သံစဉ်လေးတွေလွဲ….တိမ်ပြိုခဲ့ရတယ်

“သံသယဆိုတာရှိတတ်ကြပါတယ်။ ကိုယ်ထင်တဲ့ သံသယကိုမှန်၊ မမှန် အသေအချာဆန်းစစ်ဖို့ တော့ လိုအပ်တာပေါ့၊ ဒါမှ လွဲချော်မှုဆိုတာဖြစ်မလာနိုင်ဘူးလေ”

>>>>>

(၁)

အလုပ်သင်ဆရာဝန်အဖြစ် အင်းစိန်ဆေးရုံတွင် House Surgeon ဆင်းပြီးဆယ်ရက်တိတိပြည့်သောနေ့။ မနက်စာလား၊ နေ့လည်စာလားပြောမပြတတ်သော meal တစ်ခုအပြီးအချိန်ပိုဆယ့်ငါးမိနစ်အတွင်း၌ သူရောက်လာခဲ့ပါသည်။

“မနေ့ကဘယ်သွားတာလဲ” Continue reading “သံစဉ်လေးတွေလွဲ….တိမ်ပြိုခဲ့ရတယ်”

စောင်းကြိုးညှင်းလေးပြတ်ခဲ့ရင်

“အဖွင့်”

ဘောလုံးကစားနည်းကို အင်္ဂလန်နိုင်ငံမှာ ၁၉ရာစုကစတင်ခဲ့တာတဲ့။ နေမဝင်အင်ပါယာတည်ထောင်ပြီး နောက်ပိုင်းမှာ အင်္ဂလိပ်လူမျိုးတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးအနှံ ဘောလုံးအားကစားနည်းကို သယ်ဆောင် လာခဲ့ကြပါသတဲ့။ ဘောလုံးအားကစားဆိုတာတရုတ်၊ ဂရိ၊ မာယာနဲ့ အီဂျစ်လူမျိုးတွေရဲ ရိုးရာအားက စားလို့ လည်းသတ်မှတ်ကြသည်ဟုတော့ကြားဖူးပါသည်။ မြန်မာနိုင်ငံကိုတော့ ဘယ်ကာလကရောက် လာပြီး ဘယ်သူတွေစတင်ကစားခဲ့ကြတာလဲဆိုတာတော့ ကျွန်တော်မသိပါ။ သေချာတာကတော့ ယောက်င်္ကျားလေးတော်တော်များများ တခုတ်တရကစားနေကြတဲ့ အဲဒီအားကစားနည်းကို ကျွန်တော် မနှစ်သက်ခဲ့တာပဲဖြစ်သည်။ ဘာကြောင့်လဲ ကျွန်တော်မဆန်းစစ်တတ်။ ဘာကြောင့်မကြိုက် တာလဲ…ကျွန်တော့ကိုမေးလာရင်…အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ဖြေဆိုဖို့ အဖြေ ကျွန်တော့မှာမရှိ။ Continue reading “စောင်းကြိုးညှင်းလေးပြတ်ခဲ့ရင်”

သူ့အတွက် အရာရာကို

(၁)

သမ္မာကျမ်းစာ ရွတ်ဖတ်သံ တိုးတိုးလျလျ ကြားရတဲ့ ပတ်ဝန်းကျင်ကို သူစတင် သတိထားလိုက်မိခြင်း နှင့်အတူ ညင်သာစွာ မှေးစက်နေရာမှ သူ့မျက်လုံးများ ပွင့်လာသည်။

အို … ဘုရားသခင် ။

ရောင်စုံမီးသီးတွေနဲ့ အလှဆင်ထားတဲ့ ဘွန်ဇိုင်းပင်တွေ ။

သူ့ခုတင်ဘေးနားမှာ လက်ဆောင် ပန်းစည်းတွေ၊ ပါကင်ထုပ်တွေ အများကြီးပါလား ။ Continue reading “သူ့အတွက် အရာရာကို”

သူ မဖတ်ဖြစ်တော့တဲ့ ဒုတိယမြောက်ဒိုင်ယာရီ (ဝထ္ထုလတ်)

(၁)

အဲဒီနေ့ကအိမ့်တို့ရဲ့hardware သင်တန်းမှာ ကျောင်းသားသစ်ရောက်တယ်။ နာမည်ကဟန်လင်းဇော်တဲ့။ သင်တန်းကာလ သက်တမ်းမှာတစ်တန်းလုံးရဲ့ အတော်ဆုံးကျောင်းသူအဖြစ်အသိအမှတ်ပြုခံရတဲ့ အိမ့်ရဲ့ နေရာကိုလုယူမယ့် ကျောင်းသားမှန်းကြိုသိခဲ့ရင်သူ့ကိုအိမ့်ဘေးနားမှာ ပေးမထိုင်ပါဘူး။

“ကျွန်တော်ဟန်လင်းဇော်ပါ”လို့ သူကမိတ်ဆက်တော့အိမ့်ကလှိုက်လှိုက်လှဲလှဲပြုံးပြခဲ့တယ်။ အဲဒီနေ့ မှာပဲဆရာကကွန်ပျူတာsystemအတွက်အဓိကကျတဲ့ biossetup အကြောင်းကိုသင်တယ်။ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာကိုပြောပြီး ကွန်ပျူတာ အဟောင်းငါးလုံးမှာ အလှည့်ကျလက်တွေ့လုပ်ကြတယ်။ Continue reading “သူ မဖတ်ဖြစ်တော့တဲ့ ဒုတိယမြောက်ဒိုင်ယာရီ (ဝထ္ထုလတ်)”

တစ်သက်တာ

(၁)

ကွမ်လာလမ်ပူ၊ ဧပြီ ၂

စိတ်ပြေ လက်ပျောက် အပန်းဖြေခရီးအဖြစ် ဒီနေရာကိုလာခဲ့ပေမယ့် ဒါဟာ ကံဆိုးခြင်းပေါင်းများစွာကို သယ်ဆောင်ပြီး အိမ်ပြန်စေခဲ့တဲ့ ခရီးဆိုတာ ပြန်ခါနီးသုံးရက်အလိုမှာ ကျွန်တော်သိခဲ့ရပါသည်။

တကယ်ပဲ ကမ္ဘာကြီးက ကျဉ်းလှပါသည်။ ကမ္ဘာပေါ်မှာ အတွေ့ချင်းဆုံ လူတစ်ယောက် ကို . . . စိတ်ထဲမှာ အမြဲတစေရှိနေတဲ့ လူတစ်ယောက်ကို လုံးဝမထင်မှတ်စွာ တွေ့ဆုံခြင်းမှ စတင်ခဲ့လေသည်။ Continue reading “တစ်သက်တာ”