သိန်းရင်တို့အဖွဲ့

ဖြန်းခနဲ ကြားလိုက်ပြီး ရုတ်ရုတ်သဲသဲဖြစ်ပြီဆိုတော့ ပြဿနာအကြီးကြီးတစ်ခုတက်ပြီဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။

ပုံမှန်ကတော့ အဲဒီလိုရုပ်ပျက်ဆင်းပျက်ပြဿနာမျိုးတစ်ခါမှတော့ မဖြစ်ဖူးဘူး။ ကျောင်းရဲ့မာစတာတန်း တစ်နှစ်စာကမ့် (Camp) ဆိုတော့ အသက်တွေလည်း နှစ်ဆယ်ကျော်နေကြပြီမို့ ရင့်ကျက်စွာနဲ့ ဖြေရှင်းနိုင်ခဲ့မယ်လို့ထင်ထားခဲ့တာ။ ဒါပေမဲ့ ဟုတ်မနေခဲ့ဘူး။ Continue reading “သိန်းရင်တို့အဖွဲ့”

တန်ပြန်

(၁)
ထိုအမျိုးသမီးအကြောင်းမကြားရဘူးဆိုပါလျှင် ကျွန်တော်တို့နှစ်ယောက်၏ အခိုက်အတန့်များသည် ကြည်နူးသာယာစရာအပြည့်ပင်။
တနင်္ဂနွေညနေခင်းသည် ပုံမှန်အားဖြင့် သာယာချိုမြိန်စရာအခိုက် အတန့်များဖြစ်သည်။ ထိုနေရာကလေးတွင်နှစ်ယောက်သားထိုင်ကာ ပတ်ဝန်းကျင်ကိုမိန်းမောကြည့်ရှု လျက်စကားစမြည်ပြော၊ လွန်ခဲ့သောလေးနှစ်များဆီက ကြည်နူးစရာကလေးများကို စမြုံ့ပြန်ရင်း ဖြတ်သန်းနေကျပင်။ လူသွားလူလာ အနည်းငယ်ရှိနေသည့်တိုင် ကျွန်တော်တို့နှစ်ယောက်စကားကောင်း ကောင်းပြော၍ရပါသည်။ ကော်ဖီဆိုင်မှာ ချိန်းတွေ့ဖို့ကတော့ အခုကာလ ကုန်ဈေးနှုန်းနှင့်ဆိုပါလျှင် အနည်းဆုံး နှစ်သောင်း၊ သုံးသောင်း ဝန်းကျင်တော့ကုန်ကျမည်။ Continue reading “တန်ပြန်”

အိမ်နီးချင်း

အဲဒီညီအစ်မနှစ်ယောက်ကို ဖိုးထွန်းစ,ပြီးသတိထားမိတယ်။ နွယ်နွယ်ဆန်းနဲ့ ငြိမ်းငြိမ်းကျော်တဲ့။ သူ့အမေ ရဲ့ ခေါ်သံစွာစွာ၊ စွာစွာကြောင့် နာမည်ကိုကြားပြီးမှ လူကိုတွေ့တာ။ သူတို့က ဖိုးထွန်းတို့အိမ်ဘေးက အိမ် ကလေးကို ပြောင်းလာတာ တစ်ရက်နှစ်ရက်ပဲရှိသေးတယ်။ Continue reading “အိမ်နီးချင်း”

ဆရာမ ပလေးတယ်

ကျွန်တော် သူ့ကို ကျောင်းဆရာမလေးမှန်းမသိဘူး။ တရားစခန်းအဆောင်ထဲ ကျွန်တော့်ဘေးမှာ နေတဲ့ ကောင်ရဲ့ ရည်းစားလို့ပဲသိထားတာ။ အတော်ကလေးယဉ်တယ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ ဝါညက်ညက်ပါးပြင်ကလေးနဲ့ အသားညိုညိုကလေး၊ အပြုံးချိုချိုကလေးကိုစ,ပြီးသတိထားမိတယ်။ ရှင်းရှင်းပြောရရင် သူများရည်းစားမှန်းသိရက်နဲ့ သဘောကျမိခဲ့တယ်ဆိုပါတော့။ Continue reading “ဆရာမ ပလေးတယ်”

ပေတံ

(၁)
ခုနစ်လွှာရဲ့အပေါ်ခေါင်မိုးစလပ်ပေါ်ကို ကျွန်တော်ရောက်တဲ့အချိန်မှာ လူတော်တော်များများလည်း‌ ရောက်နှင့်နေခဲ့ပြီ။ အင်း…မျက်မှန်းနဲ့ရေကြည့်လိုက်တာ ဆယ့်နှစ်ယောက်၊ ကျွန်တော်နဲ့ဆို ဆယ့်သုံး ယောက်ပေါ့။ အားလုံးက ဒီတိုက်ထဲမှာနေတဲ့လူတွေချည်းပဲ။

မိသားစုပေါင်းစုံ၊ စရိုက်စုံကလူတွေထဲက အစပ်စုဆုံးဆယ်သုံးယောက်ဆိုရင်လည်း ရယ်စရာဖြစ်ဦးမယ်။ ဆရာမနုနုရည်အင်းဝရဲ့ မြစိမ်းပြကမာ ရွက်ဝတ္ထုထဲကလိုပါပဲ။ မတူညီတဲ့ ပုံစံတွေ တူညီတဲ့ တိုက်အဆေက်အဉီတစ်ခုတည်းမှာနေကြရတဲ့အခါ ရသစုံတဲ့ ဇာတ်ခုံတစ်ခုဖြစ်သွားတာပါပဲလေ။ အားလုံးတူညီတဲ့အရာက ဒီခေါင်မိုးပေါ်ကိုတကူးတက တက်ပြီး စပ်စုဖို့အကြောင်းဖြစ်လာရတာပါပဲ။ Continue reading “ပေတံ”