ဘော်ဒါတွေ အမျိုးတွေစုံတုန်းသွားလို့ကောင်းတဲ့နေရာလေးတစ်ခုကိုပြောပါဆိုရင် ဖိုးကျားဆင်စခန်းကို လည်းညွှန်းလို့ရပါတယ်။ ရန်ကုန်နဲ့သိပ်အဝေးကြီးမဟုတ်ဘူး၊ လမ်းမှာ အခြားနေရာတွေလည်းလည်လို့ ပတ်လို့ရတယ်၊ သီးသန့်သွားချင်ရင်လည်းရပါတယ်။ ဆိုတော့ကာ ဖိုးကျားဆင်စခန်းသွားခဲ့တယ်ပေါ့ ဗျာ။
Continue reading “ကျော်တို့ ဖိုးကျားဆင်ခန်းကို သွားခဲ့တယ်”ရှမ်းပြည်တောင်ပိုင်း နမ့်စန်ကိုသွားလည်ကြမယ်
တောင်ပိုင်းနမ့်စန်ဆိုတာ ကျော် တို့လိုရန်ကုန်အခြေစိုက်ခရီးသွားချင်သူတွေအတွက် မထင်မရှားနေ ရာလေးပါ။ ဒါပေမဲ့ အဲဒီမထင်မရှားနေရာလေးကပဲ အံအားသင့်လောက်အောင်ဆွဲဆောင်မှုကောင်းစေ ခဲ့ပါတယ်။
Continue reading “ရှမ်းပြည်တောင်ပိုင်း နမ့်စန်ကိုသွားလည်ကြမယ်”၀ိတိုရိယတောင်ကိုရောက်ရင် ဘာတွေလုပ်သင့်သလဲ
နတ်မတောင် (ခ) ၀ိတိုရိယတောင် (ခ) ခေါ်နူးစုမ် စတဲ့သုံးမည်ရအထင်ကရတောင်အကြောင်း ကတော့ အားလုံးသိတဲ့အတိုင်းပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ မရောက်ဖြစ်သေးရင်တောင် အွန် လိုင်းမှာရေးတဲ့ပို့စ်တော်တော်များများကိုဖတ်ဖူးကြပြီးပြီပေါ့။ အဲဒီတော့ကျော်ထပ်မပြောချင်တော့ပါဘူး။ ဒါပေမဲ့နတ်မတောင်ရောက်ရင်ဘာ တွေလုပ်သင့်သလဲဆိုတာကို ကျော့်သူငယ်ချင်းတွေအတွေ့အကြုံနဲ့ ကျော့် အတွေ့အကြုံတွေရောပြီးပြောပြချင်တာ မျှဝေပေးချင်တာပါ။
Continue reading “၀ိတိုရိယတောင်ကိုရောက်ရင် ဘာတွေလုပ်သင့်သလဲ”Mountain View မှာနားမယ်ဆိုရင်
သုဝဏ္ဍဘူမိစခန်းသာဟိုတယ် (Thuwunna Bomi Mountain View Hotel) ကိုတော်တော်များများ သွားလည်ကြတဲ့အချက်တွေထဲမှာ ရေကူးကန်အဓိကကျတဲ့အရာတစ်ခုလို့မြင်ပါတယ်။
ဟုတ်ပါတယ်။ အဲဒီရေကူးကန်မြင်ကွင်းကိုအရမ်းသဘောကျလို့ပဲ Thuwunna Bomi Mountain View Hotel ကိုရောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ရောက်တဲ့အချိန်မှာ အဲဒီထက်ပိုတဲ့အားသာချက်တစ် ချို့ကိုတွေ့ရပြီး အားနည်းချက်တစ်ချို့ကိုလည်းတွေ့ရပါတယ်။ သွားလည်ကြမယ့်သူတွေအတွက်မျှဝေ ပေးပါရစေ။
မိုးယွင်းကြီးအင်း မှာ ငှက်တွေသွားကြည့်ရအောင်လား
ရန်ကုန်နဲ့နီးတဲ့တစ်နေရာမှာ ဆောင်းခိုငှက်တွေကြည့်လို့ရတဲ့နေရာရှိတယ်။ အခုချိန်တောင်နောက် ကျတယ်လို့ဆိုလို့ရပါပြီ။ မိုးယွင်းကြီးအင်းဟာ ဆောင်းခိုငှက်တွေသိပ်ပေါတဲ့နေရာပေါ့။ ကျော့်အထင် ဒီဇင်ဘာလထဲ မှာသွားလို့အကောင်းဆုံးပဲဗျ။ ငှက်မျိုးစိတ်တွေတစ်မျိုးပြီးတစ်မျိုးရောက်လာတဲ့အချိန် ပေါ့။ တကယ်လို့ငှက်ကြည့်တာဝါသနာမပါဘူး၊ အပျော်သွားချင်တယ်ဆိုရင်လည်း သွားလို့ကောင်းတဲ့ နေရာပါ။ ငှက်ပဲကြည့်ချင်တယ်ဆိုရင်တော့ ငှက်အကြောင်းသိတဲ့ ငှက်သွားကြည့်တတ်တဲ့ဆရာတွေနဲ့ လိုက်သွားသင့်ပါတယ်။ အဲဒါမှ ငှက်တွေရဲ့အကြောင်းကို ကိုယ်သိတာထက်ပိုသိနိုင်မယ်လေနော့။
Continue reading “မိုးယွင်းကြီးအင်း မှာ ငှက်တွေသွားကြည့်ရအောင်လား”