အပိုင်း (၂)
နှင်းငွေရည်
(၇)
ရုတ်တရုက်မို့ စိတ်ဆိုးယောင်ပြလိုက်မိပေမယ့် သူ နှင်းကိုနင်ကျင်သွားမလားတွေးပူမိနေပြန်သည်။
အပိုင်း (၂)
နှင်းငွေရည်
(၇)
ရုတ်တရုက်မို့ စိတ်ဆိုးယောင်ပြလိုက်မိပေမယ့် သူ နှင်းကိုနင်ကျင်သွားမလားတွေးပူမိနေပြန်သည်။
(၆)
“ အိုး လှလိုက်တာ”
တစ်နာရီကျော်ကျော်လောက် ဆိုင်ကယ်ပေါ်မှာအညောင်းမိလာပြီးတဲ့နောက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပင်ပန်းနွမ်း နယ်နေမှုတွေအားလုံးပြေပျောက်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပြီးသား။ သဘာဝပတ်ဝန်းကျင်က လူတွေရဲ့စိတ်ကို လန်းဆန်းစေတယ်လေ။ သူမမြင်တဲ့မြင်ကွင်းကတော့ ပိုလို့တောင်လန်းဆန်းနေမှာသိပ်သေချာတာပေါ့။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၆)”
(၅)
မနက်မိုးလင်းလို့ ဆိုင်ခင်းကျင်းပြီး ဝိုင်းကူပေးမယ့်ကောင်မလေးတွေရောက်တာနဲ့ နှင်းဆီကိုဦးတည်ထွက်လာခဲ့မိသည်။ လက်ထဲမှာ နှင်းစားဖို့ခေါက်ဆွဲနဲ့ ဝက်ခေါက်ကြော်ပါဆယ်ထုတ်ဆွဲလာခဲ့၏။ ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့နှင်းအတွက် မနက်စာပေါ့။
နှင်းတို့အိပ်ရာက ထပြီးအချိန်၊သိမ့်သီတာရဲ့အမျိုးသားကျော်စွာအလုပ်သွားဖို့ခြံပေါက်ဝကိုထွက်လာချိန်နဲ့ကွက်တိကျသည်။ ကျော်စွာနဲ့ကျွန်တော် ခြံတံခါးဝမှာတင်တွေ့ပြီးနှုတ်ဆက်ကာ အိမ်ထဲကိုဝင်လာခဲ့၏။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၅)”
(၄)
“ဘယ်လိုလုပ်ကြမလဲ”
ကျွန်တော်ရယ်၊ နှင်းရယ်၊ သိမ့်သီတာရယ် သုံးယောက်သား ခေါင်းချင်းဆိုင်ဆွေးနွေးစကားပြောရတဲ့အခြေအနေကို ရောက် မှန်းမသိရောက်ရှိခဲ့လေပြီ။ ဦးလေးကောင်းပျောက်ဆုံးသွားတာ ပုံမှန်အခြေအနေမဟုတ်ခဲ့ပါ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၄)”
(၃)
နောက်တစ်နေ့ နှင်းမြူတွေစဲခါစအချိန်မှာပဲ သူမတည်းခိုရာအိမ်ဆီကို ကျွန်တော်ရောက်လာခဲ့ပါသည်။ အိမ်ရှေ့ဆိုင်ကယ် စက်ရပ်သံကြောင့် အိမ်ထဲက ခေါင်းလေးထောင်ကြည့်တဲ့သူမ မျက်နှာလေးကိုလှမ်းတွေ့လိုက်ရတော့ ကြည်နူးမိသွားသည်။ ကျွန်တော်လာတာကိုတော့ အံသြသွားပုံပင်။ ဝဏ္ဏပျောက်သွားတဲ့ကိစ္စကို သူ့မိသားစုကရဲတိုင်ထားပြီးပြီမို့ အဲဒီသတင်းကို လည်းပေးရင်း၊ သူမ မျက်နှာလေးကိုလည်းမြင်ခွင့်ရဖို့ကြိုးစားရင်း နောက်ပြီးတော့…သူမနဲ့အတူ ကျွန်တော်တို့ရဲ့ကျောက်မဲ မြို့လေးကို လည်ပတ်ခွင့်ရလိုရငြားအချက်တွေနဲ့ လာခဲ့ခြင်းပါ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၃)”