(၈)
ကျွန်တော်တို့ရဲ့ training တစ်ပတ်မပြည့်ခင်မှာပဲ ဗီယက်နာမ်မလေးရဲ့ ကျန်းမာရေး ချို့ယွင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။
အဲဒီနေ့က ကျောင်းကအပြန် ဖယ်ရီပေါ်က အဆင်းမှာ သူမရဲ့ ငိုက်ခနဲယိုင်နဲ့သွားတဲ့ ပုံစံကို ကျွန်တော်မြင်လိုက်ပါသည်။
” အယ်… အယ်… အယ်… ဟိုမှာ ခေါင်းမူးသွားတာလား မသိဘူး”
စံပယ်ကလည်း ကျွန်တော့်လိုပဲ မြင်လို့လှမ်းပြောပါသည်။
ဟိုတယ် ဧည့်ကောင်တာကိုလည်းရောက်ရော ခင်းထားသော ဆိုဖာတစ်ခုံပေါ် မိုက်ခနဲ လဲကျသွားပါသည်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၈)”