(၂၅)
“ညို ဘယ်မှာလဲ၊ ဘယ်ကိုထွက်သွားတာလဲဟင်”
ညို့အစ်မနဲ့ယောက်ဖလားတော့မသိဘူး။ ကျွန်တော့်ကိုကြောင်ကြည့်ပြီးပြိုင်တူဖြေကြတယ်။
“တောင်ပေါ်ကိုသွားပြီ”
“ဗျာ၊ ကြာပြီလား”
“ဒီမနက်လေးတင်ပဲ၊ အခုနကထွက်သွားတာ”
“ကျွန်တော့်ကိုလိုက်ပို့ပါဗျာ၊ ဘယ်နားလဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလိုက်ပို့ပါ” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂၅) ဇာတ်သိမ်း”
မပြိုဘဲနဲ့ ညို အပိုင်း (၂၄)
(၂၄)
တွေဝေမှုတွေနဲ့ ကျွန်မ မောင့်အနားကနေထွက်သွားခဲ့ပါတယ်။ မောင်စိတ်နာအောင်ဆိုပြီး မောင့်ပိုက် ဆံတွေကိုလည်းယူသွားခဲ့တယ်။ အဲဒီပိုက်ဆံတွေကို ကိုနေအောင်မင်းဆီကိုလွှဲထားပေးခဲ့တယ်။ ရန် ကုန်ရောက်ရင်သူပြန်လွှဲပေးလိမ့်မယ်မောင်။ မောင့် ကွန်ပျုတာကိုတော့မောင့်ဆီကိုပြန်ပေးဖြစ်ပါတယ်။ မောင် ကျွန်မအပေါ်ချစ်တဲ့အချစ်ကိုမြင်ပြီးအရမ်း ခံစားရတယ်မောင်။ ဘိုဘေးဈေးကိုမောင်လိုက်လာမယ်ဆိုတာ လုံးဝမတွေးခဲ့ဘူး။
“ညို့မိသားစုလိုအပ်နေတယ်ဆိုရင်ပေးလိုက်ပါညို၊ ကျွန်တော်လိုအပ်တာညိုပဲ၊ ညိုကျွန်တော်နဲ့လိုက် ခဲ့ပါနော်၊ ကျွန်တော်ဘဝမှာညိုရှိရင်နေရင်ကျန်တာတွေအားလုံးကိုဘယ်လောက်ပဲခက်ခဲပါစေရင်ဆိုင် မယ်၊ ဘာကိုမှဂရုမစိုက်ဘူး”
မောင့်ဆီကအကြင်နာတွေ၊ မေတ္တာတရားတွေကိုထင်ထားတာထက်ပိုရခဲ့တယ်။ မောင်နဲ့အတူတူနေဖို့ ထပ်ပြီး ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ အနှောက်အယှက်တွေကိုဘယ်လိုရှင်းရမလဲမတွေးတတ်ဘူး။ မောင် နဲ့ အတူနေချင်တာပဲသိတယ်။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂၄)”
မပြိုဘဲနဲ့ ညို အပိုင်း (၂၃)
(၂၃)
ညို့လက်ရေးဝိုင်းဝိုင်းလေးတွေက ညို့ရင်ဘတ်ထဲအထိထွင်းဖောက်မြင်နိုင်အောင်ကျွန်တော့်ကိုဆွဲ ခေါ်သွားခဲ့တယ်။ ညိုဖတ်ဖို့ကျွန်တော် စာတွေရေးသလိုပဲ ကျွန်တော်ဖတ်ဖို့ညိုကလည်းစာတွေရေးခဲ့တာပေါ့ ဟုတ်လားညို။ အဲဒီစာအုပ်လေးဆီက ပထမဆုံးစာမျက်နှာကိုလှန်လိုက်တယ်။
မောင်လို့တိတ်တခိုးခေါ်ပါရစေ မင်းပိုင်ဇေ။ ရှင့်ကိုကျွန်မသိပ်ချစ်တယ်မောင်။ အရာအားလုံးဟာ မောင့် ကိုချစ်မိခဲ့တာကနေစတင်တော့တာပါပဲ။ မောင့်ကိုမြင်မြင်ချင်းချစ်မိတာ။ အသည်းယားပြီးစခဲ့တာဟာ မောင်နဲ့ဇာတ်လမ်းဖြစ်ဖို့အစပျိုးခဲ့တာပါပဲ။ ပျော်ရွှင်စရာတော်တော်များ များပါဝင်ခဲ့တဲ့ ကျွန်မတို့ဇာတ်လမ်းဟာ ဇာတ်သိမ်းမလှဘူးလို့ဆိုရမယ်မောင်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မောင့်ကိုလုံးဝလက်မထပ်ပါဘူးလို့ကတိအထပ်ထပ်ပေးထားတဲ့အပြင် မောင့်ကိုလက်ထပ်မိရင် မောင့်အနားမှာနေမိခဲ့ရင် ကျွန်မပတ်ဝန်းကျင်၊ မောင့်ပတ်ဝန်းကျင် နှစ်ခုစလုံးအတွက် အရှက် ကွဲစရာ၊ အတိုက်အခံဖြစ်စရာဇာတ်လမ်းလေးတွေ ဆက်တိုက်ဖြစ်မှာသေချာနေလို့ပဲမောင်။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂၃)”
မပြိုဘဲနဲ့ ညို အပိုင်း (၂၂)
(၂၂)
“ဒါ ညိုပြာပြာတို့အိမ်…”
အိမ်တည်ဆောက်ပုံက အတွင်းဘက်ဆီကိုလှမ်းမြင်နေရတာကြောင့် ညို့ကိုကျွန်တော်မြင်လိုက်ရပြီ။ ဘုရားဘုရား။ ဒါအိမ်မက်မဟုတ်ပါစေနဲ့။ ညို့ကိုအရှင်လတ်လတ်ကြီးတွေ့နေရတာ ကျွန်တော်ဖြင့် ပျော်လိုက်တာဗျာ။
ညို ပိန်သွားတာလား။ မျက်နှာလေးတွေချောင်ကျနေသလိုပဲ။ ညိုလည်းအံသြသွားတာမှလား။ ကျွန် တော့်ကိုကြည့်ပြီးကြောင်နေလေရဲ့။ အခုလိုမျိုးရုတ်တရုက်ကြီးရောက်လာမယ်ဆိုတာနည်းနည်း လေးမှမတွေးခဲ့ဘူးလားညိုရယ်။ မင်းပိုင်ဇေ ဟာ ညို့ကိုအမြဲတမ်းလိုက်ရှာနေမယ့်သူတစ်ယောက်ဆိုတာညိုသိရက်သားနဲ့။
“မင်းပိုင်ဇေ”
တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးမျက်ရည်ဝဲမိကြတယ်နော်ညို။ နှစ်ယောက်စလုံးချစ်ရက်သားနဲ့ ဘာကြောင့်ဝေးကွာကြရမှာလဲ။ အခု ညိုရှိတဲ့နေရာဆီကိုကျွန်တော်ရောက်လာပြီ။ မခွဲတော့ဘူးညို။ အဲ ဒီလူတွေရှိတဲ့ ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်တဲ့ပတ်ဝန်းကျင်ဆီကိုပြန်မသွားတော့ဘူး။ ညိုနဲ့ပဲအတူနေ တော့မယ်။
“ကျွန်တော့်ကို အိမ်ထဲမခေါ်တော့ဘူးလားညို” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂၂)”
မပြိုဘဲနဲ့ ညို အပိုင်း (၂၁)
(၂၁)
ရွှေဂွန်းတဲ့။ အဲဒီရွာလေးဆီကိုအခုလို မျှော်တလင့်လင့်နဲ့သွားရလိမ့်မယ်လို့ဘယ်တုန်းကမှမထင်ထား ခဲ့ဘူးညို။ ကျွန်တော် တောတောင်တွေကိုချစ်တယ်၊ လမ်းတစ်လျှောက်မြင်ရတဲ့ရှုခင်းတွေကိုမြတ်နိုး တယ်။ ရှုရှိုက်မိတဲ့လေပြေလေညှင်းတွေကိုခင်တွယ်နေမိတယ်။
အရင်တစ်ခါ ကျုံထော်ရေတံခွန်ဆီကိုလာတုန်းကတော့ သဘာဝကိုအပြည့်အဝခံစားလို့မရခဲ့ဘူး။ ဘေး မှာလည်း အုတ်အော်သောင်းနင်းအော်တဲ့ကောင်တွေအော်၊ ရှုခင်းကောင်းရင်ကားရပ်ပြီးရိုက်ကွင်းကိစ္စ လုပ်ကြရတဲ့ အာရုံကစူးစိုက်လို့မရခဲ့ပါဘူး။ ခံစားတာတော့ ခံစားခဲ့တယ်။ သဘာဝအလှတွေတစ်မျှော် တစ်ခေါ်ကြည့်ပြီးခံစားတတ်ခဲ့သေးတယ်။
အခုတစ်ခါတော့ ပိုတယ်ညို။ ဘားအံကနေရွှေဂွန်းကိုသွားတဲ့လမ်းတစ်လျှောက်လုံးဘေးပတ်ဝန်းကျင် ကိုငေးရင်း အတွေးတွေနဲ့မျောရင်းပေါ့။ အရင်တုန်းကသွားတဲ့နေရာတွေက လည်လို့ပတ်လို့ဘုရားဖူး လို့ရတဲ့နေရာတွေ။ ကျုံထော်ဆီကိုဦးတည်ပြီး လမ်းမှာမြိုင်ကြီးငူမှာညအိပ်၊ ရိုက်ကွင်းကိစ္စလုပ်။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂၁)”