(၁၄)
“ငြိမ်းနဲ့ ဇင်လင်းမောင်ဟာ မကြာခင်လက်ထပ်တော့မယ့်သူတွေပါ”
“ဟင်”
ကျွန်တော့် ကမ္ဘာပြိုသွားခဲ့သည်။
ပြင်းရှရှစကားတစ်ခွန်းခွန်းကြားရမည်ဟုတော့ မျှော်လင့်ထားခဲ့၏။ ဒါပေမဲ့ အဲဒီလောက်ထိပြင်းအား ကောင်းလိမ့်မည်ဟု မထင်ထားခဲ့။ ရင်ခုန်နှုန်းများ တစ်ဒိန်းဒိန်းတုန်ခါသွားသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကျွန်တော့်မှာ အလုပ်ကလွဲရင်ခင်တွယ်စရာသူငယ်ချင်းများများစားစားရှိသည်မဟုတ်။ မိဘဆိုတာကလည်းမရှိတော့သည်မို့ သံယောဇဉ်တစ်ခုခုရလာလျှင် သူများထက်ပိုပြီးခင်တွယ်တတ်ခဲ့ သည်။ ကျွန်တော်ချစ်ရသော ငြိမ်းကို ဘယ်လောက်ထိလေးလေးနက်နက်ချစ်ရတယ်ဆိုတာ ပြောစရာ တောင်မလိုတော့။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၄)”