ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၉)

(၁၉)

သူမရဲ့ သူ့ကိုမြင်တဲ့အံသြမှုက ဝမ်းသာအားရရှိလှသည်။ မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်သလို တွေ့လိုက်ရတဲ့အတွက်ကြောင့် သူမအံသြမယ်လို့တော့ သူတွေးထားပြီးသားပါ။

“ဟယ်၊ ကျော်ကျော် ဘုရား၊ ဘုရား နင်ကျော်ကျော်ဟုတ်ပါတယ်နော်”

“အေး၊ ငါကျော်ကျော်ပါဟ၊ နင့်ကိုလာတွေ့တာလေ”

“အေး ငါလည်းနင့်ကိုလွမ်းလို့သေတော့မယ် သိလား” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၉)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၈)

(၁၈)

ချစ်သူနဲ့မဝေးသောနေရာမှာ ရှိခွင့်ရဖို့ကလွဲရင်ကျန်တဲ့အရာတွေကိုဒုတိယအဖြစ်နဲ့သာစဉ်းစားခဲ့တဲ့ သူ့အနေနဲ့ စားဝတ်နေရေးကအဓိကအရာလည်းဖြစ်လာခဲ့သည်။ ရွှေရည်ဖြစ်စေချင်တဲ့လူတစ်ယောက် ဖြစ်ဖို့ တတ်နိုင်သမျှကြိုးစားမည်။ ရန်ကုန်ဆိုတာအခွင့်အလမ်းတွေအပေါများဆုံးနေရာမဟုတ်လား။

ရွှေရည် ထွက်ခွာပြီး လ ပိုင်းလောက်မှာပဲ သူလည်းရန်ကုန်ကိုရောက်လာခဲ့၏။ သူ့အတွက်တော့အရာ ရာဟာ စိမ်းကားတဲ့ အကြည့်တွေနဲ့သာပြည့်နှက်လို့နေလေသည်။ ငဇော်နဲ့သူနဲ့အဆက်အသွယ်ပြတ် ခဲ့တာ၊ စကားမပြောဖြစ်ခဲ့တာတော့ ရွှေရည်သွားပြီးကတည်းကပင်။ အရင်လို တစ်ယောက်ကိုတစ် ယောက်တွေ့ဖို့လည်း မရှာတော့ပါ။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၈)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၇)

(၁၇)

အရာရာတိုင်းကိုပုံသေတွက်ထားလို့မရဘူးဆိုတာ သူနားလည်လိုက်ချိန်မှာတော့ အဲဒီမြင်ကွင်းကို သူမြင်ရပြီးသားဖြစ်နေလေသည်။ ရွှေရည်က သူတို့နှစ်ယောက်ကိုပြောစရာ၊ တိုင်ပင်စရာရှိတယ်ဆိုပြီး ချိန်းထားရာကို လာခဲ့တာဖြစ်သည်။ သူဘယ်လိုမှထင်မှတ်မထားတဲ့မြင်ကွင်းတစ်ခု။

အဲဒီမြင်ကွင်းကို မြင်မှန်းမသိမြင်လိုက်ရလေသည်။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၇)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၆)

(၁၆)

ချစ်သူ့လိုအင်ဆန္ဒဖြည့်ဆည်းပေးခြင်းသည် ချစ်သူရဲ့စိတ်ချမ်းသာမှုအပြင် မိမိစိတ်ချမ်းသာမှုအတွက် လည်း အဓိကကျတဲ့အရာဖြစ်လေသည်။ သူ့ရဲ့လေးခုမြောက်သောစာအုပ်လှည်းလေးထောင်အပြီး နောက်မှာတော့ ရွှေရည့်လိုအင်တွေကိုအရင်ကထက်ပိုပြီးဖြည့်စွမ်းပေးနိုင်လာသည်။ စာအုပ်လှည်း တွေရဲ့ဝင်ငွေကအရမ်းမကောင်းလှပေမယ့် စားရေးသောက်ရေးဖူလုံတဲ့အပြင် အပိုငွေတွေကိုပါ စုဆောင်းနိုင်လာသည်။ နေစားရိတ်ကတော့ဘုန်းကြီးကျောင်းမှာမို့မကုန်သည့်အပြင် တစ်ခြားသူ့လို ဘုန်းကြီးကျောင်းကပ်နေတဲ့သူငယ်ချင်းတစ်ချို့ကိုပါ သူကအလုပ်ပေးနိုင်လာ၏။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၆)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၅)

(၁၅)

သူ့ရဲ့ပထမဆုံးစဉ်းစားပုံမှာ ရွှေရည်နဲ့အခုထက်ပိုပြီးတွေ့ခွင့်ရဖို့ပဲဖြစ်သည်။ အဲဒီတော့ သူမဘယ် နေရာမှာရှိတတ်တယ်၊ ဘာတွေလုပ်တယ်ဆိုတာကိုစုံစမ်းရသည်။ တစ်ပတ်တာလုံးမှာသူနဲ့ရွှေရည်တွေ့ ချိန်က ငဇော်နဲ့တွေ့ချိန်လောက်ရှိမှာမဟုတ်တာအသေအချာပင်။

Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၅)”