လွန်လေပြီးသော ချစ်သူ အပိုင်း (၁၁)

(၁၁)

အခန်းထဲကိုဝင်ဝင်ချင်းမှာပဲ အဲဒီအခန်းရဲ့ရန့ံက ကျွန်တော့်နှာခေါင်းထဲ တိုးဝင်လာသည်။ မီးခလုတ်ဖွင့်လိုက်တာကြောင့် ကြွက်တွေလန့် ပြေးကုန်သည်။ ဖုန်တွေတော့မတွေ့ရပေမယ့် စာအုပ်အဟောင်းရန့ံရယ်၊ အဲဒီညှင်းသိုးသိုးရနံ့ရယ် ရောနေ၏။ စင်ရဲ့ညာဖက်အစွန်ဆုံး အပေါ်နှစ်ထပ်မှာ။ ကျွန်တော့်မျက်လုံးအစုံက အဲဒီနေရာဆီသို့။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၁)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁၀)

(၁၀)

(ရန်ကုန်)

အဖြစ်အပျက်တွေအကုန်လုံးကို ပြောပြဖို့အချိန်တန်ပြီမို့ သူမကိုခရေစေ့တွင်းကျ ပြောပြတော့အံသြလို့နေသည်။ ဒီတစ်ခါတော့ ကျွန်တော်ရော သူမရော ယုံကြည်မှုရှိရှိနဲ့ဖြစ်နေပြီဆိုတာ သေချာလေသည်။

“အစ်မ ဘာလုပ်သင့်လဲမောင်လေးရယ်၊ အစ်မဘယ်လိုလုပ်ရမလဲဟင်” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၀)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၉)

(၉)

Oriental Pearl Tower မှာ Huangpu River နဲ့အနီးတစ်ဝိုက်အဆောက်အဦတွေထဲကတစ်ခုဖြစ်သည်။ ရှန်ဟိုင်းမြို့ရဲ့ TV တာဝါ တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်ကတည်ဆောက်ပြီးစီးခဲ့တာလို့ ဝီကီပီးဒီးယားမှာရေးထားသည်။ ကျွန်တော်ရောက်သွားတဲ့အချိန်က ညနေ စောင်းပြီမို့ LED မီးရောင်စုံတွေနဲ့အလှကြီးလှလို့နေသည်။ တာဝါအပေါ်မတက်ခင်မှာ ဓါတ်ပုံရိုက်နေကြသူတွေစည်ကားလို့။ တာဝါမှာ ၂၄၇ ထပ်တောင်ရှိတာဆိုပြီးကျွန်တော့်ကိုလိုက်ပို့တဲ့ တက္ကစီသမားကပြောသည်။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၉)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၈)

(၈)

“၀ိုး”

ကျွန်တော်တို့ရဲ့ကားလေးဟိုကွေ့ ဒီကွေ့လုပ်ပြီးတစ်နေရာမှာ တုန့်ခနဲရပ်လိုက်ပြီးနောက်မြင်လိုက်ရသည့် မြင်ကွင်းကတော့အင်မတန် လှပလို့နေလေသည်။ တရုတ်နိုင်ငံရဲ့အထင်ကရမြို့တစ်မြို့ဖြစ်သောရှန်ဟိုင်းကို လာတာဒီမြင်ကွင်းတစ်ခုတည်းနဲ့တင် တန်သွားပြီ။ တ ကယ်ကို တန်သွားလေပြီ။ အားလုံးကအံအားသင့်လျှက် အဲဒီမြင်ကွင်းကိုရင်သပ်ရှုမောကြည့်ရှုမိကြလေသည်။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၈)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၇)

(၇)

အဲဒီမတ်စ်ဆေချ့်က ကျွန်တော့်ကိုစိန်ခေါ်လိုက်တာပဲဖြစ်သည်။ သူမကိုကျွန်တော်လိုက်မဖမ်းနိုင်ဘူးများထင်နေတာလား ဒါမှမဟုတ် သူမဟာ ၂၀၀၃ ခုနှစ်ကနေကျွန်တော့်ကိုဖုန်းဆက်နေတာလို့ ပြောတာကိုကျွန်တော်ယုံကြည်နေတယ်လို့များ ထင်နေတာလား။ ဘယ်လို ပဲဖြစ်ဖြစ် သူမကိုအမိအရဖမ်းဖို့နေ့တော့ အချိန်တိုအတွင်းရောက်လာခဲ့ပြီမို့ သတိထားစောင့်ကြည့်ရတော့မည်။ ဟိုတယ်ကနေကား ထွက်ကတည်းက အရာရာကိုသူခိုးမျက်လုံးနဲ့သတိထားနေရသည်။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၇)”