ဒီတစ်ခေါက် နေပြည်တော်ကိုအလုပ်ကိစ္စနဲ့ရောက်တော့ လှေခွင်းတောင်ကိုသွားလည်ဖြစ်ခဲ့ပါတယ်။ ပျဉ်းမနားကနေ မိနစ် (၂၀)၊ နာရီဝက်လောက်သွားရင် လှေခွင်းတောင်ကိုရောက်ပါတယ်။ အေးအေး လူလူ ဘုရားလည်းဖူး ရေလည်းကူး အပန်းလည်းဖြေမယ်ဆိုရင်တော့ သွားသင့်တဲ့နေရာလေးပါ။
Continue reading “နေပြည်တော်နားက လှေခွင်းတောင်သို့”ကမ်းခြေ ဂေါ်ရင်ဂျီ
အခုချိန်မှာ ကမ်းခြေခရီးတစ်ခုခုသွားသင့်တယ်လို့မထင်ဘူးလား။ ကျော်ကတော့ Beach Mood လိုချင်ပေမယ့် လတ်တလောမဖြစ်နိုင်သေးတာကြောင့် အရင်သွားခဲ့တဲ့ ဂေါ်ရင်ဂျီကိုတမ်းတမှန်းဆ ပါ ရစေ။ ကမ်းခြေသွားမယ်ဆိုရင် ဂေါ်ရင်ဂျီကိုတစ်ခါလောက်ရွေးလိုက်ပါ။ မှင်သက်သွားစေရမယ် အာ မခံတယ်ဗျို့။
Continue reading “ကမ်းခြေ ဂေါ်ရင်ဂျီ”ရန်ကုန်နဲ့ အနီးဆုံးအပန်းဖြေမယ့်နေရာ
ဟိုင်းဝေးလမ်းမပေါ်ကိုမသွားချင်တဲ့သူတွေအတွက် ရန်ကုန်နဲ့အနီးဆုံးအပန်းဖြေမယ့်တစ်နေရာ ကို ကျော် တို့သွားဖြစ်ခဲ့တယ်။ အဝေးကြီးမဟုတ်ပါဘူး။ သန်လျင်တံတားအဆင်းက Excel River View ဆိုတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ရေကူးတာအရမ်းကြိုက် ဟိုဟိုဒီဒီလည်းလျှောက်သွားချင်တဲ့ ကျော်တို့ တွေအတွက်ကတော့ အံကိုက်ပါပဲ။ ဒါပေမဲ့ ပြောစရာလေးတွေရှိပါတယ်။
Continue reading “ရန်ကုန်နဲ့ အနီးဆုံးအပန်းဖြေမယ့်နေရာ”သူငယ်ချင်းအုပ်စုလိုက် ခွီလို့ကောင်းမယ့် …. ဒရယ်ကျွန်းကမ်းခြေ
မြန်မာနိုင်ငံမှာ ကျော်တို့မသိတဲ့ကမ်းခြေတွေ အများကြီးရှိပါသေးလားဆိုတာ ခရီးတွေသွားရင်း တစ်ဖြည်းဖြည်း သိလာခဲ့ပြီးတဲ့နောက် ဒရယ်ကျွန်းကမ်းခြေဆိုတာကိုလည်း မထင်မှတ်ဘဲရောက် ဖြစ်ခဲ့ပါတယ်။ နာမည်ချစ်စရာကောင်းသလောက် ကမ်းခြေလည်းသိပ်ချစ်စရာကောင်းပါတယ်။ အဓိက တော့ လူရှင်းတယ်၊ သဘာဝအငွေ့အသက်တွေမပျောက်သေးလို့ ပကတိခံစားမှုကိုရတယ်၊ ငါးဒိုင် ပုစွန် ဒိုင်တွေနဲ့နီးတော့ ပင်လယ်စာကိုကောင်းကောင်းစားရတယ် အဲဒီလို အားသာချက်တွေ ဒရယ်ကျွန်း ကမ်း ခြေမှာရှိပါတယ်။
Continue reading “သူငယ်ချင်းအုပ်စုလိုက် ခွီလို့ကောင်းမယ့် …. ဒရယ်ကျွန်းကမ်းခြေ”ရင်ခုန်စရာတွေနဲ့ ဘုံတလာရေတံခွန်
ချင်းပြည်နယ်ရဲ့အထင်ကရထဲမှာ ဘုံတလာရေတံခွန်ပါဝင်ပါတယ်။ ဘာလို့အထင်ကရဖြစ်တာလဲဆို တာတော့ မြင်တဲ့သူတိုင်အံအားသင့်စေလောက်အောင်လှလွန်းလို့ဖြစ်ပါတယ်။ ဘုံခုနစ်ဆင့်အမြင့်ဆို တဲ့စာသားက ဘုံတလာရေတံခွန်ရောက်မှ ကွက်ကွက်ကွင်းကွင်းသိနိုင်မယ်ဗျ။ ဘာလို့လဲဆိုရင်တော့ ဘုံတလာရေတံခွန်က ၇ ဆင့်ရှိနေလို့ပါ။ ကျော့်ကင်မရာနဲ့တော့ ၇ ဆင့်လုံးရိုက်လို့မပေါ်ဘူး။ ဒရုန်းနဲ့မှ ရမယ်ထင်တယ်။ မြင်ရတဲ့အဆင့်တိုင်းအဆင့်တိုင်းက လှတယ်ဆိုတာထက်ပိုပါတယ်။
Continue reading “ရင်ခုန်စရာတွေနဲ့ ဘုံတလာရေတံခွန်”