အသက်တမျှမြူ

အစ (၁)

“ လူနာအတွက် အရေးပေါ်သွေးအလှူရှင် လိုအပ်နေတယ် ” တောင်ငူဆေးရုံရှိ တိတ်ဆိတ်သွားခဲ့ပြီး သွက်လက်စွာ အရင်ဦးဆုံးမတ်တတ်ရပ်လိုက်သူမှာ ကျွန်တော်ပဲဖြစ်သည်။ ကျွန်တော်နဲ့ “ မြူ ” က သွေးအုပ်စုချင်းအတူတူလေ။ ကျွန်တော့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ သွေးတွေက “မြူ” ခန္ဒာကိုယ်ထဲ စီးဆင်း စေမှာ ဘယ်လောက်ကျေနပ်စရာ ကောင်းလိုက်ပါသလဲ။ ကျွန်တော်နဲ့ အတူတူ ထိုင်နေတဲ့ “မြူ” ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ ငနဲသားနှစ်ယောက် တုတ်တုတ်မျှ မလုပ်ဘဲထိုင်နေတာ ကို ရယ်ချင်သွားမိသည်။

“ ရှင်က…” Continue reading “အသက်တမျှမြူ”

ချော့ကလက်

“အမေ … သားလည်း ချော့ကလက်စားချင်တယ်”

လျှော်လက်စ၊ အင်္ကျီကို ခဏပုံ၊ နဖူးမှ ချွေးကို လက်နဲ့သပ်ရင်း သားဖြစ်သူကို ကြည့်လိုက်သည်။ ညစ်တေးလှပြီဖြစ်သော  အင်္ကျီနှင့် ဘောင်းဘီတို၊ မျက်နှာမှာလည်း ပေကျံလို့ နှပ်ချေးတွဲလောင်းကို ရှုံ့ ချည်နှပ်ချည်လုပ်လိုက်သေးသည်။

“အဲဒါ … စျေးကြီးတယ် သားရဲ့” Continue reading “ချော့ကလက်”

မိုးတွေရွာရင်

(၁)

ကောင်းကင်တစ်ခွင်လုံး မည်းညှို့ညှို့အရောင်သမ်းလာပြီဆိုလျှင် ကျွန်တော်တို့စိတ်ညစ်ရပြီဖြစ်သည်။ မိုးတွေရွာတော့မည်။ ကောင်းကင်မည်းမည်းကြီးက တစ်ဝေါဝေါအသံတွေခေါ်လာပြီး မိုးစက်မိုးပေါက် တွေနှင့်ကမ္ဘာမြေပြင်ပေါ်ကြဲချတော့မည်။ကျွန်တော်နှင့် သက်ထွေး တစ်ယောက်ကိုတစ်ယောက်ကြည့် ပြီး ငိုမဲ့မဲ့ဖြစ်ကြတော့မည်လေ။ မိုးရွာပြီဆိုလျှင် ကျွန်တော်တို့နှစ်ယောက်ခါတိုင်းထက်ပိုပြီး အလုပ်ရှုပ်ရ တော့မည်။ Continue reading “မိုးတွေရွာရင်”

All Star ဖိနပ်တစ်ရံ

(၁)

“ဟာ”

ကျွန်တော်စီးထားသည့် အဖြူရောင် All Star တံဆိပ်ရှူးဖိနပ်ပေါ်ကို အနီရောင် ပျစ်ပျစ်အရည်တွေ ကျလာတော့ ရုတ်တရက်ထ,ခုန်လိုက်မိသည်။ ဒါအချဉ် ရည်တွေပဲ။

“မင်း ….. မင်းဘယ်လို လုပ်လိုက်တာလဲ”

ဒေါသ ထောင်းခနဲထွက်သွားကာ အချဉ်ရည်ပုံးကိုင်ထားသူကို ရန်လိုမည့် အကြည့်နှင့် စူးဝါးဝါးကြည့် တော့ မိန်းကလေးတစ်ယောက်ဖြစ်နေလေသည်။ Continue reading “All Star ဖိနပ်တစ်ရံ”

“တံတားဟောင်းလေး”

(၁)

“အောင်မလေးဗျ”
ရုတ်တရက် ကျွန်တော့်ခြေတောက်တစ်ဖက်အိခနဲဖြစ်သွားမိသည်။ နူးညံ့ညင်သာသည့် ခံစားမှု ဖြစ်သော်လည်း အော်ဂလီဆန်လှသည်မို့မျက်နှာက ရှုံ့တွနေလိမ့်မှာအမှန်ပင်။ အာမေဋိတ် သံညည်း ရင်း ဘေးဘီဝဲယာလှည့်ကြည့်လိုက်သည်။ ကျွန်တော့်ညာဖက် လက်ငါးပြန်ခန့်အကွာမှာ အဖွား ကြီးတစ်ဦးနှင့် လူတစ်ယောက်။ ကိစ္စမရှိ။ ဒီလူတွေကို ရှက်စရာမလို။ ကျွန်တော့် လက်ဝဲဘက်…။ အင်း… အဲဒီမှာတော့ ကလေးတွေပဲရှိသည်။ Continue reading ““တံတားဟောင်းလေး””