လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၂)

(၁၂)
၀ါသနာကိုတားမြစ်လာတဲ့အထိဖြစ်လာရင်တော့ ဘယ်သူ့မှသည်းခံလာနိုင်တော့မည်မဟုတ်ပါ။ ကျွန် တော် နည်းပညာသတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့သည်။ နိုင်ငံရေးသတင်းတွေ၊ ဖျော်ဖြေရေးသ တင်းတွေ၊ ကျန်းမာရေး၊ ပညာရေးသတင်းတွေရေးဖို့ထက် နည်းပညာသတင်းတွေရေးဖို့ကိုစိတ်အား ထက်သန်ခဲ့သည်။ ဒါကြောင့် နည်းပညာဂျာနယ်မှာ အလုပ်ပြောင်းလုပ်ခဲ့သည်။
သတင်းလိုက်ခြင်းထက် နည်းပညာအကြောင်းအရာကိုလိုက်ရေးခြင်းက ကျွန်တော့်အတွက်ပိုအဖိုးတန် သည်။ နာမည်ကြီးမင်းသားမင်းသမီးတွေရဲ့ သတင်း၊ နိုင်ငံရေးသတင်းတွေထက် မိုဘိုင်းဖုန်းတွေ ၁၅၀၀ ကျပ်နဲ့ဝယ်နိုင်ပြီဆိုတဲ့သတင်းက ပိုစိတ်ဝင်စားဖို့ကောင်းသည်။ နာမည်ကြီးနိုင်ငံရေးသမားတစ် ယောက်နဲ့အင်တာဗျုးကိုဂျာနယ်မှာဖော်ပြတာထက် အိုင်တီစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဘယ် လိုဖြစ်လာသလဲဆိုတဲ့အင်တာဗျုးကို ဖော်ပြဖို့ပို စိတ်ဝင်စားသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၂)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၁)

ဒုတိယ လှိုင်း

(၁၁)
တကယ်တော့ နိုနိုဟာသိပ်ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်လို့ ကျွန်တော်တွေးထားခဲ့တာ။ ပြီးတော့ အရာရာကိုနားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့လည်းထင်ထားတာ။ လက်တွေ့မှာတော့ ကျွန် တော့်အတွက် စိတ်ရှုပ်စရာတွေကို ယူဆောင်ပေးလာမယ်မှန်းသိရင် ဘယ်လိုုလုပ်ချစ်ခဲ့မှာလဲ။ မြတ် နိုးနဲ့လမ်းခွဲပြီးနောက်ပိုင်း မှာ နိုနိုနဲ့စတင်တွေ့ရှိခဲ့တာပါ။ နိုနို့ကိုကျွန်တော် ကုမ္ပဏီတစ်ခုရဲ့ပစ္စည်းမိတ် ဆက်ပွဲမှာ စတင်မြင်ဖူးသည်။ နိုနိုတို့မိသားစုကုမ္ပဏီမို့ ကျွန်တော်တို့နှစ်ယောက်ကုန်ပစ္စည်းတွေနဲ့ပတ် သက်ရင် အဆက်အသွယ်ရှိလာသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၁)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၀)

(၁၀)
ဟိုတယ်ကိုရောက်ပြီး ရေမိုးချိုး၊ အဝတ်အစားလဲရင်း ချစ်သူကို စောင့်နေမိသည်။ အလုပ်ကတော့ ပြီးသွားပြီ။ ရန်ကုန် ရောက်မှ သတင်းရေးရမှာမို့ စိတ်ပူစရာမရှိ။ အဲဒီကုန်ပစ္စည်းကို မိတ်ဆက်တဲ့ သတင်းက ချက်ချင်းရေးဖို့ခွင့်မပေးသေး။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အားလုံးတူတူရေးရမှာမို့ သတင်းသိုးမှာလည်း မပူရ။ ဒီလ (၁၄) ရက်နေ့မှ စရေးရမှာဆို ပြီး စာချူပ်မှာ လက်မှတ်ထိုးခဲ့ရသည်။ နည်းပညာ ဂျာနယ်သတင်းထောက် တစ်ယောက်အနေနဲ့ အလုပ်မှာဖိအား များများ စားစား မရှိလှတာမို့ ဒေသန္တရ သတင်း၊ ဆောင်းပါးတွေ လည်းယူမနေတော့ပါ။ ချစ်သူနဲ့ပဲ အချိန်ဖြုန်းဖို့ ဆုံးဖြတ်ထားသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၀)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၉)

(၉)
အဲဒီညက ကျွန်တော်ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။ အခန်းရဲ့ အပြင်ဖက်ကမြင်ကွင်းတွေကို ငေး ကြည့်လိုက်၊ အိပ်ရာပေါ် လှဲချလိုက်နဲ့ စဉ်းစားခန်းဖွင့်နေ မိတော့သည်။ ချစ်သူအကြောင်းတော့ အဓိက ပေါ့လေ။ ဘာကိုဦးတည်ချက်ထားပြီး တွေး လို့တွေးနေမိမှန်းမသိတော့ပါ။ ကျွန်တော်တို့ နှစ်ယောက်ခွဲ ခွာခဲ့ပြီး နာရီဝက်လောက်တွေးနေမိစဉ်မှာပဲ မတ်ဆေ့ချ်တစ်စောင် ရောက်လာလေသည်။
“ I love you so much, sleep well ” တဲ့။ ဘုရား ဘုရား။ ကျွန်တော် စိတ်ထဲကြည်နူးမိတာကို ဘယ် အရာနဲ့ တိုင်းတာရပါ့မလဲ။
“Same to you honey ….Good night” လို့ပြန်ပြောလိုက်တော့ သူမကလည်း ဂွတ်နိုက်ထ်လို့ ပြန်ပြောသည်။ အဲဒီနောက် ကြည်နူးစွာ အိပ်စက်ဖို့ ပြင်သည်။
ချိုမြိန်သော အိပ်စက်ခြင်းပေါ့ ချစ်သူရယ်။ သူမနဲ့ ကျွန်တော်တို့ရဲ့ အရင်ကအကြောင်း တွေကို ပြန် လည်တွေးရင်း အဖြေရှာမရသော အကြောင်းအရာတွေနဲ့ ကျွန်တော် အိပ်ပျော်သွားခဲ့သလား မသိ တော့ပါ။ မနက်ပိုင်း မတ်ဆေ့ချ်သံေကြောင့် ကျွန်တော်နိုးလာသည်။ ချစ်သူဆီကပေါ့။
“Good Morning Dear! I love you” တဲ့လေ။ ပြီးတော့ ဆက်မေးသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၉)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၈)

(၈)
ညရှစ်နာရီခွဲပြီမို့ နောက်ကျပြီလို့ထင်ရပေမယ့် ဒီမှာတော့တစ်ညလုံးလည်း လျှောက်သွားနေကြတာပဲ။ မဆန်းပါဘူးလို့ညီမလးကလှမ်းပြောသည်။
“တက္ကစီက စျေးဆစ်စရာမလိုဘူးနော်၊ မီတာနဲ့ဖတ်တာ၊ သွားမယ့်လိပ်စာကိုသာပေးလိုက် လိုက်ပို့ပေး လိမ့်မယ်၊ တက္ကစီပေါ်ကဆင်းရင်လည်း ညာဖက်က ပဲဆင်း၊ ဘယ်ဖက်ကဆင်းတာကိုဒီမှာ သိပ် မကြိုက်ကြဘူး”
ညီမလေးကဆရာမကြီးလုပ်ပြီးတတွတ်တွတ်မှာသည်။
“သိပါတယ်ဟ၊ သူဖြင့်မလာဘဲနဲ့ငါ့ကိုလာခိုင်းပြီးတော့” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၈)”