စိတ်ထားကောင်းစေတဲ့နည်း

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက အဲဒီနည်းလေးကို စပြီးရင်းနှီးခဲ့တယ်။ မြောက်ဥက္ကလာ ဘုန်းကြီးလမ်းနားက WBMI ဘုန်းကြီးကျောင်းအင်္ဂလိပ်စာသင်တန်းမှာပါ။ အဲဒီသင်တန်းက ကျောင်းသားအချင်းချင်းတွေ့ရင် အိုက်စ် ဆိုပြီးနှုတ်ဆက်ကြပါတယ်။ အခုခေတ် စနောက်ပြီး အာမေဋိတ်ကြတဲ့ အိုက်စ် မဟုတ်ပါဘူး။ အိုက်စ်(ICE)ခေါ် အမေရိကန်လူ ဝင်မှုနှင့် အကောက်ခွန် ဌာနတပ် ဖွဲ့တွေလည်းမဟုတ်ပါဘူး။ ICE အိုက်စ်ကိုဆိုလိုတာပါ။ ICE မှာ I က Initiation ကိုဆိုလိုတာပါ။ လူတစ်ယောက်နဲ့တွေ့လို့ သူက ကိုယ့်ထက်နိမ့်ကျနေရင် သူ့ကို ဦးဆောင် လမ်းပြလုပ်ပြီးဆွဲခေါ် (Initation) ပေးရမယ်ဆိုတဲ့အသိရှိစေဖို့ပါ။ C က Cooperation (ပူးပေါင်း ဆောင်ရွက်ခြင်း) ကိုဆိုလိုပါတယ်။ ကိုယ်နဲ့တွေ့တဲ့သူဟာ ကိုယ်နဲ့ တန်းတူ အဆင့်အတန်း ဆိုရင် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ E ကတော့ အတုယူ၊ အားကျမုဒိတာပွားခြင်း Emulation ကိူဆိုလိုပါတယ်။ သူက ကိုယ့်ထက်သာနေရင် သူ့ကိုအားကျအတုယူဖို့ပါ။ အဲဒီတော့ ကိုယ်နဲ့တွေ့ တဲ့သူကို ICE နှလုံးလက်ကိုင်သုံးဖို့ဖြစ်ပါတယ်။ အင်မတန်ချစ်စရာကောင်းတဲ့စိတ်ဓါတ်လေး ဖြစ်ပါတယ်။

Continue reading “စိတ်ထားကောင်းစေတဲ့နည်း”

Report ဘယ်လိုရေးမလဲ

Report (အစီရင်ခံစာ) ဆိုတာ လုပ်ငန်းခွင်တိုင်းမှာကျင်လည်နေသူတော်တော်များများသိသင့်ပါတယ်။ ကိုယ့်အထက်လူကြီးကို စကားနဲ့တင်ပြတာထက် စာတစ်တန်ပေတစ်တန်လေးနဲ့ အီးမေးလ်ပို့တင်ပြ တဲ့ အလေ့အထဟာ နည်းပညာခေတ်ထဲမှာနေ့စဉ်လုပ်ဆောင်နေရတဲ့အလုပ်ဖြစ်ပါတယ်။ ဆိုတော့ အစီရင် ခံစာရေးတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့အကြောင်းအရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို အစဉ်လိုက်ချရေးထည့်သွင်းမယ်ဆိုရင် သင့်အစီရင်ခံစာဟာ အရမ်းမိုက်တဲ့ နာမည်ကောင်းရတဲ့ Report ဖြစ်သွားပြီလို့ ယူဆနိုင်ပါတယ်။

Continue reading “Report ဘယ်လိုရေးမလဲ”

သူ….စိတ်တိုင်းကျ ဓါတ်ပုံရိုက်ပေးနည်း

ခရီးသွားလို့ပဲဖြစ်ဖြစ် အခမ်းအနားမှာပဲဖြစ်ဖြစ် အမှတ်တရတစ်နေရာပဲဖြစ်ဖြစ် တစ်ဖက်လူစိတ်တိုင်း ကျ ဓါတ်ပုံရိုက်ပေးဖို့ဆိုတာ တော်ရုံစိတ်ရှည်ရုံနဲ့မရပါဘူး။ ကိုယ်ကပုံတွေအများကြီးရိုက်ပေးပေမယ့် သူက တစ်ပုံတစ်လေတောင်ကြိုက်ချင်မှကြိုက်မှာဆိုတော့ သူကြိုက်အောင်ဘယ်လိုရိုက်ပေးရမလဲဆို တဲ့မေးခွန်းရှိလာလို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်စေချင်တာပါ။

Continue reading “သူ….စိတ်တိုင်းကျ ဓါတ်ပုံရိုက်ပေးနည်း”

ရည်းစားအဖြစ်လက်မတွဲသင့်သော မိန်းကလေးများ

ရေးကြီးဂွင်ကျယ်ပြသနာမဟုတ်တဲ့အရာကိုပြသနာအဖြစ်သတ်မှတ် အရာရာချုပ်ချယ်တတ်တဲ့ မိန်း ကလေးတွေ ကျော်တို့ပတ်ဝန်းကျင်မှာအများကြီးရယ်။ လူတစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ အရာရာကိုနားလည်တတ်ဖို့ ညှိယူတတ်ဖို့လိုပါတယ်။ နေရာတကာ ကိုယ့်အပေါ်ဦးစားပေးခံချင်လို့မရ ဘူးလို့ထင်ပါတယ်။ ပတ်ဝန်းကျင်မှာတွေ့ရတဲ့ ဘဝမကျတဲ့မိန်းကလေးတွေရဲ့အပြုအမူလေးတွေဖြစ်ပါ တယ်။ ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူးနော်။ ယူတို့ယောင်္ကျားတွေကော ဘာကောင်းလို့လဲဆိုလာရင် လည်း မကောင်းပါဘူး တစ်စက်မှမကောင်းပါဘူးလေ။

Continue reading “ရည်းစားအဖြစ်လက်မတွဲသင့်သော မိန်းကလေးများ”

Content Writer တွေ Content အိုင်ဒီယာအသစ်ရှာဖွေနည်း

Content Writer အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတွေအနေနဲ့ Content idea စဉ်းစားလို့မရ တော့တာမျိုး နေ့စဉ်နဲ့အမျှကြုံရပါတယ်။ ကျွန်တော်လုပ်နေကျ အိုင်ဒီယာအသစ်ရှာတဲ့ နည်းတစ်ခုကို Share ချင်ပါတယ်။ Link in မှာလည်း အစ်မတစ်ယောက်က Share ပေးထားတာတွေ့ တော့ ကျွန်တော်သုံးနေကျနည်းလမ်းနဲ့တူနေလို့ သူငယ်ချင်းတွေကို Share ဖို့သတိရ သွားလို့ပါ။

Continue reading “Content Writer တွေ Content အိုင်ဒီယာအသစ်ရှာဖွေနည်း”