ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၄)

(၂၄)

သူမ ဆီကအချစ်ကိုတရားမျှတစွာရရှိခဲ့တာမဟုတ်မှန်း သူ့စိတ်ထဲမှာသိနေသလိုပဲ သူမလည်းသိမှာ သေချာပါသည်။ အဲဒီအတွက်တစ်ခါတစ်လေမှာလိပ်ပြာမလုံဖြစ်မိပေမယ့် သူမရဲ့အချစ်ကိုလက်ဝယ် ပိုင်ဆိုင်ရရှိခဲ့ပြီဆိုတဲ့အသိကြောင့်ကျေနပ်ဝမ်းသာရပြန်သည်။

ချောမွေ့ကြည်ဖြူစွာရရှိခဲ့တာမဟုတ်တော့လည်း စတေးမှုနည်းနည်းပါးပါးကိုတော့ရင်ဆိုင်ရသည်။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၄)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၃)

(၂၃)

နွေရာသီကာလရဲ့ပွဲတော်တွေထဲမှာ အထင်ရှားဆုံးပွဲတော်တစ်ခုက နတ်သျှင်တောင်ဘုရားပွဲဖြစ်သည်။ နတ်သျှင်တောင်စေတီတော်ကတောင်တန်းစိမ်းစိုစိုတွေကြားထဲ တည်ငြိမ်စွာသပ္ပါယ်လှသည်။ ဘုရားပွဲ ကို တောင်ခြေကမြေပြန့်လွင်ပြင်ကျယ်ထဲမှာကျင်းပလေ့ရှိပါသည်။ ဘုရားပွဲဆိုတော့ ဇာတ်ပွဲ၊ ရခိုင် ရိုးရာကျင်ပွဲ၊ လောင်းလှေပြိုင်ပွဲတွေလည်းထည့်သွင်းကျင်းပပါသည်။ ညဖက်ရောနေ့ခင်းဖက်ပါ ပွဲစျေး တန်းတွေ၊ စားစရာသောက်စရာ၊ ဝယ်စရာဆိုင်တွေ ကျိတ်ကျိတ်တိုးစည်ကားလို့။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၃)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၂)

(၂၂)

“ဟာ…”

အများစုမျှော်လင့်ထားသောဇာတ်လမ်းမဟုတ်ပါ။ ပရိတ်သတ်တွေကြားထဲတိုးတိုးလျလျဆူညံသံတွေ စီလာသည်။

“ဦးကျော်မြင့်ဦးရဲ့ ကြယ်ကြွေဇာတ်လမ်းလေးက အဆွေးဇာတ်လမ်းကြီး” ဆိုပြီးမှတ်ချက်ပေးကြသည်။ စင်ပေါ်မှာရှိနေတဲ့ ဦးကျော်မြင့်ဦးကတော့ ပြုံးပြုံးလေးပင် ပရိတ်သတ်တွေထဲကမေးသမျှကို ဖြေကြား ပေးနေသည်။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၂)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၁)

(၂၁)

လိုချင်တဲ့အရာတစ်ခုကိုရဖို့ကြိုးစားရင်း တခြားလိုအပ်နေတဲ့အရာတွေပါကိုယ့်ဆီမှာရရှိလာတဲ့အ ဖြစ်အပျက်မျိုးကို အိပ်ရာဝင်ပုံပြင်တွေမှာကြားဖူးခဲ့ပါသည်။ မြောက်ဦးမှာတုန်းက ဘုန်းကြီးကျောင်းမှာ ဆရာတော်တွေ၊ ကိုရင်တွေပြောပြောနေကြတာကိုလည်း ကြားဖူးခဲ့သည်။ သူနဲ့အရင်းနှီးဆုံးသော ပုံပြင်တစ်ပုဒ်။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၁)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၀)

(၂၀)

ချစ်သူနဲ့အတူရှိနေခွင့်လောက် ဘဝမှာပျော်စရာ၊ကြည်နူးစရာကောင်းတဲ့အချိန်မရှိပါ။ ပိုင်ဆိုင်ခွင့်မရရှိ သေးပေမယ့် သူမရဲ့အနားမှာခဏတာရှိနေခြင်းဟာ သူ့အတွက်ဘာနဲ့မှမလဲနိုင်တဲ့စိတ်ချမ်းမြေ့မှုကို လက်ဝယ်ဆုပ်ကိုင်နိုင်တဲ့အချိန်တွေပင်။

ရွှေရည့်အနားမှာ သူအမြဲတမ်းနေချင်ခဲ့သည်။ အချိန်တိုင်းသူမကိုတမ်းတခဲ့သည်။ အရာရာတိုင်းနဲ့ဆက် နွယ်ပြီး သူမအကြောင်းကိုတွေးသည်။ ညစဉ်ညတိုင်းသူမအကြောင်းတွေးပြီးမှ စိတ်ချမ်းမြေ့စွာအိပ် စက်နိုင်သည်။ သူ့ဘဝအတွက် ရွှေရည်ဟာမရှိမဖြစ်အရေးပါတဲ့မိန်းကလေးတစ်ယောက်ဆိုတာနား လည်ပြီးရင် နားလည်လာခဲ့လေသည်။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၀)”