မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၇)

(၁၇)

ကိုဖြိုးရဲ့ဒဏ်ရာတွေက အချင်းကြီးပျောက်တယ်လို့မဟုတ်ပေမယ့် အပြင်ဒဏ်ရာတွေများတာမို့ အိမ်မှာပဲနားနားနေနေ နေခွင့်ကို ဆရာဝန်ကခွင့်ပြုလိုက်ခြင်းပင်။ သတိရလာတယ်ဆိုပေမယ့် စကားပြောလို့မရသေးပါ။

သူနှင်းတို့ကို စကားပြောချင်နေမှန်း မျက်နှာရိပ်မျက်နှာကဲပြနေပေမယ့် သူ့အသံအိုးအခြေအနေက လတ်တလောမှာ ဆရာ ဝန်တွေစောင့်ကြည့်နေရတဲ့အနေအထားမို့ တိတိပပအဖြေမထွက်သေးပါ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၇)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၅)

(၁၅)

တံခါးခေါက်သံကတဒုန်းဒုန်းကြောင့် နှင်းရော သိမ့်သီတာရော ပြိုင်တူလန့်နိုးလာမိသည်။ လက်နဲ့ခေါက်နေတဲ့အသံမဟုတ် လောက်။ လက်သီးနဲ့ခေါက်တာတောင်အသံကအဲဒီလောက်ကျယ်မှာမဟုတ်မှန်း နှင်းခန့်မှန်းမိသည်။ ဒါ မာကျောတဲ့ပစ္စည်း တစ်ခုခုနဲ့တံခါးကိုထုနေတာ။

“ဘယ်သူလဲမသိဘူး၊ ဒီအချိန်ကြီး” Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၅)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၄)

(၁၄)

“စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆေးပေါင်းချိုးဖို့လာခေါ်တာ”

နောက်ထပ်နှစ်ရက်မြောက်တဲ့နေ့မှာ နှင်းနဲ့သိမ့်သီတာကို စိုင်းလုံလာခေါ်လေသည်။ ဒီကိုရောက်တာရက်အတော်ကြာခဲ့ပေ မယ့် ဒီဒေသရဲ့အဓိကအလေ့အထတစ်ခု၊ ထင်ရှားတဲ့ပြယုဂ်တစ်ခုဖြစ်တဲ့ ဆေးပေါင်းချိုးခြင်းဆိုတာကို နှင်းမရင်းနှီးခဲ့သေး ပါ။ သိမ့်သီတာကလည်း စိတ်တွေရှုပ်နေလို့ပဲလားမသိ တစ်ခါမှမလိုက်စဖူးလိုက်လာခဲ့သည်။ နှင်းတို့နေတဲ့ရပ်ကွက်နဲ့သိပ် မလှမ်းမကမ်းမှာရှိနေတဲ့ ဆေးပေါင်းရုံတစ်ရုံဆီကို သူခေါ်လာခဲ့ပါသည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၄)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၃)

(၁၃)

ကျောက်မဲရဲ့မနက်ငါးနာရီ။ မြူတွေပိန်းပိတ်အောင်မှောင်နေလေသည်။ ဆိုင်ကယ်နှစ်စီးကပ်ရက်အနေအထားမှာတောင် တစ်စီးနဲ့တစ်စီးသဲသဲကွဲကွဲမမြင်ရ။ ဒါပေမဲ့ နှင်းတို့နေတဲ့ရပ်ကွက်လေးရဲ့အနားကဈေးမှာတော့ လူတွေကျိတ်ကျိတ်တိုးစည် ကားနေပြီ။

“ကျောက်မဲမှာဈေးသုံးဈေးရှိတယ်နှင်းရဲ့၊ ဗဟိုဈေး၊ မနက်ဈေး၊ ညဈေးပေါ့၊ နှင်းအခုမြင်နေရတဲ့ဈေးကကျွန်တော်တို့ရပ် ကွက်နဲ့အနီးဆုံးဈေး၊ မနက်ဈေးပေါ့၊ သီရိမင်္ဂလာဈေးလို့လည်းခေါ်တယ်၊ အပြန်ဝင်ကြည့်မလား၊ ရှိနိုင်သေးတယ်” Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၃)”