(၁၆)
မ ရဲ့ဒိုင်ယာရီအရ (၁၄) ရက်နေ့။ နောက်ဆုံးနေ့ဖြစ်သည်။ အိပ်ရာထကတည်းက ရင်ခုန်နေခဲ့၏။ ဘာတွေများတားဆီးနိုင်မှာလဲ။ ဘာ လုပ်ရမလဲ မတွေးတတ်အောင်ဖြစ်နေမိသည်။ အလုပ်နားဖို့ကြံပေမယ့် မဖြစ်နိုင်။ မနက်ဖြန်ကလည်းခွင့်ယူရမည်။ အလုပ်ကို စောစောစီးစီး သွားပြီး အချောသပ်ပြီးနေပြီဖြစ်သည့် သုံးနှစ်စာဆက်သွယ်ရေးအပြောင်းအလဲစာစုကိုနောက်ဆုံး အကြိမ်ဖတ်နေမိ၏။ အွန်လိုင်းပေါ်တက် ပြီး မ များရှိနေမလားကြည့်မိသည်။ မရှိမှန်းသိရက်နဲ့။
အရာရာတိုင်းဟာ ကျွန်တော့်အတွက်အေးစက်စက်ဖြစ်နေသလိုခံစားရသည်။ လူတစ်ယောက်အတွက် စိတ်တွေလေးလံနေမိသည်။ အပြင်မှာတကယ်မတွေ့ဖူးဘဲနဲ့အဲဒီလူအပေါ် သံယောဇဉ်ပို၊ အကြင်နာတွေပိုနေမိခဲ့၏။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၆)”