ရင်နှင့်အမျှ အပိုင်း (၁၃)

(၁၃)

နောက်တစ်နေ့ ဖယ်ရီပေါ်မှာ ညက ဖြစ်ပျက်ခဲ့သော သရဲအကြောင်းကို ပြောဖြစ်ကြ သည်။ Happy Hour ကို မလာတဲ့သူတွေကတော့ ကိုယ်တိုင်မမြင်ရလို့ မယုံဘူး။ ကင်မရာ ထဲမှာမြင်တဲ့ သူတွေကတော့ တကယ်ဟုတ်တယ်ပေါ့။
ပြောရင်း ပြောရင်း Tom ကင်မရာကို သတိထားမိသွားကြ၏။ Continue reading “ရင်နှင့်အမျှ အပိုင်း (၁၃)”

ရင်နှင့်အမျှ အပိုင်း (၁၂)

(၁၂)

Happy hour အခန်းကို တစ်ခါတလေမှ ရောက်တတ်သော Hoa သည် ဒီနေ့ည တော့ စိတ်အားထက်သန်စွာရောက်လာခဲ့တာ ဘာကြောင့်လဲဆိုတာ ကျွန်တော်ကြိုသိနေ လေသည်။
အားလပ်ချိန် refresh time ဖြစ်တာကြောင့် အားလုံးပေါ့ပေါ့ပါးပါးပဲဝတ်ကြသည်။ မိန်းကလေး အများစုက စကတ်တို၊ အင်္ကျီပါးပါး၊ တချို့လက်ပြတ်ဝတ်ကြသလို ယောက်ျား လေးအများစုလည်း ဘောင်းဘီတို၊ တီရှပ်တွေပဲ အဝတ်များပါသည်။
“ငါသိတယ်နော်” Continue reading “ရင်နှင့်အမျှ အပိုင်း (၁၂)”

ရင်နှင့် အမျှ အပိုင်း (၁၁)

(၁၁)

အဲဒီနေ့အတွက် ကံအဆိုးဆုံးသူမှာ ‘သူရ’ ပင်ဖြစ်လေသည်။ training ကို ပုံမှန်လာ နေကျပုံစံမဟုတ်ဘဲ ပုဆိုးကြီး တကားကားနဲ့ စတန့်ထွင်တော့ Hoa ရဲ့ အကြံအတွက် အင်မတန် အဆင််ပြေသွားလေ၏။
သင်တန်းဆင်းတဲ့နေ့မှာ မြန်မာယောက်ျားလေးတွေအားလုံး ပုဆိုးနဲ့ တိုက်ပုံ၊ မိန်းက လေးတွေအားလုံး ထမီနဲ့ ရင််ဖုံးဝတ်ဖို့ တိုင််ပင်ထားတာကို သူရက သင်တန်းဆင်းတဲ့ အချိန် ထိမစောင့်နိုင်တော့ဘဲ ရှိုးထုတ််လာခဲ့သည်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၁၁)”

ရင်နှင့် အမျှ အပိုင်း (၁၀)

(၁၀)

စာအမှတ် (၃)
သို့/
ဟန်နီ

တကယ်တော့ ကိုယ်အရမ်းတတ်လို့၊ အရမ်းသိလို့ပြောပြနေတာမဟုတ်ပါဘူး။ မင်းသတိမထားမိတဲ့ သတင်းရေးနည်းတွေ၊ မင်းသိထားပြီးတဲ့ သတင််းရေးနည်းတွေကို အမှတ်ရအောင် ပြောပြနေတာပါ။ ဘာဖြစ်လို့ အဲဒီလို ပြောပြနေတာလဲဆိုတော့ မင်းကို တခြားလူတွေထက် သံယောဇဉ်ပိုမိလို့ပဲ။ Continue reading “ရင်နှင့် အမျှ အပိုင်း (၁၀)”

ရင်နှင့် အမျှ အပိုင်း (၉)

(၉)

အဲဒီနောက်ပိုင်း ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရင်နဲ့ ဆန့်ကျင်ဖက် ဖြစ်လာခဲ့လေသည်။ တစ်ဦးပေါ်တစ်ဦး တကယ့် သူငယ်ချင်းအရင်းကြီးတွေလို သဘော ထားဖြစ်ကာ ညီညီတို့တောင်မနာလိုဖြစ်လာသည်အထိပင်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၉)”