ရင်နှင့်အမျှ အပိုင်း (၃၃)

(၃၃)

Hoa နဲ့ကျွန်တော်တို့ရဲ့ စကားတွေကြားမှာ အမျိုးအမည်မသိတဲ့ တံတိုင််းကြီးတစ်ခု ခြားသွားသည်။ စကားလုံးတိုင်း စကားလုံးတိုင်း ဝေးကွာမှုတွေ…ဝေးကွာမှုတွေရဲ့ အငွေ့ အသက်ကို ခံစားလာရသည်။ မိုင််ပေါင်းများစွာ လူအချင်းချင်း ဝေးကွာခြင်းမဟုတ်။ နှလုံးသားချင်းဝေးကွာ နေသလို… Continue reading “ရင်နှင့်အမျှ အပိုင်း (၃၃)”

ရင်နှင့်အမျှ အပိုင်း (၃၂)

(၃၂)

ကျွန်တော် အမုန်းဆုံးမိန်းမတစ်ယောက်။
အဲဒီ မိန်းမက ကျွန်တော့်ကို အားကိုးတကြီး အကူအညီတောင်းသတဲ့လေ။ ဘဝနဲ့ ရင်းရမယ့် အကူညီမျိုး ဘယ်သူက ပေးချင်မှာလဲ။
Hoa။ ဟင့်အင်း။ Hoa နဲ့ ကျွန်တော်ဝေးလို့မဖြစ်။ မေမြသွယ်ရဲ့ ခခယယ တောင််း ပန်တဲ့ပုံစံကို စက္ကန့်တိုင်း မြင်ယောင်နေလေသည်။ အဲဒီ အခန်းထဲက ထွက်ပြီးနောက်ပိုင်း ကျွန်တော့်စိတ်တွေ လေးလံသွားခဲ့ပြန်၏။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၂)”

ရင်နှင့်အမျှ အပိုင်း (၃၁)

(၃၁)

နူးညံ့လှသည့် မွေ့ရာ အထိအတွေ့ကို ခံစားလိုက်ရစဉ်မှာပဲ တစ်စုံတစ်ခုမှားနေပြီ ဆိုတာသိလိုက်ပါသည်။ ကျွန်တော် ဘယ်ကိုရောက်နေလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ သေချာတာကတော့ ကျွန်တော် အိပ်ရာက နိုးထလာမှုဟာ သမားရိုးကျနေ့ မဟုတ်ခဲ့ပါ။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၁)”

ရင်နှင့်အမျှ အပိုင်း (၃၀)

(၃၀)

“ချီးယားစ်”
ငွေဆောင်ည အရမ်းကိုသာယာလှပါသည်။ ပင်လယ်စာအစုံကို အခုလို မျက်စိ ရှေ့မှာ စုံစုံလင်လင်ချပြီး စားသောက်ရတာ ဘယ်လောက်များ အရသာရှိလိုက်ပါ သလဲ။
မိန်းကလေးတွေကတော့ ညစာစားပြီးတာနဲ့ တစ်ခါတည်းအိပ်ရာဝင်နှင့်ကြသည်။ ဒီနေ့ တစ်နေ့လုံး မနားကြရသေး။ ရေထဲမှာ ကစားလိုက်၊ လှည်းစီးလိုက်၊ မြင်းစီးလိုက်နဲ့ ပင်ပန်းကုန်ကြမှာပေါ့။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၀)”

ရင်နှင့်အမျှ အပိုင်း (၂၉)

(၂၉)

တကယ်တမ်းသွားဖြစ်ဖို့ တစ်ပတ်ကျော်လောက်စီစဉ်ရပါသည်။ ကျွန်တော်တို့ရဲ့ ကမ်းခြေခရီးက ထင်ထားတာထက် တောင်စည်ကားနေ၏။ နယူးဒေလီတုန်းက သူငယ် ချင်းတွေ အပြင် တခြားသူငယ်ချင်းတွေ လည်းပါသည်။ အားလုံး ပေါင်းခုနစ်ယောက်။
ရာသီဥတု အခြေအနေကို စောင့်ရတာကြောင့်လည်း အဲဒီလောက် ကြာသွားတာ ဖြစ်သည်။ ကျွန်တော်တို့သွားမယ် ဆိုတော့ တစ်ရက်နှစ်ရက်အတွင်း မိုးကလည်းကောင်း နေသည်။ တကယ် ရောက်တဲ့အချိန်မှာတော့ ထင်ထား သလောက်မိုးမရွာတော့ပါ။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၉)”