ဆောင်နိုင်ကြီးရေတံခွန်ကိုသွားမယ် ဆိုရင်

ကျိုက်ထီးရိုးရာသီရောက်ပါပြီ။ ဘုရားဖူးပြီးတာနဲ့ရေတံခွန်ကိုအပျော်ခရီးသွားကြဖို့စိတ်ကူးရှိမယ်ဆိုရင် ဆောင်နိုင်ကြီးရေတံခွန်ကို သွားဖို့ ဆောင်ရန်ရှောင်ရန်မျှဝေပေးပါရစေ။ Continue reading “ဆောင်နိုင်ကြီးရေတံခွန်ကိုသွားမယ် ဆိုရင်”

သမိုင်းအမွေအနှစ်တွေနဲ့ မိုးနဲမြို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်-မိုင်းပန်သွားလမ်း ၄၆ မိုင်မှာ မိုးနဲမြို့တည်ရှိ ပါတယ်။ လွိုင်လင်၊ မိုင်းပန်၊ မန္တလေး၊ ကျိုင်းတောင်း၊ လင်းခေး စတဲ့မြို့တွေနဲ့လမ်းပန်းဆက် သွယ်ရေးရှိတဲ့မြို့လည်းဖြစ်ပါတယ်။
ပင်လယ်မျက်နှာပြင်အထက် ၃,၁၇၉ ပေမြင့်တဲ့နေရာမှာရှိပါတယ်။ မိုးနဲဆိုတာ ရှမ်းဘာသာနဲ့ မိုင်းခင်းဖြစ်ပြီး အဖွားမြို့လို့ဆိုပါတယ်။ Continue reading “သမိုင်းအမွေအနှစ်တွေနဲ့ မိုးနဲမြို့”

လည်စရာအချို့နဲ့ ရွှေတောင်မြို့

မြို့လေးက ကျဉ်းကျဉ်းလေး။ နာမည်က ရွှေတောင်။ ကျွန်တော်ရောက်ခဲ့တာက ခဏလေး။ ဒါပေမဲ့ လည်စရာတွေအများကြီး၊ ခမ်းနားကြီးကျယ်လွန်းတဲ့သမိုင်းကြောင်းတွေအများကြီး။ ရာဇဝင်တွေ ထည်ဝါမှုတွေအများကြီး။ Continue reading “လည်စရာအချို့နဲ့ ရွှေတောင်မြို့”

ပြည်မြို့တစ်ခွင် စားကောင်းသောက်ဖွယ်နဲ့ စိတ်ဝင်စားစရာအလည်အပတ်ခရီးများ

ရန်ကုန်နဲ့ ၅ နာရီခွဲသာသာလောက်မောင်းရတဲ့ပြည်မြို့မှာ စိတ်ဝင်စားစရာလည်ပတ်မယ့်နေရာတွေ အရသာအရမ်းရှိတဲ့အစားအသောက်တွေပါပါတယ်။ ဘုရားထီးတော်နှစ်ထပ်ရှိတဲ့တန်ခိုးကြီးရွှေဆံ တော်ဘုရား၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ အစီချီတဲ့နေရာတွေကနေ တောလက်ဖက်၊ ကြက်သောက်ဆမ်း အဆုံးအစားအသောက်၊ အလည်အ ပတ်စုံတဲ့အကြောင်းကြောင့် ပြည်ကိုနှစ်တိုင်းလိုလိုရောက်ဖြစ်ပါတယ်။ အဲဒီနောက်တော့ စိတ်ဝင်စားစ ရာနေရာ၊ စားစရာတွေကိုိမြည်းစမ်းဖြစ်ပါတယ်။ Continue reading “ပြည်မြို့တစ်ခွင် စားကောင်းသောက်ဖွယ်နဲ့ စိတ်ဝင်စားစရာအလည်အပတ်ခရီးများ”

စစ်ကိုင်းတစ်ခွင်မှ စားစရာများ

စစ်ကိုင်းရောက်လို့ ဒါတွေမှမစားရရင် ရောက်ရကျိုးဘယ်နပ်မလဲနော်။ တကယ်ဆိုရင် စစ်ကိုင်းတိုင်း ဒေသကြီးမှာ လည်စရာ သွားစရာ လာစရာတွေ အကြောင်းပြောရရင်ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ ခရီးသွားဘလော့ ဂါတွေလည်း ပုံစံအမျိုးမျိုးနဲ့ရေးခဲ့ကြတာကို ဖတ်ဖူးပြီးပါပြီ။ အချိန်ကလည်းမရ လျှောက်လည်ဖို့လည်း ပင်ပန်းတာကြောင့် စားစရာတွေချည်းရှာဖွေစားသောက်ခဲ့ပါတယ်။ Continue reading “စစ်ကိုင်းတစ်ခွင်မှ စားစရာများ”