လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂)

ပထမ လှိုင်း

(၁)
“မြတ်နိုးရောက်နေတယ်” လို့ကြားလိုက်ရတာနဲ့ ကျွန်တော့်တစ်ကိုယ်လုံးထူပူသွားကာ ဘာလုပ်ဘာ ကိုင်ရမှန်းမသိဖြစ်သွားမိလေသည်။ ကိုယ်ရင်မဆိုင်ချင်တဲ့နေ့ကိုရောက်လာပြီပေါ့ချစ်သူ။ မင်းရော ယ်လိုအင်အား တွေမွေးပြီး ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာလဲ။
“ဟူး” သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ကျွန်တော်ရေချိုးနေရင်း သူမရဲ့ စကားပြောသံတစ်စွန်း တစ်စကိုကြားရသည်။ အမေ့ကိုနေကောင်းလားမေးတာ၊ ညီမလေးကိုနင်ပိန်လိုက်တာလို့ ပြောတာ တွေပေါ့။ ကျွန်တော်ဘယ်လိုမျက်နှာထားနဲ့ ရေချိုးခန်းထဲကထွက်ရပါ့မလဲ။ ရည်စားဟောင်း အိမ်လာ လည်တာကို ဘယ်လိုနှုတ်ခွန်းဆက်စကားတွေနဲ့ ကြိုဆိုရပါမလဲ။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁)

အဖွင့်

ငွေလေးနည်းနည်းရွှင်တာနဲ့ အဲဒီဆိုင်ကိုမျက်စောင်းလှမ်းထိုးတတ်တဲ့ ကျွန်တော့်အကျင့်ကို မြတ်နိုးက သိနေခဲ့တာပါ။ Jumbo Seafood- Riverside Point ကိုတော့ စလုံးရောက်မြန်မာတော်တော်များများ လာလေ့လာထတော့မရှိပါ။ ဒါပေမဲ့ ငွေအရမ်းရွှင်တဲ့ မြန်မာတွေကိုတော့ တွေ့ရတတ်သည်။ ကျွန်တော် နဲ့ မြတ်နိုးကတော့ ဝင်ငွေကောင်းလှတဲ့သူတွေမဟုတ်ပေမယ့် ဒီတစ်ခေါက်တော့ရောက်ဖြစ်အောင် လာကြခြင်းဖြစ်သည်။ ကျွန်တော့်ကြောင့်ပေါ့။ အဲဒီဆိုင်က ဂဏန်း ဟင်းက ကျွန်တော့်ဘဝမှာ စားဖူးသမျှ ဂဏန်းဟင်းတွေထဲ အကောင်းဆုံးဖြစ်နေခဲ့တာပါပဲ။
ဒါပေမဲ့ အဲဒီနေ့ကတော့ ဂဏန်းဟင်းအရသာကိုမခံစားခဲ့။ မှာထားသမျှအရာရာတိုင်းဟာ အရသာမဲ့ဖြစ် ခဲ့ရလေတော့သည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁)”

မပြိုဘဲနဲ့ ညို အပိုင်း (၂၅) ဇာတ်သိမ်း

(၂၅)
“ညို ဘယ်မှာလဲ၊ ဘယ်ကိုထွက်သွားတာလဲဟင်”
ညို့အစ်မနဲ့ယောက်ဖလားတော့မသိဘူး။ ကျွန်တော့်ကိုကြောင်ကြည့်ပြီးပြိုင်တူဖြေကြတယ်။
“တောင်ပေါ်ကိုသွားပြီ”
“ဗျာ၊ ကြာပြီလား”
“ဒီမနက်လေးတင်ပဲ၊ အခုနကထွက်သွားတာ”
“ကျွန်တော့်ကိုလိုက်ပို့ပါဗျာ၊ ဘယ်နားလဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလိုက်ပို့ပါ” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂၅) ဇာတ်သိမ်း”

မပြိုဘဲနဲ့ ညို အပိုင်း (၂၄)

(၂၄)
တွေဝေမှုတွေနဲ့ ကျွန်မ မောင့်အနားကနေထွက်သွားခဲ့ပါတယ်။ မောင်စိတ်နာအောင်ဆိုပြီး မောင့်ပိုက် ဆံတွေကိုလည်းယူသွားခဲ့တယ်။ အဲဒီပိုက်ဆံတွေကို ကိုနေအောင်မင်းဆီကိုလွှဲထားပေးခဲ့တယ်။ ရန် ကုန်ရောက်ရင်သူပြန်လွှဲပေးလိမ့်မယ်မောင်။ မောင့် ကွန်ပျုတာကိုတော့မောင့်ဆီကိုပြန်ပေးဖြစ်ပါတယ်။ မောင် ကျွန်မအပေါ်ချစ်တဲ့အချစ်ကိုမြင်ပြီးအရမ်း ခံစားရတယ်မောင်။ ဘိုဘေးဈေးကိုမောင်လိုက်လာမယ်ဆိုတာ လုံးဝမတွေးခဲ့ဘူး။
“ညို့မိသားစုလိုအပ်နေတယ်ဆိုရင်ပေးလိုက်ပါညို၊ ကျွန်တော်လိုအပ်တာညိုပဲ၊ ညိုကျွန်တော်နဲ့လိုက် ခဲ့ပါနော်၊ ကျွန်တော်ဘဝမှာညိုရှိရင်နေရင်ကျန်တာတွေအားလုံးကိုဘယ်လောက်ပဲခက်ခဲပါစေရင်ဆိုင် မယ်၊ ဘာကိုမှဂရုမစိုက်ဘူး”
မောင့်ဆီကအကြင်နာတွေ၊ မေတ္တာတရားတွေကိုထင်ထားတာထက်ပိုရခဲ့တယ်။ မောင်နဲ့အတူတူနေဖို့ ထပ်ပြီး ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ အနှောက်အယှက်တွေကိုဘယ်လိုရှင်းရမလဲမတွေးတတ်ဘူး။ မောင် နဲ့ အတူနေချင်တာပဲသိတယ်။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂၄)”

မပြိုဘဲနဲ့ ညို အပိုင်း (၂၃)

(၂၃)
ညို့လက်ရေးဝိုင်းဝိုင်းလေးတွေက ညို့ရင်ဘတ်ထဲအထိထွင်းဖောက်မြင်နိုင်အောင်ကျွန်တော့်ကိုဆွဲ ခေါ်သွားခဲ့တယ်။ ညိုဖတ်ဖို့ကျွန်တော် စာတွေရေးသလိုပဲ ကျွန်တော်ဖတ်ဖို့ညိုကလည်းစာတွေရေးခဲ့တာပေါ့ ဟုတ်လားညို။ အဲဒီစာအုပ်လေးဆီက ပထမဆုံးစာမျက်နှာကိုလှန်လိုက်တယ်။
မောင်လို့တိတ်တခိုးခေါ်ပါရစေ မင်းပိုင်ဇေ။ ရှင့်ကိုကျွန်မသိပ်ချစ်တယ်မောင်။ အရာအားလုံးဟာ မောင့် ကိုချစ်မိခဲ့တာကနေစတင်တော့တာပါပဲ။ မောင့်ကိုမြင်မြင်ချင်းချစ်မိတာ။ အသည်းယားပြီးစခဲ့တာဟာ မောင်နဲ့ဇာတ်လမ်းဖြစ်ဖို့အစပျိုးခဲ့တာပါပဲ။ ပျော်ရွှင်စရာတော်တော်များ များပါဝင်ခဲ့တဲ့ ကျွန်မတို့ဇာတ်လမ်းဟာ ဇာတ်သိမ်းမလှဘူးလို့ဆိုရမယ်မောင်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မောင့်ကိုလုံးဝလက်မထပ်ပါဘူးလို့ကတိအထပ်ထပ်ပေးထားတဲ့အပြင် မောင့်ကိုလက်ထပ်မိရင် မောင့်အနားမှာနေမိခဲ့ရင် ကျွန်မပတ်ဝန်းကျင်၊ မောင့်ပတ်ဝန်းကျင် နှစ်ခုစလုံးအတွက် အရှက် ကွဲစရာ၊ အတိုက်အခံဖြစ်စရာဇာတ်လမ်းလေးတွေ ဆက်တိုက်ဖြစ်မှာသေချာနေလို့ပဲမောင်။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၂၃)”