(၁၇)
ညလုံးပေါက်ပျော်ပါးတယ်ဆိုတဲ့အရသာကို အဲဒီညကမှ ရခဲ့တာ။ ဘန်ကောက်မှာရှိနေတဲ့ကာလအ တွင်း ကျွန်တော်အခန်းပြန်ခဲ့တာချည်းပဲ။ ဒါပေမဲ့ အောင်ပွဲခံတဲ့ညကတော့ ညလုံးပေါက်ပျော်ပါးခဲ့တယ်။ ဒီဇာတ်လမ်းတွဲအတွက် ကျွန်တော်တို့အားလုံးပင်ပန်းခဲ့ကြတယ်။ ပင်ပန်း တဲ့အတွက် ဒီတစ်ညတော့ပျော်ပါးခွင့်ယူကြတဲ့သဘောပါ။
ညဖက်ဆိုင်သွား၊ သောက်စားကြပြီး ညလုံးပေါက်လျှောက်သွားကြတယ်။ အပျော်လွန်ခဲ့တဲ့အတွက် ပေးလိုက်ရတဲ့ပေးဆပ်မှုကကြီးလွန်းခဲ့တယ်ညို။
“အခန်းက ငါ့ပစ္စည်းတွေတစ်ချို့ကျန်သေးတယ်၊ အဲဒါတွေကိုသိမ်းရမယ်၊ ပြန်တော့မှာဆိုတော့မသိမ်း လို့မရဘူးလေ၊ မင်းသိမ်းပေးမှာလည်းမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့အခန်းကိုငါလိုက်မှရမယ် မင်းပိုင်ဇေ” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၁၇)”
မပြိုဘဲနဲ့ ညို အပိုင်း (၁၆)
(၁၆)
ကျွန်တော့်ရဲ့ Mac Book ကိုတော့ပြန်ရလိုက်ပါတယ်။ ဒါပေမဲ့တစ်ခြားပိုက်ဆံတွေကတော့ညို့အဒေါ် ဝမ်းကွဲလင်မယားကိုပေးပြီးသားမို့ပြန်မတောင်းတော့ပါဘူး။
“အဖမ်းအဆီးတွေများနေတာရယ်၊ ပွဲစားတွေကိုပေးရတာရယ်၊ ဟိုအကြွေးဒီအကြွေးတွေများတာရယ် ကြောင့်ဒုက္ခရောက်နေတာ၊ ညို့ကိုဘန်ကောက်ကိုလာဖို့သူတို့ အကူညီပေးခဲ့တဲ့အတွက်ကျေးဇူးရှိတယ်၊ အဲဒါကြောင့် ကြံမိကြံရာ လုပ်လိုက်မိတာပါ” ဆိုပြီး ညိုရှင်းပြ ပေမယ့် ကျွန်တော်ဂရုမစိုက်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့အတူ ညိုပါလာခဲ့ပြီ လေ။ ကျွန်တော့်အတွက် ညိုကအရေးကြီးဆုံးပဲမှလား။
အဲဒီရက်ပိုင်းတွေက ကျွန်တော်တို့နှစ်ယောက်ဘဝအတွက် ပျော်ရွှင်စရာအကောင်းဆုံးနေ့ရက်တွေပါ ပဲ။ ညို့ဆီက ကျွန်တော်မရရှိခဲ့တဲ့အရင်ကထက်ပိုတဲ့ကြင်နာမှုတွေကိုလည်းရခဲ့တယ်။
မနက်မိုးလင်းရင် ညို့အနမ်းနဲ့ကျွန်တော်နိုးတယ်။
ညိုထည့်ပေးတဲ့သွားတိုက်ဆေးနဲ့သွားတိုက်ရတယ်။ ရေမိုးချိုးပြီး တဲ့နောက် အိမ်ရှင်မတစ်ယောက်လိုပြင်ဆင်ပေးတဲ့ ညို့လက်ရာမနက်စာကိုမြိန်ရေယှက်ရေစားခွင့်ရတယ်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်အလုပ်တူတူသွားကြတယ်လေ။ တက်တက်ကြွကြွပါပဲ။ ရိုက်ကွင်းမှာ လာသမျှအပိုင်းအစတွေကို နှစ်ယောက်သားတက်ညီလက်ညီဖြတ်၊ အလုပ်အကြွေးမရှိ ဘဲနဲ့ ပြန်လာနိုင်ကြတယ်။
“တကယ်တော့ ရုပ်သံတည်းဖြတ်သမားတစ်ယောက်ရဲ့ဘဝဟာ ဥယျာဉ်မှူးဘဝလိုပါပဲ၊ ကိုယ်ကသေချာတည်းဖြတ်လိုက်တဲ့ရုပ်သံဇာတ်လမ်းကိုပရိတ်သတ်ကိုချပြ၊ ပရိတ်သတ်ကအသိအမှတ်ပြုလက်ခံပေမဲ့ နောက်ကွယ်ကတည်းဖြတ်သူကိုတော့ အရေးတယူလုပ်ပြီး မေးကြသိကြတာမရှိပါဘူး” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၁၆)”
မပြိုဘဲနဲ့ ညို အပိုင်း (၁၅)
(၁၅)
တကယ်တော့ ဘိုဘေတာဝါ (Bobae Tower) ဆိုတာ ဘန်ကောက်နဲ့အရမ်းကြီးအလှမ်းဝေးတဲ့နေရာ မဟုတ်ပါဘူး။ ကားစီးသွားရင်မိနစ်ပိုင်းအတွင်းမှာရောက်တယ်။ ညိုအဲဒီနေရာမှာရှိနေလိမ့်မယ်ဆိုတာ ကျွန်တော်လုံးဝမထင်ထားပါဘူး။
ဖူးခက်ဖြစ်ဖြစ်၊ ချင်းမိုင်ဖြစ်ဖြစ် တစ်နေရာရာများရှောင်ထွက်သွားမလာလို့ပဲထင်ထားခဲ့တာ။ ညိုရှိမယ့် နေရာ၊ အချိန်ကိုစောင့်ဆိုင်းဖို့အတွက် Bobae Tower နားက Prince Palace Hotel မှာတစ် ညတာ တည်းခိုခဲ့ရတယ်ညို။ ဒီဟိုတယ်က မြန်မာနိုင်ငံကလာတည်းတဲ့သူတွေတော်တော် များများတည်းတဲ့အထဲမှာပါတယ်။ အဓိကအချက်က Bobae Market ကြောင့်လို့ ကျွန်တော် ထင်တယ်လေ။
ဘန်ကောက်မှာ ဈေးဝယ်လို့အကောင်းဆုံးနေရာတစ်ခုထဲမှာ Bobae Market လည်းပါတယ်။ ဒီဈေးက မနက်သုံးနာရီလောက်ကနေ ခုနစ်နာရီလောက်အထိပဲဖွင့်တဲ့ဈေးကြီးပါပဲ။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၁၅)”
မပြိုဘဲနဲ့ ညို အပိုင်း (၁၄)
(၁၄)
ကျွန်တော်နိုးတဲ့အချိန်က မနက်လား၊ နေ့လည်လား မသဲကွဲတော့ပါဘူး။ ညက တော်တော်အိပ်ပျော် သွားခဲ့တယ်။ မနက်အိပ်ရာထရင်ခါတိုင်းလိုပဲ ညို့မျက်နှာလေးမြင်ရမယ်လို့ထင်ထားခဲ့တာ။ ဒါပေမဲ့ ထင်သလိုမဟုတ်ခဲ့ဘူး။
“ဟင်”
ညို အိပ်နေကျနေရာလေးမှာ ဗလာကျင်းရက်တွေ့လိုက်ရတယ်။ တစ်ခုခုတော့ထူးဆန်းနေသလိုခံစားရ ပြီး ကျွန်တော် ဇတ်ခနဲထ လိုက်မိတယ်ညို။ ဟုတ်တယ်။ တစ်ခုခုတော့ ဖြစ်နေပြီ။
“ညို”
ကျွန်တော်ခေါ်လိုက်ပေမယ့် ဘာထူးသံမှမလာဘူး။ ညို့အဝတ်အစားတွေကိုလည်းမတွေ့ရတော့ဘူး။ ညို ကျွန်တော့်ဆီကိုပြောင်းလာကတည်းက အဝတ်အစားအပ်ထားတဲ့နေရာကနေအပြီးသွားယူခဲ့ တယ်။ ကျွန်တော့်အခန်းထဲမှာပဲ ထားမယ်လို့ပေါ့။ အခု အဲဒီအဝတ်အစားသေတ္တာလည်းမတွေ့ရတော့ ဘူး။ ကျွန်တော် တစ်ခန်းလုံးနှံ့အောင်ရှာသေးတယ်။ ဒါပေမဲ့ မရှိတာတော့သေချာတယ်။
“ဟင်” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၁၄)”
မပြိုဘဲနဲ့ ညို အပိုင်း (၁၃)
(၁၃)
ထိုင်းနိုင်ငံဟာ အာရှရဲ့လဗ်ဗီးဂတ်စ်လို့တောင်ပြောလို့ရတယ်လို့ ဆိုကြတယ်မဟုတ်လားညို။ ပတ္တရား ရဲ့ ညဖက်က ဘန်ကောက်ညထက်ကိုပိုလွန်းနေခဲ့တယ်။ ပျားပန်ခတ်လှုပ်ရှားနေတဲ့ ဇိမ်ပျော် မယ်လေးတွေ၊ အရက်သေစာဆိုင်များစွာ၊ ကာစီနိုဝိုင်းတွေ၊ ကလပ်တွေနဲ့ ကမ်းခြေနားတစ်ဝိုက်ကျိတ် ကျိတ်တိုးစည်ကားလို့နေတယ်။
ကမ်းခြေတစ်လျှောက်မှာတော့ လမ်းဘေးဆိုင်ပေါင်းများစွာ။ ပင်လယ်စာအရောင်းဆိုင်၊ မုန့်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်၊ နာမည်ကြီးတံဆိတ်တွေရဲ့ဘေထုတ်အဟောင်းဆိုင်တွေ စုံလို့ပါပဲ။ အရှေ့ဖက် တည့်တည့်ဆီမှာတော့ ပင်လယ်ကြီးကလှိုင်းတဝုန်းဝုန်းနဲ့။ ကမ်းခြေတစ်လျှောက်အစွန်အဖျားဆီ မှာတော့ ပတ္တရားကိုအင်္ဂလိပ်လိုရေးထားတဲ့စာတမ်းကြီးက ဟီးနေရဲ့။ ညဖက်မီးရောင်စုံတွေကြောင့် ထင်းခနဲပေါ်နေတယ်။ မီးရောင်စုံ၊ လူရောင်စုံကြားထဲမှာ မြို့ကြီးကစည်ကားနေတယ်။
“ညို”
“အင်း”
“အလုပ်လုပ်ရတာ ဘယ်လိုနေလဲဟင်၊ ဒီလိုနေရာမျိုးတွေ့တော့ ညို့အလုပ်ကိုသတိမရဘူးလို့ ကျွန်တော့်ကိုမပြောနဲ့”
“ကျွန်မလုပ်တဲ့အလုပ်က ပြန်လည်သတိရစကားမကောင်းတာတော့ သေချာတယ်”
ကျွန်တော်ဝမ်းသာလိုက်တာ။ ကျွန်တော့်အကြံက ဘာစွမ်းစွမ်းတမံမကြိုးစားရဘဲအောင်မြင်ခဲ့ပါလားဆို တဲ့အသိက ကျေနပ်စေတယ်ညို။
“ညို့ကိုကျွန်တော် တကယ်ပဲ ပိုင်ဆိုင်ခွင့်ရခဲ့ပြီလား ညို”
ကျွန်တော်အရဲစွန့်ပြီးမေးလိုက်ပါတယ်။
“ညိုပြာပြာဟာ ရှင်ထိုင်းနိုင်ငံမှာရှိနေတဲ့အချိန်တိုင်းမှာပိုင်ဆိုင်ခွင့်ရရှိအောင် ရှင်ပဲဖန်တီးခဲ့တာပဲ မဟုတ်လား မင်းပိုင်ဇေရယ်”
“ဟင့်အင်း၊ ညို့ကိုကျွန်တော်ခဏတာအတွက်ရည်ရွယ်ခဲ့တာမဟုတ်ဘူး၊ ကျွန်တော်ရန်ကုန်ပြန်ရင် ညို့ကိုပါခေါ်သွားမယ်လေ၊ ညို့ကိုကျွန်တော့်အိမ်ထောင်ဖက်အဖြစ် ဘာလို့မပေါင်းသင်းနိုင်ရမှာလဲ”
“အို ကျွန်မ ကိုအဲလောက်ထိ”
ညို့မျက်ရည်တွေကို မီးရောင်စုံတွေကြားထဲ လက်ခနဲတွေ့လိုက်ပါတယ်။ ညိုငိုနေတာ။ လမ်းလျှောက် နေတာကိုရပ်ပြီး ညို့မျက်ရည်တွေကို သုတ်ပေးလိုက်ပါတယ်။ ပြီးတော ညို့ကို ကျွန်တော့်ရင်ခွဲထဲဆွဲသွင်းလိုက်တယ်။
“ဘာလို့ငိုတာလဲ ညိုရယ်”
ညိုက ကျွန်တော့်ရင်ခွင်နွေးနွေးမှာ ရှိုက်ကြီးတငင်ငိုပါတယ်။ ခဏတာမျှငြိမ်နေပေးလိုက်တယ်။ ငိုပါ ညို။ ဒါဟာစိတ်ထွက်ပေါက်တစ်ခုပဲ။ ဒီလိုအခြေအနေကို ထိန်းလိုက်ရင်ပိုဆိုးတယ်လို့ ကျွန်တော်ကြား ဖူးတယ်။ အဲဒါကြောင့်မို့ ခဏတာလောက်ညို့ကို ကျွန်တော်ငိုခွင့်ပေးလိုက်တာပါ။
“ကျွန်မလိုမိန်းမတစ်ယောက်ကို လက်ထပ်မယ့်သူ၊ လူရာသွင်းမယ့်သူရှိမယ်လို့ မတွေးခဲ့ဘူး”
“ညိုကဘာဖြစ်နေလို့လဲ၊ အဲဒီလိုသိမ်ငယ်စရာ၊ အားငယ်စရာစကားတွေမပြောပါနဲ့နော်၊ ကျွန်တော့်ကို ကတိပေးပါညို”
ညိုခေါင်းညိတ်ပါတယ်။
“ညို ကျွန်တော့်ကိုရောဘယ်လိုသဘောထားလဲ ဟင်”
“ကျွန်မ ရှင့်ကိုချစ်တယ် မင်းပိုင်ဇေ”
ညို့ဆီကနေ အဲလိုပွင့်ပွင်လင်းလင်းကြီးကြားရလိမ့်မယ်လို့ တကယ်ထင်မှတ်မထားခဲ့ဘူး။ ညို့စကား ကဟန်ဆောင်မှုကင်းမယ်ဆိုတာ ပကတိယုံကြည်ပါတယ်။
“ဒါနဲ့များ ကျွန်တော့်ကိုရှောင်ဖို့ဘာလို့ကြိုးစားခဲ့တာလဲ”
“ကျွန်မလို မိန်းကလေးတစ်ယောက်ကို ရှင်မပတ်သက်စေချင်လို့ပါ၊ အဲဒါကတော့ တကယ့်စေတနာ အမှန်ပါ၊ ရှင့်ကိုချစ်လို့ ရှင်နဲ့နီးစပ်အောင်လုပ်ရင် ကျွန်မ သိပ်အတ္တကြီးသွားမယ်လို့ယူဆတယ်၊ ပြီးတော့ ရှင့်ကို ခဏတာစိတ်ကစားတာလို့ပဲလည်းထင်ခဲ့မိသေးတယ်၊ ဒါပေမဲ့ ဒါဟာမဟုတ်ဘူး၊ မင်း ပိုင်ဇေကို ကျွန်မမေ့မရဘူးဆိုတာ သေချာလို့ပြန်လာခဲ့တာပါ၊ ရှောင်ထွက်သွားဖို့အခါခါကြိုးစားခဲ့ပေ မယ့် မအောင်မြင်ခဲ့ပါဘူး”
“ကျွန်တော့်ကို ညိုဘယ်အချိန်ကတည်းက ချစ်ခဲ့တယ်လို့ထင်လဲ”
“ကျုံထော်မှာကတည်းက”
“ဟင်”
“ဟုတ်တယ်၊ မြင်မြင်ချင်းစိတ်ဝင်စားမိခဲ့လို့ဇာတ်လမ်းဖန်တီးလိုက်တာပဲ၊ အဲဒီကတည်းကသဘော ကျနေတာ၊ ဘန်ကောက်မှာပြန်တွေ့တော့လည်းအံသြလို့မဆုံးဘူး၊ ဒါကြောင့် ရှင်ကျွန်မကိုသတိထား မိအောင်စဖို့ အကြံရသွားတာ၊ ရှင်နေမယ့်နေရာကို သိတာကလည်း ကံကောင်းစွာတိုက်ဆိုင်ခြင်းပေါ့ ၊ ထူးဆန်းစွာပဲ ရှင်ကကျွန်မကို အမြင်ကတ်ရာကနေ ချစ်လာခဲ့တယ်၊ အဲဒီအချိန်မှာတော့ ရှင့်ရဲ့ဖြူစင် ရိုးသားမှုကို ကျွန်မမလွန်ဆန်နိုင်တော့ပါဘူး၊ အပြစ်ကင်းတဲ့လူတစ်ယောက်ဟာ ကျွန်မနဲ့လုံးဝမထိုက် တန်ဘူးဆိုတာ သိလာတယ်၊ ဒါကြောင့် ရှောင်နေခဲ့တာ”
“နောက်ဆုံးတော့လည်း အချစ်က အနိုင်ရသွားတယ်ဆိုပါတော့”
“အင်းပေါ့”
ညို့ကို ကျွန်တော်ချစ်မိတာ အမှားဆိုရင်လည်း အဲဒီအမှားကိုပဲ ကျွန်တော်ခုံမင်စွာဖက်တွယ်မိမှာပါ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျွန်တော်မမှားပါဘူး။ ညို့ကိုကျွန်တော်မကြိုက်တဲ့ဘဝကြီးကနေ ဆွဲခေါ်ထုတ်လာနိုင်ခဲ့တယ်။ အချိန်တိုလေးအတွင်းမှာပေါ့။ ပြီးတော့ သူငယ်ချင်းတွေနဲ့လောင်းကစား ပွဲမှာလည်း ကျွန်တော်နိုင်တာပေါ့လေ။
ညို အဲဒီဘဝကြီးကို ပြန်မသွားဖို့ကတော့ကျွန်တော်ဆက်ကြိုးစားရဦးမှာပါ။ ဖြစ်နိုင်ရင် မြန်မာနိုင်ငံ ကိုပြန်ပြီး ဘဝတစ်ခုတည်ဆောက်ချင်စိတ်တွေပေါ်လာပြန်တယ်ညို။
“အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ညို့ကိုချစ်တာကတော့ သာယာမှုကနေစတာပါ”
ညို ရှက်သွေးလေးဖြာသွားတာကို မြင်ဖြစ်အောင်မြင်လိုက်ပါတယ်။ ကျွန်တော် မလိမ်ချင်ဘူးညို။ ဟုတ်တယ်။ အမှန်အတိုင်းပဲ။
“ဘဝမှာ ထင်မှတ်မထားတာတွေကဖြစ်လွန်းအားကြီးတော့ တစ်ခါတစ်လေလုံးဝယုံချင်စရာတောင် မကောင်းတော့ဘူး၊ ညို့ကိုကျွန်တော်ချစ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး”
“အခုတော့လည်းညိုတို့နှစ်ယောက်ကချစ်သူတွေတင်မကဘူးဘဝတစ်ခုကိုပါထူထောင်ဖို့ ကြိုးစားနေ ကြတာလေ ဟုတ်တယ်မှလား မင်းပိုင်ဇေ”
ညို့စကားတွေကြားရတာ ကျွန်တော်စိတ်ချမ်းသာလိုက်တာ။ ညိုအဲဒီဘဝဆီကိုလုံးဝမသွားတော့ ဘူးလို့ ကျွန်တော်ပိုယုံကြည်လာသလိုပဲ။ အချိန်ပိုင်းအတွင်းပဲရှိသေးတာမို့ လုံးဝယုံကြည်လို့မရသေး ဘူးဆိုတာတော့သဘောပေါက်ပါတယ်။ ဒါကလည်း တစ်ဖြည်းဖြည်းနဲ့ပြုပြင်ရဦးမှာပေါ့။
“ဟော ဟိုမှာပင်လယ်စာအစုံသုပ်ရောင်းတဲ့ဆိုင် ညို စားဦးမလား”
“ရှင့်သဘောလေ”
ကျွန်တော်တို့နှစ်ယောက် လမ်းဘေးပင်လယ်စာအရောင်းဆိုင်လေးဆီကို ဦးတည်လာခဲ့ကြတယ်။ ညကတော့ ဆူညံသံပေါင်းစုံနဲ့လှပလို့နေပါတယ်။ ပုစွန်၊ ရေဘဝဲ အဓိကပါတဲ့ ပင်လယ်စာသုပ်ကိုဝယ် လိုက်ကြတယ်၊ ပြီးတော ဝက်အသဲတွေချည်းချက်ထားတဲ့ဟင်းတစ်ပွဲကိုလည်းဝယ်လိုက်သေးတယ်။
“ရှင်တော်တော် အစားသောင်းကျန်တယ်နော် မင်းပိုင်ဇေ”
“ကျွန်တော့်အကြိုက်ဆုံးက ထိုင်းအစားအစာလေ”
ဝက်အသဲချက်က ဘိလပ်နံနံများများနဲ့ချက်ထားတာမို့မွှေးလို့နေတယ်။
“အစ်မ ဒါစားလို့ကောင်းတယ်မှလား၊ ကျွန်တော်တို့ဘာသာစကားလိုဆိုရင် အဲဒါကိုဝက်အသဲချက် လို့ခေါ်တယ်၊ You know ဝက်အသဲ ခေါ်ကြည့်ပါဦး ဝက်အသဲချက်”
ကျွန်တော်က ဈေးသည်အစ်မကြီးကို မြန်မာလိုတွေပြောနေတော့ အစ်မကြီးကရယ်ပြီးတော့ပဲ ကြည့်နေပါတယ်။ ညိုကတော့ ထုံးစံအတိုင်း ကျွန်တော့်လက်မောင်းကို ခပ်နာနာထုပြန်တာပေါ့။
“ဘာတွေ လျှောက်ပြောနေတာလဲ၊ မြန်မာလိုနားမလည်ဘူးလေ”
“ပြောကြည့်တာ၊ သူတို့အမြင်ကတ်တဲ့လူမျိုးပြောတဲ့ဘာသာစကားကို ကြားချင်မလားလို့”
အစ်မကြီးကမေးပါတယ်။ ဘယ်ကလာတာလဲတဲ့။ ကျွန်တော်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြေလိုက် တာပေ့ါ။ မြန်မာ လို့။ အစ်မကြီးက ရယ်ပြီးသူ့မျက်နှာကို လက်ညိုးနဲ့ဝိုင်းပြတယ်။ Same Thai ဆိုပြီး ထိုင်းနဲ့တူတယ်လို့ဆိုပြန်တယ်။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရယ် ကြတော့တာ မှတ်မိနေတုန်းပါပဲ ညို။
ဝယ်လာတဲ့အစားအစာတွေကို ကမ်းခြေသဲသောင်ပြင်ပေါ်ချ၊ ပုလင်းလေးတစ်ယောက်တစ်လုံးကိုင်ပြီး ပင်လယ်ကြီးကိုငေးနေခဲ့ကြတယ်။ ပတ္တရားရဲ့အမှတ်တရညလေးတစ်ညပေါ့ညို။ တကယ်တော့ ကျွန်တော်တို့မြင်ရတာ ပင်လယ်ကြီးရဲ့မှောင်မည်းနေတဲ့အလှတင်မဟုတ်ပါဘူး။ ကောင်းကင်မည်း မည်း၊ ဟိုတစ်စဒီတစ်စကြယ်ကလေးတွေ၊ လခြမ်းရယ် လည်းပါတယ်။
“ပတ္တရားကိုရောက်တုန်းရောက်ခိုက် အခြောက်ရှိုးတို့ Sex Show တို့ကြည့်သွားပါလား၊ ကျွန်မသိတယ် လိုက်ပြပေးမယ်လေ” လို့ညိုကဆိုတယ်။ ကျွန်တော် ကြည့်ဖို့စိတ်မဝင်စားခဲ့ပါဘူး။
“အခြောက်ရှိုးက အခြောက်တွေချည်းကပြတာ၊ အရမ်းကြည့်လို့ကောင်းတယ်၊ မိန်းကလေးအစစ်အ တိုင်းပဲ၊ ပတ္တရားမှာ နာမည်အကြီးဆုံးထဲမှာတစ်ခုအပါအဝင်ပေ့ါ၊ Sex Show ကျတော့သိတဲ့အတိုင်းပါ ပဲ၊ ဒီမှာက အဲဒါမျိုးနဲ့နိုင်ငံခြားဝင်ငွေရှာနေတာဆိုတော့လေ”
“ကျွန်တော့်ဘေးမှာ ညိုရှိနေသရွေ့ကာလပတ်လုံးတစ်ခြားဘယ်ကိုမှ မသွားချင်ဘူး၊ သွားချင်ခဲ့ရင် လည်းညိုနဲ့အတူတူပဲသွားချင်တာ”
“အလိုတော် ကျွန်မ အဲဒီရှိုးပွဲတွေကိုမကြည့်ချင်ပါဘူး၊ မနှစ်က သူငယ်ချင်းခေါ်လို့တစ်ခါပဲလိုက်သွား ကြည့်ဖြစ်တာ၊ ဘာလဲဆိုတာသိရုံပဲ”
ကျွန်တော်တို့မကြည့်ဖြစ်ခဲ့ကြဘူးလေ။ ပင်လယ်ကြီးကိုငေးပြီး စကားတွေဖောင်ဖွဲ့နေလိုက်ကြတာ မနက်မိုးလင်းခါနီးအထိလားပဲ။ ပျော်စရာတော့ ကောင်းခဲ့တယ်ညို။ ပတ္တရားဟာ ကျွန်တော့် အတွက် ပျော်စရာတော့ကောင်းခဲ့ပါတယ်။
အဲဒီကပြန်လာပြီး ပြသနာမဖြစ်ခင်အထိပေါ့။ ညို ကျွန်တော့်ကို လုပ်ရက်လိမ့်မယ်လို့လည်း ဘယ်လိုမှ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ပတ္တရားကပြန်လာအပြီး နောက်နှစ်ရက်မှာပေါ့။ ကျွန်တော့်ရဲ့အိပ်ရေးပျက် ညတွေကို ဆက်တိုက်အတိုးချပြီးအိပ်ပျော်မနေခဲ့ဘူးဆိုရင်ပေါ့ညို။
ပတ္တရားကပြန်လာတဲ့ညက နှစ်ယောက်သားနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာတရေးမှတောင်မနိုးကြဘူး။ နောက်တစ်ကျလည်းအဲဒီ အတိုင်းပဲ။ အလုပ်မှာအာရုံစိုက်ရတာများတော့ ညောင်းပြီးအိပ်ပျော်သွားတာ။ အထူးသဖြင့်ကျွန် တော်ပေါ့လေ။ ညိုကတော့။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။