မပြိုဘဲနဲ့ ညို အပိုင်း (၂)

(၂)
ကောင်မလေးရဲ့ပြုံးစိစိဟန်က ကျွန်တော့်စူးရဲရဲမျက်လုံးတွေကြောင့်ရုပ်တည်ကြီးဖြစ်သွားတော့တယ်။ ကျွန်တော့်ဒေါသငယ်ထိပ်ရောက်နေပြီဆိုတာ ခန့်မှန်းမိသွားတာသေချာတာပေါ့။ ကိုယ်နဲ့ ဘယ်တုန်း ကမှ မသိတဲ့ယောင်္ကျားလေးတစ်ယောက်ကို အဲဒီလိုမျိုးပြက်ချော်ချော်စနောက်တတ်တဲ့ မိန်းကလေး ကို ဘယ်သူကအထင်ကြီးမှာလဲ ညို။
“ဟို ကျွန်မလေ”
ကျွန်တော့်ဒေါသကိုပြောရာပြေကြောင်းပြောဖို့ ကောင်မလေးအားယူနေပြီး ဘာပြောမလဲဆိုတဲ့အထာနဲ့ ကျွန်တော်မေးငေ့ါမျက်လုံးပြူးကြည့်နေလိုက်တယ်။
“ရှင့် ရှင့်ကိုမြင်ရင်စချင်စိတ်ဖြစ် ဖြစ်နေတယ်။ အဲဒါနဲ့…..”
“ဘာဗျ…ကျွန်တော်က ခင်ဗျားစ စရာနောက်စရာသတ္တဝါတစ်ကောင်မဟုတ်ဘူး၊ ခင်ဗျားနဲ့လည်းဘယ် တုန်းကမှမသိဘူး၊ ကိုယ်နဲ့မသိတဲ့သူစိမ်းတစ်ယောက်ကို အခုလိုပြက်ချော်ချော်အမှုအရာတွေနဲ့စသလို နောက်သလိုအထာပေးတတ်တဲ့ ခင်ဗျားလိုမိန်းကလေးမျိုးကိုလည်း ကျွန်တော်အရမ်းအထင်သေး တတ်တယ်ဗျ”
“ဟာ” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂)”

မပြိုဘဲနဲ့ ညို အပိုင်း (၁)

“ညို” ဖတ်ဖို့

(၁)
တကယ်တော့ မြိုင်ကြီးငူနဲ့ (၁၅) မိုင်လောက်ရှိတဲ့အကွာမှာ အခုလိုမျိုးအံအားသင့်အောင်လှတဲ့ ရေတံ ခွန်ရှိလိမ့်မယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး ညို။ ၂၀၁၄ မှာ ကျုံထော်ရေတံခွန်က လူတွေအရောက် အပေါက်အရမ်း မများသေးပါဘူး။ လူတွေဖန်တီးထားတာထက် သဘာဝအတိုင်းလှနေတဲ့ရေတံခွန်ကို ကင်မရာတစ်လုံးနဲ့ဟိုရိုက်ဒီရိုက်လုပ်နေစဉ်မှာပဲ ကျွန်တော်တို့နှစ်ယောက်ရဲ့ အဖြစ်အပျက်စတင်ခဲ့ တာကို ညိုမှတ်မိ မယ်ထင်ပါရဲ့။
“ဟာ ဟိုမှာ ရေနစ်ပြီ”
ကျွန်တော့်ကင်မရာမြင်ကွင်းထဲမှာ မိန်းကလေးတစ်ယောက်ရေပေါ်မှာပေါ်လိုက်ပျောက်လိုက်နဲ့။ ဒါ ရေနစ်နေတာပဲလို့ ကျွန်တော်သိလိုက်တာပေါ့။ ဒါက လုပ်ဇာတ်တစ်ခုဆိုတာ ကြိုသိခဲ့မယ်ဆိုရင် ညိုနဲ့ ကျွန်တော်တို့ရဲ့ရေစက်က အဲဒီမှာစချင်မှစခဲ့မှာပေါ့လေ။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၁)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း

(၃၀)

“အေး နင်ဘာသိချင်သေးလဲ နှင်းငွေရည်”

နေ့ဘက်ဆိုပေမယ့် ရာသီဥတုကမှောင်ရီပျိုးစအချိန်လို အုံမှိုင်းမှိုင်းဖြစ်နေလေသည်။ ရှမ်းတောင်တန်းတွေက အမြဲအဲဒီ လိုပဲလွမ်းမောဖွယ်ဖြစ်နေတာလား၊ နှင်းကိုယ်တိုင်ပဲလွမ်းနေတာလားမပြောတတ်။ ဟောဒီရှမ်းတောင်တန်းကြီးတွေဆီကို ခဏဆိုပြီးလာခဲ့တာ၊ အခုတော့ ဒီမှာနှင်းဘဝအဆုံးသတ်ရတော့မှာလား။ တကယ်ပဲ နှင်းလောကကြီးကနေ ထွက်သွား ရတော့မှာလား။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၉)

(၂၉)

ကိုဖြိုးဆီမှာ အငယ်အနှောင်းရှိမှန်းရုတ်တရက်သိလိုက်ရတော့ နန်းမြတ်ပါးစပ်အဟောင်းသားဖြစ်တဲ့အထိ အံသြရသည်။ ရည်ရည်မွန်မွန်နဲ့ မိန်းမဖြစ်သူကို သစ္စာရှိရှိပေါင်းသင်းမယ့်ရုပ်လေး၊ ဒီကောင်လေးက ဘယ်လိုဖြစ်လို့။

“တစ်လလောက်ရှိပြီဟ၊ သူအိမ်လည်းမပြန်ဘူးလေ၊ ရန်ကုန်ကဧည့်သည်ကောင်မလေးရောက်ကတည်းက သူ့မိန်းမကို စိတ်ချလက်ပစ်ထားပြီး အငယ်နဲ့သာယာနေတာလေ”

ဈေးထဲမှာက လူစုံတော့ အတင်းအဖျင်းအကြောင်းအရာအားလုံးလည်းစုံလေသည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၉)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၈)

(၂၈)

“ဦးလေးကောင်း ကျွန်မလုပ်ထားတဲ့ဆန်အရက်မြည်းကြည့်ပါဦး၊ နောက်ကျရင်ညနေပိုင်းဆန်အရက်ဆိုင်လေးဖွင့်ရင် ကောင်းမလားလို့”

အရက်သမားကို အရက်နဲ့မျှားရတာမို့မခက်ခဲပါ။ လူရှင်းသူရှင်းတဲ့အချိန်တစ်ခုကိုသာစောင့်ဆိုင်းရလေသည်။ နန်းမြတ်ဆိုင် သိမ်းရင်သုံးတဲ့ သုံးဘီးဆိုင်ကယ်လေးရှိသည်။ ဆိုင်ကယ်ပေါ်မှာအိုးခွက်ပန်းကန် တွေတင်လို့ရအောင်ဆိုပြီး သုံးဘီးလုပ်၊ အမိုးလေးဘာလေးနဲ့မိုးကာ အလှဆင်ထားတာပင်။ အဲဒီသုံးဘီးလေးနဲ့ ညမှောင်ရီတရောအချိန်မှာ ဦးလေးကောင်း သွားတတ်လာတတ်တဲ့နေရာကိုလိုက်ရှာ၊ လူရှင်းသူရှင်းတဲ့ အချိန်ကိုရွေးပြီးလှုပ်ရှားရလေသည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၈)”