ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၄)

(၁၄)

တစ်စုံတစ်ယောက်ကိုချစ်မိသွားပြီဆိုရင် သူနဲ့ပတ်သက်ပြီးအရာရာခံစားနေရတော့တာပါပဲ။ သူပျော် နေတာတွေ့ရင် ကိုယ်လည်းပျော်မယ်၊ သူမျက်နှာညှိုးနေရင်ကိုယ်လည်းစိတ်မကောင်းဘူး၊ သူတစ်စုံ တစ်ရာလိုချင်တယ်ဆိုရင် ဖြည့်ဆည်းပေးချင်စိတ်ကပေါ်လာတတ်တာ သဘာဝပဲလားမသိတော့ပါ။ သူ ရွှေရည့် ကို တိတ်တခိုးချစ်နေမိတာတွေကတစ်နေ့ထက်တစ်နေ့ ဖုံးမနိုင်ဖိမရဖြစ်လာခဲ့လေသည်။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၄)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၃)

(၁၃)

“အား”

ကျွန်တော့်အော်သံကြောင့် ဘေးနားမှာရှိတဲ့သူတွေ ထခုန်သူခုန်၊ လန့်သူလန့်နဲ့ ရုတ်ရုတ်သဲသဲဖြစ်ကုန် သည်။

“ဟဲ့ ဟဲ့ လုပ်ကြပါဦး၊ ဟိုလူသတိရလာပြီ”

“အေး မသေသေးဘူးတော့်” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၃)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၂)

(၁၂)

“ငါလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတာ”

ကိုတန်းစီးဘာအမှုနဲ့ကျလာတာလဲ။ ဘာကြောင့်လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာပါလာတာလဲ သူနားမ လည်ပါ။ ဒါပေမဲ့ သူကတော့ ကိုတန်းစီးခေါ်ရာနောက်ကိုလိုက်လာခွင့်ရရှိခဲ့လေသည်။

မြောက်ဦးမြို့။ မြန်မာနိုင်ငံရဲ့အထင်ကရမြို့တစ်မြို့။ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်အများကြီးပိုင် ဆိုင်ထားတဲ့မြို့ကိုသူရောက်လာခဲ့ပြီ။ သူတို့ရွာကနေမြောက်ဦးကိုသွားဖို့က ဆင်အိုးဝရွာကိုစက်လှေစီး ပြီးအရင်သွားရသည်။ ဆင်အိုးဝရောက်တော့ကားစီးရင်စီး မြင်းလှည်းစီးရင်စီး ကြိုက်ရာနဲ့သွားနိုင် သည်။ ရာဇဝင်သမိုင်းအစဉ်အလာကြီးမားတဲ့မြို့ဆီကို လမ်းကြမ်းကြမ်း၊ ဖုန်ထူထူတောထဲ လမ်းတစ် လျှောက် ဘုရား၊ စေတီပုထိုးတွေကို ငေးရင်ရောက်မှန်းမသိရောက်သွား၏။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၂)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၁)

(၁၁)

သူ့ပိုက်ဆံတွေကိုတအံတသြကြည့်ပြီးအမေမျက်ရည်ဝဲလေသည်။

“သား လုပ်အားခလေအမေ၊ ကျောင်းတက်ဖို့လုံလောက်အောင်တော့ထပ်ပွားရမှာပေါ့”

အမေကခေါင်းညိတ်ပြသည်။ အရင်တစ်ခါလည်းပိုက်ဆံပွားဖို့ပြောရင်း ပြသနာတက်ကြတာမဟုတ် လား။ အခုတစ်ခါမှာတော့ သူရောက်လာတာနဲ့ဦးလှမောင်ကအပြင်ကို ထထွက်သွားလေသည်။ သူ့ကို ရန်မမူတော့။ အခြေအနေကသွေးအေးသွားပြီမှလား။ အမေကလည်းပြောထားမှာပေါ့။ ပြန်လာရင်ပြ သနာမရှာဖို့၊ ရန်မလုပ်ဖို့။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၁)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၀)

(၁၀)

လတ်တလောကာလ သူ့မှာတိုင်ပင်စရာဆိုလို့ကိုင်းမှာတွေ့ရတဲ့ အကျဉ်းသားအစ်ကိုကြီးတွေပဲရှိသည်။ အဲဒီအထဲမှာမှ ကိုတန်းစီးကအကြီးဆုံးလူလို့ သူကယူဆထားတာမို့ကိုတန်းစီးကို သူကြုံလာရသမျှတွေ ရင်ဖွင့်ဖြစ်၏။ အကျဉ်းသားတွေရဲ့လုပ်ငန်းခွင်ကိုကြီးကြပ်နေရင်း သူပြောသမျှကို ကိုတန်းစီးကနား ထောင်နေသည်။ အာရုံဝင်စားသလား မဝင်စားဘူးလားသူမပြောတတ်ပါ။ သူပြောချင်ရာကိုပြောလိုက် ရတဲ့အတွက်တော့ ရင်ထဲပေါ့သွားတာအမှန်ပင်။

“ဟူး မင်းအဖြစ်ကလည်းမလွယ်ပါလား” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၀)”