မျှော်လင့်ခြင်း . . . ချစ်ခြင်းများနှင့် . . . (ဝတ္ထုလတ်)

(၁)

ခိုက်ခိုက်တုန်အောင်အေးလှသည့် ဒီဇင်ဘာဆောင်းမနက်ခင်းတစ်ခု၌ သားလေးအသက်တစ်နှစ်ပြည့် ပါသည်။

ပါးမို့မို့ဖောင်းဖောင်းလေးနှင့် သားလေးမျက်နှာကြည်လင်ရွှင်ပျနေမှုကို ကျွန်တော်ရော ချစ်ဇနီးစိမ်းရော ရူမဝ၊ ချစ်မဝပေ။

သားလေးရဲ့ မွေးနေ့ကို ခမ်းခမ်းနားနား မလုပ်ဖြစ်ပေမယ့် နေထိုင်ရာ သိမ်ကုန်းနားတစ်ဝိုက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းချိုင့်တွေပို့၊ တောင်ပေါ်တစ်လျှောက်နီးစပ်ရာ ဘုရားစေတီပုထိုးတွေမှာ ဆီးမီးတွေလိုက်ထွန်းဖြစ်သည်။ Continue reading “မျှော်လင့်ခြင်း . . . ချစ်ခြင်းများနှင့် . . . (ဝတ္ထုလတ်)”

အသက်တမျှမြူ

အစ (၁)

“ လူနာအတွက် အရေးပေါ်သွေးအလှူရှင် လိုအပ်နေတယ် ” တောင်ငူဆေးရုံရှိ တိတ်ဆိတ်သွားခဲ့ပြီး သွက်လက်စွာ အရင်ဦးဆုံးမတ်တတ်ရပ်လိုက်သူမှာ ကျွန်တော်ပဲဖြစ်သည်။ ကျွန်တော်နဲ့ “ မြူ ” က သွေးအုပ်စုချင်းအတူတူလေ။ ကျွန်တော့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ သွေးတွေက “မြူ” ခန္ဒာကိုယ်ထဲ စီးဆင်း စေမှာ ဘယ်လောက်ကျေနပ်စရာ ကောင်းလိုက်ပါသလဲ။ ကျွန်တော်နဲ့ အတူတူ ထိုင်နေတဲ့ “မြူ” ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ ငနဲသားနှစ်ယောက် တုတ်တုတ်မျှ မလုပ်ဘဲထိုင်နေတာ ကို ရယ်ချင်သွားမိသည်။

“ ရှင်က…” Continue reading “အသက်တမျှမြူ”

ချော့ကလက်

“အမေ … သားလည်း ချော့ကလက်စားချင်တယ်”

လျှော်လက်စ၊ အင်္ကျီကို ခဏပုံ၊ နဖူးမှ ချွေးကို လက်နဲ့သပ်ရင်း သားဖြစ်သူကို ကြည့်လိုက်သည်။ ညစ်တေးလှပြီဖြစ်သော  အင်္ကျီနှင့် ဘောင်းဘီတို၊ မျက်နှာမှာလည်း ပေကျံလို့ နှပ်ချေးတွဲလောင်းကို ရှုံ့ ချည်နှပ်ချည်လုပ်လိုက်သေးသည်။

“အဲဒါ … စျေးကြီးတယ် သားရဲ့” Continue reading “ချော့ကလက်”

မိုးတွေရွာရင်

(၁)

ကောင်းကင်တစ်ခွင်လုံး မည်းညှို့ညှို့အရောင်သမ်းလာပြီဆိုလျှင် ကျွန်တော်တို့စိတ်ညစ်ရပြီဖြစ်သည်။ မိုးတွေရွာတော့မည်။ ကောင်းကင်မည်းမည်းကြီးက တစ်ဝေါဝေါအသံတွေခေါ်လာပြီး မိုးစက်မိုးပေါက် တွေနှင့်ကမ္ဘာမြေပြင်ပေါ်ကြဲချတော့မည်။ကျွန်တော်နှင့် သက်ထွေး တစ်ယောက်ကိုတစ်ယောက်ကြည့် ပြီး ငိုမဲ့မဲ့ဖြစ်ကြတော့မည်လေ။ မိုးရွာပြီဆိုလျှင် ကျွန်တော်တို့နှစ်ယောက်ခါတိုင်းထက်ပိုပြီး အလုပ်ရှုပ်ရ တော့မည်။ Continue reading “မိုးတွေရွာရင်”

All Star ဖိနပ်တစ်ရံ

(၁)

“ဟာ”

ကျွန်တော်စီးထားသည့် အဖြူရောင် All Star တံဆိပ်ရှူးဖိနပ်ပေါ်ကို အနီရောင် ပျစ်ပျစ်အရည်တွေ ကျလာတော့ ရုတ်တရက်ထ,ခုန်လိုက်မိသည်။ ဒါအချဉ် ရည်တွေပဲ။

“မင်း ….. မင်းဘယ်လို လုပ်လိုက်တာလဲ”

ဒေါသ ထောင်းခနဲထွက်သွားကာ အချဉ်ရည်ပုံးကိုင်ထားသူကို ရန်လိုမည့် အကြည့်နှင့် စူးဝါးဝါးကြည့် တော့ မိန်းကလေးတစ်ယောက်ဖြစ်နေလေသည်။ Continue reading “All Star ဖိနပ်တစ်ရံ”