ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၄)

(၄)

“ဟင်၊ ကျော်ကျော် သားခြေတောက်မှာအညိုအမည်းစွဲနေပါလား၊ ဘာဖြစ်တာလဲ”

ဦးလှမောင်ရဲ့ဝါးစိမ်းတုတ်နဲ့ယမ်းရိုက်လိုက်တဲ့တစ်ချက်က ခြေသလုံးပေါ်မှာအညိုအမည်းစွဲလို့လာနေ တာကို ရွှေရည့်အမေမြင်တော့ သူခြေသလုံးကိုကိုင်ကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ လက်နဲ့တောင်သေ ချာထိလို့မရ၊ ဖူးယောင်လို့နေပြီ။

“လာ၊ အရီးဆေးလိမ်းပေးမယ်” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၄)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၃)

(၃)

ပခုံးပေါ်ရှိခြင်းမှကျလာတဲ့ရေစက်တွေက ကျော်ကျော်သွားရာလမ်းတစ်လျှောက်တစ်စက်ချင်းစီလမ်း ကြောင်းလေးဖြစ် လို့နေသည်။ သူတစ်စုံတစ်ရာကိုစိုးရိမ်နေပါသည်။ ဦးလှမောင်ကသူ့ကိုဆူတော့မည်။ ဆူတော့မှာမဟုတ်ပါဘူး ဆူမှာသေချာတာပေါ့။

“သဲမောင်တို့နဲ့ ဗြုတ်ချောင်းကိုလိုက်သွား၊ ပန်းရံအကူဆင်းဖို့ငါပြောထားတယ်၊ တစ်ထောင်ရလည်း နည်းတာမဟုတ်ဘူး၊ အလကားနေအလကားပဲ၊ တောထဲသွားပြီးဟင်းခူးလိုက် ၊တောင်တက်ပြီးထင်း ခွေ လိုက်လုပ်နေတာထက်စာရင် ပန်းရံကပိုက်ဆံရတယ်” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၃)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂)

(၂)

စကားပြောသံအမျိုးမျိုးကို ကျွန်တော်ကြားနေရပေမယ့်သိပ်မသဲကွဲလှပါ။ တစ်ကိုယ်လုံးလေပေါ်မှာပဲဝဲ ပျံနေသလိုလို၊ အိပ်မှုန်စုံဖွားနဲ့ကယောင်ကတမ်းလျှောက်သွားနေမိသလိုလိုနဲ့ အရာရာတိုင်းဟာဝိုးတဝါး ဖြစ်လို့နေလေသည်။

“ဟေ့လူ၊ ဟေ့လူ ခင်ဗျားကြားရဲ့လားဟင်၊ အသက်ရှိသေးလားဟင်” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁)

(၁)

အလုပ်ခန့်အပ်ခြင်းခံရတဲ့လူစာရင်းကို တိုးဝှေ့ကြည့်အပြီးမှာတော့ ကျွန်တော့်စိတ်တွေက ဟိုးအောက် ဆုံးကို ရောက်ရှိသွားလေသည်။ သွားပြန်ပြီ။ ဒီတစ်ခါလည်းအလုပ်မရပြန်ဘူး။ အရမ်းကြီးကိုမျှော်လင့် ထားခဲ့တာ။ နောက်ဆုံးလက်နက်အဖြစ်ဒီအလုပ်ကိုအားကိုးထားတာ။ အခုတော့ဝေးပြီပေါ့။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း

(၃၀)

သူတို့တွေရဲ့အချစ်ဇာတ်လမ်းအဆုံးသတ်ခြင်း နောက်ဆုံးနေ့၊ နောက်ဆုံးအချိန်ကတော့ ဝမ်း နည်းစရာကောင်းလှပါသည်။ မောင်နှမနှစ်ယောက်ရဲ့အခြေအနေ၊ အမူအရာတွေက အေးစက်တိတ် ဆိတ်လှစွာ။

ကျွန်တော်လုပ်ပေးခဲ့သမျှတော့ အရာထင်ခဲ့ပါသည်။ ပုဒ်မ (၃၀၄) နဲ့ ရှိစုမဲ့စုဂုဏ်သိက္ခာလေးကို အဖတ်ဆယ်ပေးနိုင်ခဲ့၏။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း”