ရင်နှင့် အမျှ အပိုင်း (၄)

(၄)
“သတင်းဘယ်နှစ်မျိုးရှိလဲ”
ပရော်ဖက်ဆာကြီးသည် အသက် ၆၀ ဝန်းကျင်ခန့်ရှိပြီး နှုတ်ခမ်းမွေးကားကား၊ နဖူး ပြောင်ပြောင်ဖြင့် တည်ကြည်ခန့်ညားသော ပုံသဏ္ဍာန်ရှိသည်။
သူ၏မေးခွန်းကို ဖြေမည့်သူနှစ်ယောက်ရှိသည်။ အဲဒီနှစ်ယောက် လက်ထောင်နေ ပါသည်။ ကျွန်တော်နှင့်သူမ။
မျက်လုံးချင်းဆုံမိကြသည်။ ကြည်လင်မှုမရှိသော၊ လှိုက်လှဲမှုမရှိသော အကြည့်ကို တွေ့ရသည်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၄)”

ရင်နှင့် အမျှ အပိုင်း (၃)

(၃)

“တပ်ချ်မဟာကို ငါးဆက်မြောက် မွန်ဂိုဘုရင် ရှားဂျာဟန်း (Shah Jahan) က သူ့ အချစ်ဆုံး မိဖုရားအတွက် သက်သေထူပြီး ဆောက်ခဲ့တာပါ။ မိဖုရားကွယ်လွန်ပြီး တစ်နေ့မှ မေ့မရနိုင်ဘဲ ပူဆွေးသောကရောက်ရတာ လပိုင်းအတွင်းမှာ မုတ်ဆိတ်၊ ဆံစ အားလုံး ဆွတ်ဆွတ်ဖြူပြီးအိုစာသွားသတဲ့။ မိဖုရား ကွယ်လွန်ပြီး တစ်နှစ်အကြာမှာ စတင်ဆောက်ခဲ့ တာပါ။ ဘုရင် ရှားဂျာဟန်းဟာ သူရဲ့ ချစ်ဇနီး ရုပ်အလောင်းကို ဂူဗိမာန်ကြီးရဲ့ ဝင်ပေါက် အလယ်တည့်တည့်နေရာမှာ မြုပ်နှံပေးခဲ့ကြတယ်တဲ့” Continue reading “ရင်နှင့် အမျှ အပိုင်း (၃)”

ရင်နှင့် အမျှ အပိုင်း (၂)

(၂)

ခရီးဆောင်အိတ်တွေထည့်ဖို့အတွက် လက်တွန်းလှည်းတစ်ခုကို ယူမည်အပြု ကျွန် တော့်ရှေ့မှ တစ်စုံတစ်ယောက်က ဖြတ်ယူတာကို ခံလိုက်ရသည်။
“ဟင်”
ကြည့်လိုက်တော့ ဘန်ကောက်လေဆိပ်မှာတွေ့ခဲ့တဲ့ ဟိုငနာမလေးပဲ။ အကြည့် ချင်းဆုံတော့ အံ့သြသွားပုံရပါသည်။ ကျွန်တော် ပခုံးတစ်ချက်တွန့်ပြလိုက်သည်။ နယူး ဒေလီအထိတောင် ရေစက်ပါ လာသေးတာကိုး။ လူဝင်မှုကြီးကြပ်ရေးကောင်တာ (immigration) ကိုသွားတော့လည်း ကျွန်တော်တို့အဖွဲ့ရဲ ့နောက်ကို သူမ ကပ်ပါလာ သည်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၂)”

ရင်နှင့် အမျှ အပိုင်း (၁)

ရန်ကုန်
Summit Park View Hotel
ကျွန်တော့်လို သာမန်သတင်းထောက်တစ်ယောက်အတွက်တော့ အစွမ်းကုန် ဖန် တီးပေးထားသော မင်္ဂလာပွဲဖြစ်သည်။ အသိ မိတ်ဆွေစာနယ််ဇင်းသမားတွေ၊ ဇနီးလောင််း မေမြသွယ်ရဲ့ လက်လှမ်းမီရာမိတ်ဆွေတွေနဲ့ ကျွန်တော်ရဲ့ ခင်ရာမင်ကြောင်း သတင်းရင်း မြစ်တွေ တော်တော်စုံလင်လှလေသည်။ ဖြူစင်သန့်ရှင်းမှုတွေ လွှမ်းခြုံစေချင်တဲ့ အဓိပ္ပာယ် နဲ့ သတို့သား၊ သတို့သမီးဝတ်စုံကအစ စားပွဲစုံ၊ အလှဆင်ပန်း၊ ခန်းမအပြင်အဆင်တွေ အားလုံးအဖြူရောင်တွေချည်းရွေးချယ်ခဲ့ပေမယ့် ကျွန်တော့်စိတ်တွေ ဖြူဖြူစင်စင်သန့်သန့် ရှင်းရှင််း မဖြစ်နို်င်ဘဲရှိလေသည်။ Continue reading “ရင်နှင့် အမျှ အပိုင်း (၁)”

မြတ်နိုးခြင်း ဒိုင်ယာရီ

(၁)
အဲဒီနေ့ဟာ ကိုယ့်ဘဝရဲ့ အပျော်ဆုံးနေ့လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကံအဆိုးရွား ဆုံးနေ့ဖြစ်ခဲ့တယ် နှင်းရယ်။ နှင်း . . . သိရဲ့လား . . . ။

မင်္ဂလာဆောင်အချိန်မတိုင်ခင် ဆယ့်ငါးမိနစ်အလိုအထိ သတို့သမီးရောက်မလာခဲ့ဘူး။ Continue reading “မြတ်နိုးခြင်း ဒိုင်ယာရီ”