ဘယ်လိုပဲဖြစ်ဖြစ် ကွာလာလမ်ပူဟာလည်လို့ကောင်းတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ဖိနပ်တွေပေါတယ်၊ ပါတိတ်တွေပေါတယ်၊ မြန်မာတွေစုဝေးတဲ့နေရာရှိတယ်၊ ပျော်စရာကစားကွင်းကြီးမှာအော်ဟစ် စိတ်အပန်းဖြေနို်င်ပါတယ်။
Continue reading “ကွာလာလမ်ပူ မှာ လည်တဲ့အခါ”ကျုံထော်မှာ ပျော်စရာကြီးဗျာ
ရေတံခွန်ခရီးလေးမသွားချင်ဘူးလား။ ကျုံထော်ကိုညွှန်းချင်တာဗျ။ ကျော်တို့လို ရန်ကုန်မှာနေတဲ့သူ တွေအတွက်တော့ သွားလို့အဆင်ပြေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရေတံခွန်ခရီးစဉ်ဆိုပြီးသပ် သပ်သွားစေချင်ပါတယ်။ ခရီးသွားလုပ်ငန်းတွေကတော့ ဘားအံကိုဘုရားဖူးပြီး ကျုံထော်နဲ့တစ်ပါ တည်း သွားကြတယ်။ ဒါပေမဲ့ ကျော်ကတော့ ဟိုဝင်ဒီထွက်မလုပ်စေချင်ဘူး။ အပန်းဖြေသပ်သပ်ပဲ သွားစေချင်တာပါ။
Continue reading “ကျုံထော်မှာ ပျော်စရာကြီးဗျာ”ကျိုက်ထီးရိုးကို ကေဘယ်လ်ကားနှင့် တက် သောအခါ
ဒီနှစ်ကျိုက်ထီးရိုးရာသီမှာ တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့တက်တာ ရေပန်းစားလိမ့်မယ် လို့ ကျွန်တော်ထင်တာပေါ့။ တစ်ခါလောက်တော့ စမ်းကြည့်စေချင်တယ်။ ကျိုက်ထီးရိုးကေလ်ဘယ်ကားက ကျွန်တော်ထင်သလိုမျိုးတောင်အောက်ကနေတောင်ပေါ်အထိရောက်တာမဟုတ်ပါဘူး။ ရသေ့တောင် စခန်း (အရင်ကားတစ်ထောက်နားရာနေရာ) ကလည်းမဟုတ်ပါဘူး။ အခြားသပ်သပ်တစ်နေရာကနေ စီးရပါတယ်။ တောင်ပေါ်တက်တဲ့ကားနဲ့အရင်တက်ပြီး ကေဘယ်လ်ဂိတ်မှာရပ်ပေးတဲ့အခါ ဆင်းစီးရ တာဖြစ်ပါတယ်။
Continue reading “ကျိုက်ထီးရိုးကို ကေဘယ်လ်ကားနှင့် တက် သောအခါ”ဂဝံယဉ်ကျေးမှုလက်ရာများထွန်းကားရာ ကျိုက်ထီးဆောင်းစေတီ
ကျိုက်ထီးဆောင်းကို ပထမတစ်ကြိမ်ရောက်တုန်းကတော့ ပုံမှန်စေတီတစ်ဆူကို သွားရောက်ဖူးမျှော်ရုံ အဆင့်ပါပဲ။ ကျိုက်ဆိုတဲ့နာမည်ပါတဲ့ဘုရားတွေက မွန်ဘုရားတွေဆိုတဲ့အသိကလွဲရင် ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ဒုတိယအကြိမ်မြောက် ကျိုက်ထီးဆောင်းကိုရောက်တဲ့အချိန်မှာတော့ အဲဒီထက်ပိုခဲ့ ပါပြီ။ ကျိုက်ထီးဆောင်းဆိုတာ မွန်တို့ရဲ့ယဉ်ကျေးမှုတည်ရှိရာ၊ အနုပညာလက်ရာတွေရှိတဲ့နေရာ တစ်ခု ဆိုတာ သိလာခဲ့ပါတယ်။
Continue reading “ဂဝံယဉ်ကျေးမှုလက်ရာများထွန်းကားရာ ကျိုက်ထီးဆောင်းစေတီ”ရှမ်းမြောက်မှာ ဆေးမြစ်ပေါင်းနဲ့ရေချိုးတဲ့မြို့ရှိတယ်
ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့လို့ဆိုလိုက်တာနဲ့ ဆေးပေါင်းချိုးတဲ့အလေ့အထကိုမြင်မိကြမယ် ထင်ပါတယ်။ အခုချိန်အထိကျော် သွားလာလှည့်ပတ်ဖူးသမျှနေရာတွေ ထဲမှာ ကျောက်မဲမြို့ မှာ ဆေး ပေါင်းချိုးခဲ့တာအမှတ်တရတစ်ခုဖြစ်လို့့နေပါတယ်။
Continue reading “ရှမ်းမြောက်မှာ ဆေးမြစ်ပေါင်းနဲ့ရေချိုးတဲ့မြို့ရှိတယ်”