(၁၉)
အဲဒီညက အိပ်မက်ထပ်မက်ပြန်သည်။ ဒီတစ်ခါတော့ အရင်ထက်ပိုထူးဆန်းသည်။ ကျွန်တော်အိပ်မက် က အိပ်မက်တစ်ခုအဖြစ်သာမဟုတ်တော့။ ရုပ်ရှင်ပြကွက်တစ်ခုလို ကွင်းကွင်းကွက်ကွက်မြင်ရသည်။ ကျွန်တော်ဂျာကာတာကိုထွက်လာသည့် နေ့ ငြိမ်းတို့မင်္ဂလာဆောင်သည့်နေ့ကမြင်ကွင်းပေါ့။ ကျွန်တော် ပေးသည့်လက်ဖွဲ့ကိုဖောက်ဖို့ သူတို့နှစ်ယောက်ပြောနေကြတာ။
ငြိမ်း၏ဦးလေးက ကျွန်တော်ပေးသည့်လက်ဖွဲ့ကို သူတို့ဆီအရောက်ပေးနိုင်ခဲ့သည်။ အလှပြင်ပြီး ကားပေါ်သို့ တက်လာသည့်သူတို့နှစ်ယောက်နေရာနားတွင် ပါဆယ်ထုတ်ကိုချထားခဲ့သည်။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၉)”