မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၂)

(၁၂)

ကိုဖြိုးက ကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေသတဲ့။ ဘုရား၊ ဘုရား နှင်းအံသြလိုက်တာ။ အဲဒီသတင်းကဖြစ်နိုင်ပါ့ မလား။ သူတို့နှစ်ယောက်အပြန်အလှန်ပြောနေတဲ့စကားအရတော့ ဘယ်သူကမှန်နေသလဲမပြောတတ်။ ကိုဖြိုးကမဟုတ် ကြောင်း အတင်းငြင်း၊ သိမ့်သီတာက ဟုတ်မှန်ကြောင်းအခိုင်အမာပြော အိုး ဘယ်သူ့စကားယုံရမလဲမသိတော့ပါ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၂)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၁)

(၁၁)

အဲဒီနေ့ညနေပိုင်းက အချစ်ရွာလို့ခေါ်တဲ့ရှမ်းရိုးရာအစားအစာဆိုင်လေးထဲကို သူခေါ်လာခဲ့ပါသည်။ အေးအေးလူလူရှိလှပြီး ရှမ်းအစားအစာလည်း စုံစုံလင်လင်ရတယ်လို့သူကပြောထားတော့ နှင်းစိတ်ဝင်စားလွန်းလှသည်။ ဆိုင်ကလေးရဲ့တည်နေ ရာက ဈေးထဲမှာလို လူတွေပျားပန်းခတ်သွားလာမနေပါ။ ကားလမ်းမကြီးနဲ့လည်းအရမ်းမနီးတာမို့ နှစ်ကိုယ်ကြားတိုးတိုး လေး စကားပြောလို့ရတာပေါ့လေ။ သူ့အိမ်ကိုလိုက်လည်ဖို့အတွက် ပြောဖို့စီစဉ်ထားတဲ့နေ့လည်းဖြစ်လေသည်။ တကယ် တော့ သူ့အိမ်ကိုလိုက်လည်မယ့်အကြောင်းပြောဖို့မခက်ခဲပါ။ ဒါပေမဲ့ နှင်းကသဘောရိုးနဲ့လိုက်လည်ချင်တာမဟုတ်ဘဲတစ် ခြား အကဲခတ်ချင်သေးတဲ့သဘောနဲ့သွားမှာမို့ ပုံမှန်ထက်ပြောဖို့တွန့်ဆုတ်နေခြင်းပင်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၁)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၀)

(၁၀)

“သွားခေါ်တဲ့နေ့တုန်းက ရန်ဖြစ်ပြီးတဲ့နောက်ပိုင်း ပေါ်ကိုမလာတော့တာ၊ ဖုန်းအဆက်အသွယ်လည်းမရဘူး၊ နောက်တစ် ခေါက်ထပ်လိုက်သွားတော့လည်း မတွေ့ရတော့ဘူး”

နှင်းတို့ရောက်သွားတဲ့အချိန်မှာတော့ မသက်ထားကသိမ့်သီတာကို ရှင်းပြနေတဲ့အချိန်နှင့်တည့်တည့်တိုးသည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၀)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၉)

(၉)

ငွေရောင်အိမ်ခေါင်မိုးတွေကိုဖွေးနေအောင်မြင်ရပြီး တောင်ညိုတန်းတွေပေါ်မှာရွှေရောင်စေတီတစ်ဆူနှစ်ဆူကိုပါသပ္ပါယ်စွာ မြင်ရသည်။ အရင်လိုပါပဲ။ တောင်တန်းမှိုင်းညို့ညို့တွေကမျက်စိတစ်ဆုံးမြင်ရမြဲပင်။ ဘဝရဲ့အမှတ်တရများစွာထဲကအဓိ ပ္ပါယ်ရှိလှတဲ့နေ့လေးတစ်နေ့ဖြစ်လာမယ်ဆိုတာ နှင်းကြိုတွေးခဲ့ပြီးသားပါ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၉)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၈)

(၈)

ဗဟိုဈေးနားက စိုင်းလုံတို့ရဲ့ဆိုင်လေးဆီကိုနှင်းတို့ရောက်သွားတဲ့အချိန်မှာတော့ နှင်းကွဲပြီးနေရောင်ထွက်ခဲ့ပြီဖြစ်သည်။ မနက်စောစောလာရင် ဆိုင်မှာလူတွေများနေမှာမို့ လူရှင်းမယ့်အချိန်ကိုတမင်ရွေးပြီးလာခဲ့ကြတာပါ။ ဗဟိုဈေးထဲမှာတော့ လူတွေ ပျားပန်းခတ်လှုပ်ရှားနေလေ၏။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၈)”