယဉ်လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့အနီးဆုံးရှိတဲ့မြို့ ရှမ်းပြည် နယ်နဲ့ ကပ်ရက်မြို့လေးမှာ မြန်မာအငွေ့အသက်တွေနဲ့ပြည့်နှက်နေတာပေါ့။ လည်စရာတွေလည်းပေါ၊ စားစရာတွေလည်းပေါ၊ စျေးလည်းအရမ်းမကြီးတာမို့ ချင်းမိုင်ဟာ သဘောကျ စရာတွေနဲ့ပါပဲ။ Continue reading “ချင်းမိုင်ကို အခု ချိန်ဘာကြောင့်သွားသင့်တာလဲ”

Jelly Fish ထောင်သောင်းပေါင်းများစွာ ရှိရာ ဂွ ကျွန်းဆီသွားမလား

ကမ်းခြေတော်တော်များများမှာ မတွေ့ရတဲ့ အစုလိုက်အပြုံလိုက် Jelly Fish အုပ်စုကြီးတွေ ကျက်စား ပျော်မြူးတဲ့နေရာ ကိုယ်တွေအနားမှာ ရှိတယ်ဆိုတာကို အဲဒီကျွန်းရောက်မှ မျက်ဝါးထင်ထင် တွေ့ခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး။ လူလုပ်ကျွန်းမဟုတ်တဲ့ သဘာဝအတိုင်းတည်ရှိနေတဲ့ ကျောက် ဆောင်၊ ကျောက်တောင်တွေ၊ မြင်ရစားရဖို့သိပ်မလွယ်ကူတဲ့ ငါးမျိုးစိတ်တွေ၊ လူသံကြားရင်ထွက်မ ပြေးတတ်တဲ့ ဝင်ကစွပ်အစုလိုက်အပြုံလိုက်တွေကိုလည်း အဲဒီကျွန်းမှာတွေ့ရတတ်ပါတယ်။ Continue reading “Jelly Fish ထောင်သောင်းပေါင်းများစွာ ရှိရာ ဂွ ကျွန်းဆီသွားမလား”

ရင်နှင့်အမျှ အပိုင်း (၃၆) ဇာတ်သိမ်း

(၃၆)

လေဆိပ်ကို အပြေးတစ်ပိုင်းရောက်ရှိလာပြီး သူမရဲ့နောက်ကျောပြင်လေးကို မြင်လိုက်ရ သောအခါ…ဘဝရဲ့အကြီးမားဆုံးသော အရာတစ်ခုကို ဆုံးရှုံးခဲ့ရလေပြီဆိုတာ သေချာသွားသည်။
သွားပြီ။ ကျွန်တော် စိတ်ကူးခဲ့ရတာတွေ၊ အိပ်မက်ခဲ့ရတာတွေဟာ လုံးဝကွယ် ပျောက်ခဲ့လေပြီ။
”Hoa” Continue reading “ရင်နှင့်အမျှ အပိုင်း (၃၆) ဇာတ်သိမ်း”

ရင်နှင့်အမျှ အပိုင်း (၃၅)

(၃၅)

ဘာကြောင့််လဲ ဆိုတဲ့ အဖြေတစ်ခုတည်းအတွက် ရေမြေခြားတစ်နေရာကနေ လာခဲ့သည်။ ကျွန်တော်သူမကို အဆက်အသွယ်ဖြတ်ထားတဲ့ ကာလတစ်လျှောက်လုံး ကျွန်တော့်အကြောင်းစုံစမ်းနေခဲ့မည်ပေါ့။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၅)”

ရင်နှင့်အမျှ အပိုင်း (၃၄)

(၃၄)

ရန်ကုန်
Summit Park View Hotel
ကျွန်တော့်လိုသာမန် သတင်းထောက်တစ်ယောက် အတွက်တော့ အစွမ်းကုန် ဖန်တီးပေးထားသော မင်္ဂလာပွဲဖြစ်ပါသည်။ အသိ မိတ်ဆွေစာနယ််ဇင်း သမားတွေ၊ ဇနီး လောင််း မေမြသွယ်ရဲ့ လက်လှမ်းမီရာ မိတ်ဆွေတွေနဲ့ ကျွန်တော်ရဲ့ ခင်ရာမင်ကြောင်း သတင်းရင်းမြစ်တွေ တော်တော်စုံလင်လှလေသည်။ ဖြူစင်သန့်ရှင်းမှုတွေ လွှမ်းခြုံ စေချင် တဲ့ အဓိပ္ပာယ်နဲ့ သတို့သား၊ သတို့သမီးဝတ်စုံကအစ စားပွဲစုံ၊ အလှဆင်ပန်း၊ ခန်းမအပြင်အ ဆင်တွေအားလုံး အဖြူရောင်တွေချည်းရွေးချယ်ခဲ့ပေမယ့် ကျွန်တော့်စိတ်တွေ ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင််း မဖြစ်နို်င်ဘဲရှိလေသည်။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၄)”