မပြိုဘဲနဲ့ ညို အပိုင်း (၁၂)

(၁၂)
ပုစွန်တုတ်လေးကောင်ရယ်၊ ဂုံးတွေရယ်၊ ရေဘဝဲကင်ရယ် ကိုတစ်ခါသုံးပန်ကန်ထဲထည့်ထားပြီး သားရောင်းနေတဲ့ ဆိုင်ကိုရောက်တော့ ညိုရောကျွန်တော်ရော စားမယ်ဆိုပြီးသဘောတူလိုက်ကြ တယ်။ ပတ္တရားရိုက်ကွင်းက ထင်ထားတာထက်ပိုပင်ပန်းတယ်နော် ညို။ လောဘကြီးတဲ့ဒါရိုက်တာက လူကျိတ်ကျိတ်တိုးစည်နေတဲ့မြို့မြင်ကွင်း ဟိုတယ်မြင်ကွင်းတွေ၊ ဈေးတန်းတွေကို ရိုက်ပြီး ကမ်းခြေကို ပါ ရိုက်ပြီးတဲ့အပြင် coral island မှာပါ ဆက်ရိုက်ဖို့ အားလုံးကိုဆော်သြတော့ ညနေသုံးနာရီလောက် ရှိနေပြီ။ ဒါပေမဲ့ အားလုံးက တက်တက်ကြွကြွနဲ့ပဲရောက်လာခဲ့ကြတယ်။ ကွန်ပျုတာတွေကိုတော့ ကျွန်းအထိသယ်လာပြီး အလုပ်လုပ်ဖို့သိပ်မကောင်းတာမို့ ကျွန်တော်နဲ့ညိုက ရိုက်ကွင်းကြည့်ဖို့သပ် သပ်ပဲ လိုက်လာခဲ့ကြတာပေါ့။
စိမ်းပြာပြာပင်လယ်ရေ၊ သွားရည်တမျှားမျှားနဲ့ စားချင်စဖွယ်ဆွဲဆောင်နေတဲ့ပင်လယ်စာတွေ၊ မြူး ထူးပျော်ပါးနေတဲ့ နိုင်ငံပေါင်းစုံကခရီးသွားတွေရယ်ကိုတွေ့ပြီးနောက်မှာတော့ အလုပ်ကိုလက်စမြန် မြန်သတ်ဖို့ အားလုံးတက်ကြွနေကြတယ်။ ပြီးတော့ ရေကစားကြမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ကတော့ ရိုက်ကွင်းကြည့်သယောင်ယောင်နဲ့ လစ်ထွက်လာခဲ့ကြတာလေ။
“ပင်လယ်စာနှစ်ပွဲ၊ သင်္ဘောသီးထောင်းတစ်ပွဲပေးပါဗျို့” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၁၂)”

မပြိုဘဲနဲ့ ညို အပိုင်း (၁၁)

(၁၁)
ညိုရောက်လာရမယ့်ညမှာရောက်မလာခဲ့ဘူး။ ဒါဟာကျွန်တော့်ကိုစိန်ခေါ်လိုက်တာလားလို့ထင်မိပေ မယ့် ညို့ကိုတိုင်လားတန်းလာလုပ်ဖို့ကျွန်တော်အစီအစဉ်မရှိပါဘူး။ အပြောပဲရှိတာ၊ တကယ်တန်း လက်တွေ့မှာ ဘယ်ကနေဘယ်လိုလုပ်ရမှန်းလဲမသိပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာနည်းနည်းတော့တင်းမိ တာအမှန်ပဲညို။ ညို့အတွက်ကျွန်တော်တတ်နိုင်သမျှစီစဉ်ပေးတာဘာလို့လက်မခံရတာလဲဆိုပြီး စိတ် ထဲမကောင်းဘူး။
တကယ်တော့ ကျွန်တော်ဟာညို့အနာဂတ်ကိုအကောင်အထည်ပေါ်အောင်ထောက်ပံ့ပေးချင်တဲ့သူ တစ်ယောက်ပါညို။
(၃) ညို့အနာဂတ်ကဘာလဲ။
“ဘဝမှာအများကြီးမမျှော်မှန်းပါဘူး၊ တစ်ပိုင်တစ်နိုင်စီးပွားရေးနဲ့ ရွှေဂွန်းမှာအခြေတကျနေထိုင်နိုင်ရင် တော်ပါပြီ၊ မွေးရပ်မြေနဲ့မိုင်တွေအများကြီးခြားနေတဲ့ဟောဒီနေရာက ညတွေကိုမဖြတ်သန်းချင်တော့ ပါဘူး” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၁၁)”

မပြိုဘဲနဲ့ ညို အပိုင်း (၁၀)

(၁၀)
“ရှင် ဒါဘယ်ကရသလဲ”
ပရင့်ထုတ်ထားတဲ့ ညို့ကိုယ်ရေးရာဇဝင်ကိုကြည့်ပြီး အံသြနေပါတယ်။ ကျွန်တော့်လက်ထဲညို့ပရိုဖိုင် ရောက်နေတာ ဆန်းကြယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော်ကလိုက်စုံစမ်းနေတဲ့သူပဲလေ။
“ဘယ်ကရရပါ”
“ဒါပြဖို့ ကျွန်မကိုခေါ်တာလား”
“ဟုတ်တယ်”
“ကဲ ကြည့်ပြီးပြီ၊ ပြန်တော့မယ်လေ”
သိပ်မထူးဆန်းတော့တဲ့ပုံစံကိုပြောင်းပြီး ပြန်ဖို့ထလိုက်ပါတယ်။ ကျွန်တော်ပြောချင်တဲ့စကားမပြောရ သေးတော့ ညို့ကိုတားလိုက်တာပေါ့။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၁၀)”

မပြိုဘဲနဲ့ ညို အပိုင်း (၉)

(၉)
ကျွန်တော် အဲဒီအစီအစဉ်ကို ညိုနှုတ်ဆက်သွားပြီးနောက်တစ်ရက်ကတည်းကကြံစည်နေခဲ့တယ်။ လုပ်ငန်းခွင်မှာလည်း ညိုနဲ့တွေ့ဖို့ဘယ်လိုအကြောင်းဖန်ရမလဲဆိုတာကိုအလုပ်လုပ်ရင်းတွေးနေခဲ့တာ ပေါ့ညို။
ဘန်ကောက်မြို့လယ်ရဲ့မြင်ကွင်း၊ မိုးမျှော်တိုက်ကြီးတွေ၊ ကားလမ်းတွေ၊ ပျားပန်းခတ်လှုပ်ရှားနေတဲ့ လူတွေ အဲဒါတွေကိုစက္ကန့်ပိုင်းစီပြ။ ပြီးတော့ MBK Shopping စင်တာမြင်ကွင်းကိုအပေါ်ကနေဖြည်း ဖြည်းချင်းဆင်းလာပြ၊ ရှေ့တံတားပေါ်မှာချစ်သူနှစ်ဦးမြင်ကွင်း။ ဒီနေ့တော့ ဘန်ကောက်မြို့လယ်ရိုက် ကွင်းမို့ သာသာယာယာပဲညို။ ခါတိုင်းလိုကားတွေတစ်သီတစ်တန်းကြီးနဲ့ ဝေးဝေးသွားစရာမလိုဘူး လေ။ နောက်ပြီးတော့ ကျွန်တော့်အတွက်လည်းအခွင့်အရေးတစ်ခုရခဲ့တယ်။ စားသောက်ဆိုင်တစ် ဆိုင်ကိုရိုက်ပြရမှာမို့ ညိုရှိတဲ့ဆိုင်ကိုရိုက်လို့ကောင်းမယ်ဆိုပြီး အကြံပေးနိုင်ခဲ့တယ်လေ။ Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၉)”

မပြိုဘဲနဲ့ ညို အပိုင်း (၈)

(၈)
နောက်နှစ်ရက်ကြာပြီးညဖက်မှာမှ ညိုရောက်လာခဲ့တယ်။ မျှော်နေခဲ့တာပေါ့ညို။ အောင်သက်ပိုင်ထား ခဲ့တဲ့အလုပ်အကြွေးတွေကိုလုပ်ရင်းမျှော်နေခဲ့တယ်။ ဆိုင်ကိုလည်းမသွားဖြစ်ဘူး။ ညိုလာရင်လွဲမှာစိုး လို့လေ။ အလုပ်ထဲဈာန်ဝင်စားနေတုန်းမှာပဲ ညိုတံခါးခေါက်ခဲ့တယ်။
“ရှင့်အခန်းကလည်း ရှုပ်ပွနေတာပဲနော်”
ညိုက ကျွန်တော်နေရတဲ့အခန်းကို မျက်လုံးကစားပြီးကြည့်တယ်။ တစ်ခါမှမရောက်ဖူးတဲ့ပုံစံဖြစ်နေ တယ်တဲ့။ ဟုတ်တယ်။ ရန်ကုန်မှာဆိုရင်လည်း ကျွန်တော်နေတဲ့အခန်းကအခုလိုပါပဲညို။ ကျွန်တော့် ဘဝမှာ အမေကပဲအရာရာတိုင်းကိုစီစဉ်ဖန်တီးပေးတာပဲ။ အိပ်ရာခင်းတာကအစ၊ ထမင်းစားတာအဆုံး အမေရဲ့စီစဉ်ပေးမှုအောက်မှာပဲကြီးပြင်းခဲ့တာ အခုထိပါပဲ။
“ကျွန်မ သိမ်းပေးမယ်” Continue reading “မပြိုဘဲနဲ့ ညို အပိုင်း (၈)”