လွန်လေပြီးသော ချစ်သူ အပိုင်း (၁၅)

(၁၅)

“ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ရှိပြီ မောင်၊ ဒိုင်ယာရီထဲမှာရေးထားတာ နောက်ထပ် မနက်ဖန်တစ်ရက်ပဲရှိတော့တယ်နော်”

သူမ ရော၊ ကျွန်တော်ပါ ဝမ်းနည်းမိသွားလေသည်။ ပြီးတော့ ကျွန်တော်တစ်စုံတစ်ရာကို သတိရမိလိုက်၏။ ဒေါ်ချစ်ဝိုင်း၊ ဒီအချိန်ဆိုရင် ဒေါ်ချစ်ဝိုင်း တရားစခန်းကထွက်လောက်ပြီပေါ့။ သွားတွေ့ရမည်။ အချိန်ကလုံးဝကျန်တော့တာမဟုတ်။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၅)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁၄)

(၁၄)

“မောင်ရင်က ဘာကြောင့်တွေ့ချင်ရတာလဲ”

ကျွန်တော်က အစ်မမြတ်သစ်ခွရဲ့မိဘတွေကိုတွေ့ချင်တယ်လို့ဆိုတော့ ဦးလေးကြီးကအံအားသင့်သွားလေသည်။ တတိယအကြိမ် မြောက်မှာတော့ သူတို့ကျွန်တော့်ကိုကောင်းကောင်းမှတ်မိသွားလေသည်။

“ကျွန်တော် အစ်မမြတ်သစ်ခွကိုပေးစရာအကြွေးရှိလို့ပါ”

“မင်းအရွယ်နဲ့” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၄)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁၃)

(၁၃)

၂၀၁၁ ခုနှစ်မှာဘာတွေဖြစ်ခဲ့သလဲ။ ဆက်သွယ်ရေးနဲ့ပတ်သက်ရင် ဘာတွေအပြောင်းအလဲဖြစ်ခဲ့သလဲတဲ့။ မကြာသေးသောနှစ်မို့ သူမ သိချင်တာကိုဖြေဖို့ ကျွန်တော့်အတွက်မခဲယဉ်းပါ။ သူမသိချင်တာတွေကို ဂျီတော့ခ်ချက်ဘောက်စ်ထဲကနေတစ်ဆင့် ပြောပြရင်း ကျွန် တော်တို့နှစ်ယောက်ရဲ့အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးစေမည်။

“မောင်” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၃)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁၂)

(၁၂)

သူမကိုကျွန်တော်မျှော်နေခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက်နေ့တွေ့ပြီးနောက်ပိုင်းသူမကိုမတွေ့ရတော့ပါ။ သူမနဲ့ကျွန်တော်စမ်းသပ်ထားသော ဒီဇင်ဘာ ၃၁ ရက်ဆီကိုရောက်လာခဲ့လေပြီ။ ညတိုင်းမျှော်နေခဲ့တာပင်။ ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ရဲ့ရေစက်ကကုန်သွားပြီလား။ စိတ်ပူနေမိခဲ့သည်။ ရင်ထဲမှာတစ်ခုခုလိုအပ်နေသလိုခံစားရသည်။ အစ်မမြတ်သစ်ခွကို ကျွန်တော်သံယောဇဉ်ဖြစ်ပြီလား။ သူမကိုကျွန် တော်ချစ်တယ်လို့ပြောမိမလား။ ဟင့်အင်း။ ဒါတော့မဖြစ်နိုင်။ ကျွန်တော်ပြောဖို့စိတ်မကူးမိပါ။ အချစ်ကိုအဲလောက်ထိပေါ့ပေါ့တန်တန် မထားဖို့စိတ်ထဲမှာ ရှိပြီးသား။ ပြီးတော့ ကျွန်တော့်မှာချစ်သူရှိသည်။ ကျွန်တော်နဲ့အွန်လိုင်းမှာဘယ်လောက်ပဲရင်းနှီးရင်းနှီး အပြင်မှာတစ် ခါမှမတွေ့ဖူးဘဲနဲ့တော့ အစ်မကိုကျွန်တော် အစ်မတစ်ယောက်လိုကလွဲရင် တစ်ခြားသံယောဇဉ်ထားဖို့စိတ်မကူးမိပါ။ ဒါပေမယ့် ကံကြမ္မာ က တစ်မျိုးဖန်တီးလာခဲ့လေသည်။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၂)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁၁)

(၁၁)

အခန်းထဲကိုဝင်ဝင်ချင်းမှာပဲ အဲဒီအခန်းရဲ့ရန့ံက ကျွန်တော့်နှာခေါင်းထဲ တိုးဝင်လာသည်။ မီးခလုတ်ဖွင့်လိုက်တာကြောင့် ကြွက်တွေလန့် ပြေးကုန်သည်။ ဖုန်တွေတော့မတွေ့ရပေမယ့် စာအုပ်အဟောင်းရန့ံရယ်၊ အဲဒီညှင်းသိုးသိုးရနံ့ရယ် ရောနေ၏။ စင်ရဲ့ညာဖက်အစွန်ဆုံး အပေါ်နှစ်ထပ်မှာ။ ကျွန်တော့်မျက်လုံးအစုံက အဲဒီနေရာဆီသို့။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁၁)”