(၉)
အဲဒီညက ကျွန်တော်ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။ အခန်းရဲ့ အပြင်ဖက်ကမြင်ကွင်းတွေကို ငေး ကြည့်လိုက်၊ အိပ်ရာပေါ် လှဲချလိုက်နဲ့ စဉ်းစားခန်းဖွင့်နေ မိတော့သည်။ ချစ်သူအကြောင်းတော့ အဓိက ပေါ့လေ။ ဘာကိုဦးတည်ချက်ထားပြီး တွေး လို့တွေးနေမိမှန်းမသိတော့ပါ။ ကျွန်တော်တို့ နှစ်ယောက်ခွဲ ခွာခဲ့ပြီး နာရီဝက်လောက်တွေးနေမိစဉ်မှာပဲ မတ်ဆေ့ချ်တစ်စောင် ရောက်လာလေသည်။
“ I love you so much, sleep well ” တဲ့။ ဘုရား ဘုရား။ ကျွန်တော် စိတ်ထဲကြည်နူးမိတာကို ဘယ် အရာနဲ့ တိုင်းတာရပါ့မလဲ။
“Same to you honey ….Good night” လို့ပြန်ပြောလိုက်တော့ သူမကလည်း ဂွတ်နိုက်ထ်လို့ ပြန်ပြောသည်။ အဲဒီနောက် ကြည်နူးစွာ အိပ်စက်ဖို့ ပြင်သည်။
ချိုမြိန်သော အိပ်စက်ခြင်းပေါ့ ချစ်သူရယ်။ သူမနဲ့ ကျွန်တော်တို့ရဲ့ အရင်ကအကြောင်း တွေကို ပြန် လည်တွေးရင်း အဖြေရှာမရသော အကြောင်းအရာတွေနဲ့ ကျွန်တော် အိပ်ပျော်သွားခဲ့သလား မသိ တော့ပါ။ မနက်ပိုင်း မတ်ဆေ့ချ်သံေကြောင့် ကျွန်တော်နိုးလာသည်။ ချစ်သူဆီကပေါ့။
“Good Morning Dear! I love you” တဲ့လေ။ ပြီးတော့ ဆက်မေးသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၉)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၈)
(၈)
ညရှစ်နာရီခွဲပြီမို့ နောက်ကျပြီလို့ထင်ရပေမယ့် ဒီမှာတော့တစ်ညလုံးလည်း လျှောက်သွားနေကြတာပဲ။ မဆန်းပါဘူးလို့ညီမလးကလှမ်းပြောသည်။
“တက္ကစီက စျေးဆစ်စရာမလိုဘူးနော်၊ မီတာနဲ့ဖတ်တာ၊ သွားမယ့်လိပ်စာကိုသာပေးလိုက် လိုက်ပို့ပေး လိမ့်မယ်၊ တက္ကစီပေါ်ကဆင်းရင်လည်း ညာဖက်က ပဲဆင်း၊ ဘယ်ဖက်ကဆင်းတာကိုဒီမှာ သိပ် မကြိုက်ကြဘူး”
ညီမလေးကဆရာမကြီးလုပ်ပြီးတတွတ်တွတ်မှာသည်။
“သိပါတယ်ဟ၊ သူဖြင့်မလာဘဲနဲ့ငါ့ကိုလာခိုင်းပြီးတော့” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၈)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၇)
(၇)
အကြောင်းအမျိုးမျိုးကြောင့် မရောက်နိုင်ခဲ့တဲ့နိုင်ငံကို မျက်ဝါးထင်ထင်ရောက်လာခဲ့လေပြီ။ ကျွန်တော့် အတွက်ပထမဦးဆုံးသော တစ်ယောက်တည်းလာရသည့် ခရီးစဉ်လည်းဖြစ်လေသည်။ ခါတိုင်းဆို အဖော်တစ်ခြားစာနယ်ဇင်းတွေပါတတ်တာမို့ စိတ်မလှုပ်ရှားပေမယ့် တစ်ယောက်တည်း လာရတဲ့ အခါမှာတော့ အနည်းငယ်စိတ်လှုပ်ရှားမိလေ၏။ ကျွန်တော်အချစ်ဆုံးသူတစ်ယောက်၊ ကျွန်တော် ရက်ရက်စက်စက်ပြတ်စဲခဲ့သောချစ်သူတစ်ယောက်ကိုတွေ့ဆုံရမယ့်အတွက်လည်းစိတ်လှုပ်ရှားတာဖြစ်နိုင်ပါသည်။ ချစ်သူရေ…..ကိုယ်မင်းကိုတွေ့ချင်နေတုန်းပဲ။ ဒါပေမဲ့ မတွေ့သင့်တဲ့အခြေအနေမှာလည်း ဖြစ်နေပြန်တယ်။ ဘာလုပ်ရမလဲကွာ။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၇)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၆)
(၆)
အဲဒီအဖြစ်အပျက်တွေအပြီး နှစ်နှစ်လောက်အကြာမှာတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်း က တကျော့ပြန် ပြန်လည်ရှင်သန်လာခဲ့လေသည်။ မထင်မှတ်ထားတဲ့အဖြစ်အပျက်မို့ အံအားသင့်စရာ ကောင်းလှသည်။ ဒါပေမဲ့ အဲဒီအချိန်က နှစ်ယောက်စလုံးအရင်ကထက်တည်ငြိမ်ရင့်ကျက်ခဲ့ပြီ။ တည် ငြိမ်တယ်ဆိုပေမယ့် လူတိုင်းကအချစ်နဲ့ပတ်သက်လာရင် နုပျိုတတ်ကြတယ်ဆိုတဲ့စကားကလည်းရှိ သေးတယ်မဟုတ်လား။
တွေ့ဆုံပုံကတော့ ဆန်းကြယ်ခဲ့ပါသည်။ တကယ်ကိုဆန်းကြယ်ခဲ့ပါသည်။ ဒီလိုအခြေအနေနဲ့ နောက်ထပ်တစ်ဖန်ပြန်လည်တွေ့ဆုံရလိမ့်မယ်လို့ဘယ်တုန်းကမှထင်မထားခဲ့ပါ။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၆)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၅)
(၅)
သုံးနှစ်တောင်ကြာခဲ့ပေမယ့် မနေ့တစ်နေ့ကလိုပါပဲ။
“ဘယ်နေ့ပြန်မှာလဲ…. မြတ်နိုး”
မနက်ရုံးမသွားခင်နိုးနှင့်နေသော ချစ်သူကိုတွေ့တော့ဝတ်ကျေတန်းကျေမေးလိုက်မိပါသည်။
“နှစ်ရက်နေ့ပြန်မှာ”
အော်..သန်ဘက်ခါပေါ့လေ။
“ဒီကြားထဲအားရင်လာလည်လေ..ရုံးကို” လို့ဆိုပြီးကျွန်တော့်လိပ်စာကတ်ပေးလိုက်ပါသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၅)”