(၉)
မှောင်ရိပ်တွေတဖြည်းဖြည်းလွှမ်းမိုးလို့လာနေချိန်မှာပင်သူနဲ့ငဇော်တို့ ကိုင်းဖက်ဆီကိုထွက်ခဲ့ကြသည်။ ရွာမှာက မိုးနည်းနည်းချုပ်ပြီဆိုရင် အိပ်တတ်ကြတာများတော့အဲဒီအချိန်ကိုပဲစောင့်ကာ ငဇော်ကသူ့ ကိုလာခေါ်ပြီး ကိုင်းအထိလှေနဲ့လိုက်ပို့ဖို့ဆုံးဖြတ်ခဲ့ကြသည်။ မိုးချုပ်တာနဲ့လေးမြို့မြစ်ထဲမှာအမှောင်ထု ကလွှမ်းမိုးလာသည်။ ဟိုဖက်ကမ်း၊ ဒီဖက်ကမ်း မြင်ကွင်းတချို့ဆီကနေ မီးအိမ်လေးတွေထွန်းထားကြ တာကို မှိန်ပျပျမြင်နေရသည်။ ချမ်းသာတဲ့အသိုင်းအဝိုင်းတွေဆီမှာတော့ ဖန်မီးချောင်းတွေထွန်းလို့။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၉)”