မပြိုဘဲနဲ့ ညို အပိုင်း (၇)

(၇)
“ဟင်”
တွေ့မယ်တွေ့တော့လည်း ကျွန်တော်မျှော်လင့်ထားတဲ့ညဖက်အချိန်မဟုတ်ခဲ့ဘူး။ ကျွန်တော်ဟာ ညို့ကိုညဖက်မှာပဲတွေ့နိုင်တယ်လို့ယူဆထားခဲ့တာကိုး။ ဒါကြောင့်မို့လည်းဆိုင်ကိုသွားရှာခဲ့တာ။ ကျွန် တော့်အခန်းဆီကနေပြန်သွားပြီးတဲ့နောက်ပိုင်း အဲဒီဆိုင်ကိုညိုမလာခဲ့ဘူး။ သုံးရက်ဆက်တိုက်သွားရှာ ခဲ့တာ အချိန်တွေသာကုန်ပြီးပြန်လာခဲ့ရတယ်။ ဆိုင်ကမန်နေဂျာကိုကျွန်တော်မေးကြည့်သေးတယ်ညို။ ဒါပေမဲ့ အဲဒီထိုင်းလူမျိုးကသေသေချာချာဂဃနဏမသိရှာဘူး။ ညို့နာမည်ကိုတောင်မနည်းပြောနေခဲ့ရ တယ်။ ညို့ဖုန်းနံပါတ်ကိုလည်းကျွန်တော်မတောင်းထားလိုက်မိတော့အခက်တွေ့ရပြီပေါ့။
ကျွန်တော်ညို့ကိုတွေ့တော့ နေ့လည်ဘက် Nong Nooch Village မှာ။ ညို့ကိုတွေ့လိုက်ရတော့ပါးစပ် အဟောင်းသားဖြစ်တဲ့အထိအံသြသွားခဲ့ရတာပါ။
“ညို” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၇)”

မပြိုဘဲနဲ့ ညို အပိုင်း (၆)

(၆)
“မင်းရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်စတာ အဲဒီလောက်မြန်လိမ့်မယ်မှန်း တကယ်မထင်ထားဘူး၊ ငါတောင်ရန်ကုန်မပြန်ရသေးဘူး၊ သွက်တယ်ကွာ”
ကျွန်တော်ဒီကောင့်ကိုညတုန်းကကိစ္စအစအဆုံးရှင်းပြလိုက်တယ်။
“ငါ့ဘဝမှာ ဒါပထမဆုံးအကြိမ်ပဲ”
“အဲဒီတော့”
“မင်းပြောတဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်ဆိုတာ စိတ်ကူးထဲမှာတောင်မရှိသေးပါဘူးကွာ၊ တကယ် တိုက်ဆိုင်မှုသပ်သပ်ပါ” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၆)”

မပြိုဘဲနဲ့ ညို အပိုင်း (၅)

(၅)
အနီးကပ်လေ့လာမှုမရှိဘဲ သူစိမ်းမိန်းကလေးတစ်ယောက်ရဲ့ဘဝကိုပြုပြင်ပြောင်းလဲပစ်ဖို့ဆိုပြီး လောင်း ကစားပွဲတစ်ခုကို ဖန်တီးခဲ့တဲ့အတွက်ကျွန်တော်စိတ်ထဲမှာနည်းနည်းလေးထင့်နေတာကလွဲ ရင် လုံး၀ စိုးရိမ်မှုတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကောင်မလေးကို ကျွန်တော်ရအောင် ပြုပြင်နိုင်မယ်လို့ တွက်ဆထားတယ်ညို။
ဘာအစီအစဉ်မှချမှတ်မထားဘဲနဲ့ကို စိန်ခေါ်လောင်းကြေးထပ်လိုက်တာပါ။ ဒါပေမဲ့ ကံကြမ္မာကအဲဒီ ကောင်မလေးနဲ့ကျွန်တော့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်ဖန်တီးပေး ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ဘဝအတွက် ဘယ်တော့မှမမေ့နိုင်တဲ့ဇာတ်လမ်းလေးပါပဲ။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၅)”

မပြိုဘဲနဲ့ ညို အပိုင်း (၄)

(၄)
“ဟာ”
ကောင်မလေးကို မြင်မြင်ချင်းမှာပဲကျွန်တော်မျက်လုံးတွေပြူးထွက်သွားမိတယ်ညို။ ဘယ်လိုမိန်းက လေးမျိုးလဲဆိုတာကို သဘောပေါက်သွားမိတာပါ။
“ကဲ မင်းပိုင်ဇေ ချီးယားစ်၊ ဘန်ကောက်မြို့တော်ကနေ ဗွီဒီယိုအယ်ဒီတာကြီးကိုကြိုဆိုပါတယ်၊ ဒီမှာ ရိုက်တဲ့ဇာတ်လမ်းတွဲမှာ Edit ကောင်းကောင်းဖြတ်နိုင်ပါစေ၊ အလုပ်အကိုင်အဆင်ပြေပါစေဗျာ”
အဲဒီညတော့ ကျွန်တော့်ကိုကြိုဆိုတဲ့ညပေါ့ညို။ ကျွန်တော့်အလုပ်ကဒီမှာရိုက်နေတဲ့ဇာတ်လမ်းတွဲမှာ Editing ဖြတ်ပေးရတဲ့အလုပ်။ အပိုင်း (၅၀) စာလောက်ခန့်မှန်းထားတဲ့ဇာတ်လမ်းတွဲကို ကျွန်တော်နဲ့ အောင်သက်ပိုင်က တစ်ယောက်တစ်ဝက်စီတာဝန်ယူပြီးဖြတ်ပေးရတာ။ ရိုက်ကူးရေးအဖွဲ့သားတွေက ဘန်ကောက်မှာနေရာအတည်တကျရှိပြီး ရိုက်ကွင်းတည်ပြီးသားမို့အေးအေးလူလူပဲ။ ဗွီဒီယိုတည်းဖြတ် သမားတွေဖြစ်တဲ့ အောင်သက်ပိုင်နဲ့ကျွန်တော့်ကိုပေးတဲ့အခန်းကျဉ်းက မြို့လယ်ထဲမှာမို့သပ်သပ်စီဖြစ် နေခဲ့တယ်။ ဒီတစ်ခေါက်က အောင်သက်ပိုင်ရန်ကုန်ကိုပြန်ရမှာဖြစ်ပြီးကျွန်တော်ကဘန်ကောက်မှာနေ ရမယ့်အလှည့်ပေါ့။ ဇာတ်ကားကတစ်ဝက်ကျိုးပြီလေ။
“မင်းလာပြီဆိုတော့ အောင်သက်ပိုင်ပြန်မှာပေါ့ ဟုတ်လား” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၄)”

မပြိုဘဲနဲ့ ညို အပိုင်း (၃)

(၃)
“ဆဝါဒီခပ် ကျွန်တော်ဒီနေရာလေးသွားချင်လို့ပါ၊ ဘယ်လိုသွားရမလဲညွှန်ပြပေးဖို့ကူညီပါခင်ဗျ”
ကျွန်တော်အစားအသောက်မက်လွန်းအားကြီးလို့ အခုလိုလမ်းလည်နေတတ်တာမျိုး ဘန်ကောက် ရောက်တိုင်းဖြစ်တတ်တယ်ညို။ ဘန်ကောက်ကိုဘယ်လိုအကြောင်းနဲ့ပဲရောက်ရောက် ရောက်တိုင်း မသွားမဖြစ်သွားတဲ့နေရာတစ်ခုရှိတယ် အဲဒါကတော့ Siam Paragon ပဲ။ Siam မှာကျွန်တော်လုပ်နေ ကျအလုပ်နှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ သင်္ဘောသီးထောင်းစားတာနဲ့နောက်တစ်ခုကတော့ အပေါ်ထပ်ကိုတက်ပြီး 4D ရုပ်ရှင်ကြည့်တာပါ။ ရန်ကုန်ကနေ မနက်ရှစ်နာရီဖလိုက်နဲ့လာခဲ့ပြီးရောက် ရောက်ချင်း ကိုယ်တည်းရမယ့်အခန်းကိုမရှာသေးဘဲ Siam Paragon ကိုရောက်လာခဲ့တယ်။ နေ့လည် စာစားမယ်၊ ပြီးမှအခန်းရှာမယ်ဆိုတဲ့အတွေးနဲ့ပေါ့ညို။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၃)”