(၉)
အဲဒီနောက်ပိုင်း ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရင်နဲ့ ဆန့်ကျင်ဖက် ဖြစ်လာခဲ့လေသည်။ တစ်ဦးပေါ်တစ်ဦး တကယ့် သူငယ်ချင်းအရင်းကြီးတွေလို သဘော ထားဖြစ်ကာ ညီညီတို့တောင်မနာလိုဖြစ်လာသည်အထိပင်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၉)”
(၉)
အဲဒီနောက်ပိုင်း ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရင်နဲ့ ဆန့်ကျင်ဖက် ဖြစ်လာခဲ့လေသည်။ တစ်ဦးပေါ်တစ်ဦး တကယ့် သူငယ်ချင်းအရင်းကြီးတွေလို သဘော ထားဖြစ်ကာ ညီညီတို့တောင်မနာလိုဖြစ်လာသည်အထိပင်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၉)”
(၈)
ကျွန်တော်တို့ရဲ့ training တစ်ပတ်မပြည့်ခင်မှာပဲ ဗီယက်နာမ်မလေးရဲ့ ကျန်းမာရေး ချို့ယွင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။
အဲဒီနေ့က ကျောင်းကအပြန် ဖယ်ရီပေါ်က အဆင်းမှာ သူမရဲ့ ငိုက်ခနဲယိုင်နဲ့သွားတဲ့ ပုံစံကို ကျွန်တော်မြင်လိုက်ပါသည်။
” အယ်… အယ်… အယ်… ဟိုမှာ ခေါင်းမူးသွားတာလား မသိဘူး”
စံပယ်ကလည်း ကျွန်တော့်လိုပဲ မြင်လို့လှမ်းပြောပါသည်။
ဟိုတယ် ဧည့်ကောင်တာကိုလည်းရောက်ရော ခင်းထားသော ဆိုဖာတစ်ခုံပေါ် မိုက်ခနဲ လဲကျသွားပါသည်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၈)”
(၇)
စာအမှတ်(၂)
“ဟန်နီ
ကိုယ့်ဆရာ သင်ခန်းစာအရ Journalistic Style နှစ်မျိုးရှိတယ်။ Reporting Styles (သတင်း) နဲ့ Opinion Lead Style (သတင်းဆောင်းပါး) တဲ့။ Reporting Style မှာ ခြောက်မျိုးခွဲခြားထားတယ်။ အဲဒီကစပြီး မင်းကိုပြောသွားမယ်။ ဒီနေ့ ပထမဆုံးပြောမယ့် အကြောင်းအရာ (သတင်းရေးနည်း) ကတော့ Reportage လို့ခေါ်တယ်။ အဲဒါက မင်းကို ကိုယ်ပြောပြမယ့် ရေးနည်း စုစုပေါင်းရှစ််မျိုးထဲက ပထမဆုံး တစ်မျိုးပဲ။ Continue reading “ရင်နှင့် အမျှ အပိုင်း (၇)”
(၆)
“Story အကောင်းဆုံးဆု”
အားလုံးရဲ့ အကြည့်က တက်ချ်မဟာ အကြောင်းပြောပြခဲ့သော ဆရာထံရောက် သွားသည်။ ဘာပဲဖြစ်ဖြစ် အားလုံးလိုချင်ကြတာပဲလေ။ ဒါပေမယ့် သေချာတာကတော့ အားလုံးရဲ့ ဆောင်းပါးက ပုံမှန်ရေးခဲ့ကြသည့် သတင်း၊ ဆောင်းပါးများလောက်ကောင်း လိမ့်မည်မဟုတ်ပါ။ ညက Happy Hour မှာ အရှိန်ကောင်းကောင်းနဲ့ စကားတွေများ ခဲ့ကြသလို ပြီးတော့လည်း ထမင်းတူတူစားကြ၊ ဧည့်ခန်းထဲ မှာစကားပြောကြနဲ့ ည ၁၁ နာရီထိုးသွားကြသည်။ မနက်ကျမှ အားလုံးလိုလို အစောကြီးထရေးကြတာဖြစ်သည်။ တစ််ချို့ကျတော့ ဖယ်ရီပေါ်ကျမှ Laptop နဲ့ရေးကြသည်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၆)”
(၅)
ငုယင်သိဟွာ (Nguyen Thi Hoa) သည် အခန်းထဲရောက်ရောက်ချင်း ကျောပိုးအိတ်ကိုပစ်ချ၊ ဖိနပ်၊ မျက်မှန်ကိုချွတ်ကာ ကုတင်ပေါ်ဒိုင်ဗင် ထိုးချလိုက်လေသည်။
“ဟူး မောလိုက်တာ”
ပူလိုက်တဲ့ ရာသီဥတု။ ၄၄ ဒီဂရီစင်တီဂရိတ်တဲ့။ ဟိုချီမင်းမြို့မှာ ဒီလောက် မပူအိုက် ဖူးပါဘူး။
”တီ တီ”
အခန်းတံခါးဘဲလ်သံကြောင့် အခန်းဖော် သူငယ်ချင်း ကျွမ် (Quynh) ကတံခါးထဖွင့်သည်။
“Hoa ရေ၊ မင်း အတွက်စာပါတယ်”
“ဟင်၊ ဘယ်ကလဲ ငါဒီရောက်တာ ရက်ပိုင်းပဲရှိသေးတာ။ စာတွေဘာတွေရောက်ဖို့ မဖြစ်နိုင်ဘူး ထင်တယ်” Continue reading “ရင်နှင့် အမျှ အပိုင်း (၅)”