လွန်လေပြီးသော ချစ်သူ အပိုင်း (၂၁)

(၂၁)
“ယုံတယ်မယုံဘူးဆိုတာထက် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာပဲ”
ကျွန်တော်တို့ရဲ့အဖြစ်အပျက်ကိုနားထောင်ပြီး ဦးအောင်ချစ်ကမှတ်ချက်ပြုသည်။ မျက်နှာဝိုင်းဝိုင်း၊ ခပ်ပိန်ပိန်နဲ့ ရုပ်ရည်သန့်သန့်ထဲက ဖြစ်သည်။ မြန်မာလို့သာပြောလို့ယုံရသည်။ သူ့ပုံစံက လုံးဝတရုတ်လူမျိူးပုံစံပင်။
“ဘယ်သူကမှ ယုံနိုင်စရာအကြောင်းမဟုတ်ပါဘူးဗျာ၊ တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင်လည်းမယုံနိုင်ဘူးဖြစ်နေတယ်”
“အင်းလေ၊ ဟုတ်မှာပေါ့၊ ဒါဖြင့်ကိုယ်ကငါ့ညီကိုအဲဒီစာပေးရမယ်ဆိုပါတော့” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၂၁)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၂၀)

(၂၀)
Wu Zhen ခရီးကကျွန်တော်ထင်ထားသလောက်မဝေးလှပါ။ အဲဒီကိုသွားဖို့ခရီးသွားဧည့်များအတွက်ကားလေးတွေရှိသည်။ လူကတော့ အပြည့်ပင်။ ရှန်ဟိုင်းရဲ့အထင်ကရနေရာတစ်ခုမို့စိတ်ဝင်စားသူများလှသည်ဟုထင်မိ၏။
“မင်းဟံသာ Sight Seeing ကားမစီးဖူးသေးဘူးမှလား၊ မပြန်ခင်စီးလို့ရအောင်အန်တီစီစဉ်ပေးမယ်၊ အဲဒီကားစီးပြီးရှန်ဟိုင်းမြို့ရဲ့အလှ ကိုကြည့်လို့တော်တော်မိုက်တယ်”
“မြို့လယ်မှာတွေ့တွေ့နေရတဲ့နှစ်ထပ်ကားနီနီတွေလားအန်တီ” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၂၀)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁၉)

(၁၉)
ကျွန်တော့်ရဲ့ဒုတိယအကြိမ်မြောက်ရှန်ဟိုင်းခရီးစဉ်သည် ပထမအကြိမ်ကထက်စိတ်လှုပ်ရှားမှုတွေပါဝင်နေလေသည်။ ကူမင်းလေဆိပ်က နေတစ်ဆင့်ခရီးစဉ်ဖြင့်ပင်လာရောက်ခဲ့၏။ ဟိုတယ်ကိုရောက်လို့နေရာထိုင်ခင်းအသားကျမှပင် အန်တီယဉ်ယဉ်ဆီကိုဖုန်းဆက်လိုက် သည်။ ရှန်ဟိုင်းမြို့လယ်နှင့်မဝေးလှသောစျေးသက်သာသည့်ဟိုတယ်တစ်ခုကိုရွေးချယ်တည်းခိုဖြစ်၏။
“ဘာလို့ဒီအထိတောင်လိုက်လာရတာလဲ မင်းဟံသာရယ်” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၉)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁၈)

(၁၈)
အခန်းထဲကပစ္စည်းတော်တော်များများအား မပြောင်းရွှေ့ထားသေးတာကိုတွေ့လိုက်ရတော့ ကျွန်တော့်ရင်ထဲအေးချမ်းသွားသလိုပင်။ စိတ်ထဲမှာတော့ ခါတိုင်း မ နဲ့တွေ့နေကျနေရာဆီကိုရောက်နှင့်ပြီးဖြစ်သလိုပဲ ကိုယ်ကလည်းအပြေးအလွှားသွားကာ လက်ပ်တော့ကိုဖွင့် လိုက်လေသည်။ ကျွန်တော့်ဂျီမေးလ်ဖွင့်ဖို့အတွက် အင်တာနက်လိုင်းရဖို့က ဖုန်းရှိဖို့လိုသည်။ ဖုန်းကမင်းမင်းတို့အိမ်မှာပဲကျန်ခဲ့တာလား။ ဖူးဖူးပဲ သိမ်းသွားတာလားမပြောတတ်။ မနေ့ကရုံးကအပြန်မှာတော့ ရှိသေးသည်။ တော်တော်ရှုပ်တဲ့ကောင်တွေ။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၈)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁၇)

(၁၇)
“မင်းဟံသာ၊ မင်းဖုန်းလာနေတယ်၊ ဖူးဖူးဆီက”
မကိုင်ချင်တော့ဘူးဆိုတဲ့သဘောနဲ့လက်ကာပြလိုက်သည်။
“မရဘူးဟေ့ကောင်၊ ကိုင်လိုက်၊ သူအခု ဒီကိုလိုက်လာနေပြီ”
စုတ်တစ်ချက်သပ်ကာ ဖုန်းကိုဆွဲယူကိုင်လိုက်မိ၏။
“မင်းဟံဟာ ရှင်ဘာဖြစ်နေတာလဲ၊ ကျွန်မအရမ်းစိတ်တိုနေပြီနော်၊ ရှင့်ကိစ္စတွေချည်းပဲလိုက်လုပ်နေရတာ”
“မင်းကိုဘယ်သူကလုပ်ခိုင်းနေလို့လဲ” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၇)”