“ညီလေး ရွှတ် ရွှတ် ရွှတ်” လို့စခေါ်ကတည်းက သူအလိမ်ခံရတော့မည်၊ ခေတ်စကားနှင့်ဆိုပါလျှင် ဂျင်းမိ တော့မည် မှန်း ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော်လည်း ရန်ကုန်ကိုရောက်ခါစကထိုသို့ပင် ဂျင်းအမိခံ ခဲ့ ရသည်မဟုတ်ပါလား။ အခေါ်ခံရသောညီလေးသည် အသက်အားဖြင် ၂၀ စွန်းစွန်းသာရှိဦးမည်။ ရုပ်ရည် ခပ်သန့်သန့်ထဲကဖြစ်ပြီး ဆံပင်ကိုကျော့နေအောင်ဖြီးထားကာ ဂျင်းဘောင်းဘီနှင့်တီရှပ်ကိုသေသေသပ် သပ်ဝတ်ဆင်ထားလေသည်။ သူ့မျက်နှာမှာတော့ ဝက်ခြံဖုများက ဟိုတစ်စုဒီတစ်စုဖြင့် နီညိုရောင်သန်း နေလေ၏။ ထိုအချက်ကပဲ တရွှတ်ရွှတ်အခေါ်ခဲ့ရလေခြင်းပင်။ Continue reading “ဆေး”
ရပ်ကွက်ထောက်ခံစာ
အပန်းမကြီးလှဘူးဟုယူဆထားသည့် သူက ကျွန်တော့်ကို “ရပ်ကွက်ထောက်ခံစာလေးတစ်စောင် လောက် မနက်ဖြန်ရုံးတက်ရင်ယူခဲ့ပါကွာ” ဟုပြောခဲ့ရာမှ ထိုအဖြစ်အပျက်စတင်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန် တော်အလုပ်ဆင်းရတော့မည်။ မနက်ဖြန်ကျွန်တော်အလုပ်ဆင်းရတော့မည်လေ။ ရပ်ကွက်ထောက်ခံစာ ကိုအလုပ်ဆင်းသည့်နေ့တွင်ယူလာရန် HR မန်နေဂျာက မှာလိုက်ခြင်းပင်။
“ဟုတ်ကဲ့ ယူခဲ့ပါ့မယ်”
ကျွန်တော်ကတိပေးလိုက်မိသည်။ နေထိုင်ရာရပ်ကွက်ရုံးတွင် ထောက်ခံစာတစ်စောင်ယူလိုက်ရင်ရပြီ ပေါ့။ အလုပ်သစ်အတွက် အပြတ်သဖို့ လှည်းတန်းတွင်ဆံပင်ဝင်ညှပ်မည်။ အွန်လိုင်းမှ မှာယူထားသော ရှူးဖိနပ်သစ်ကို မနက်ဖြန်အလုပ်သစ်မှာထုတ်ကြွားစီးဖို့အတွက် ခြေအိတ်အသစ်လည်းဝင်ဝယ်ရဦးမည်။ ဆံပင်ညှပ်ရင်းမျက်နှာလေးပါပေါင်းတင်လိုက်ဦးမှပါ။ ကောင်မလေးတွေအမြင်မှာ လန်းနေဖို့လိုအပ် သည်မဟုတ်ပါလား။ လုပ်စရာရှိသည်များကိုလုပ်ပြီးသည့်နောက်တွင် အိမ်ပြန်သည့်အခါ ရပ်ကွက်ရုံးကို ဝင်ပြီး ရပ်ကွက်ထောက်ခံစာယူလိုက်မည်ပေါ့။ Continue reading “ရပ်ကွက်ထောက်ခံစာ”
ကားဆရာ နှင့် ယာဉ်ပိုင်ကြီး
ရခိုင်ပြည်နယ်ကိုကယ်တင်ရမယ့်အထဲမှာ ခရီးသွားကားဂိတ်တွေလည်းပါတယ်။ အခြားဒေသကို သွားတဲ့ဟိုင်းဝေးကားနဲ့ ရခိုင်ပြည်နယ်ဖက်ကိုသွားတဲ့ ဟိုင်းဝေးကား ကွာပါတယ်။ ဘာကွာလဲဆိုတော့ စေတနာကွာပါတယ်။
မနှစ်ကပေါ့။ ဒီလိုအချိန်မှာ ကျွန်တော်နဲ့မိတ်ဆွေအချို့ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းကို ခရီးထွက်ခဲ့ကြ ပါတယ်။ ပိတ်ရက်ရှည်ခံနေတာကြောင့် ပြန်တဲ့သူများလို့ဟိုင်းဝေးကားတွေ လူပိုတင်တော့မယ်ဆိုတာ တော့သိလိုက်တယ်။ ဒါပေမဲ့ အဲလောက်ဆိုးရွားမယ်လို့မထင်ထားခဲ့ဘူး။ Continue reading “ကားဆရာ နှင့် ယာဉ်ပိုင်ကြီး”
တန်းမစီတဲ့ မိတ်ဆွေအသစ်
လူအုပ်က တိုးဝှေ့နေကြသည်။ သေချာရေတွက်ကြည့်လိုက်သည့်အခါ ကျွန်တော်အပါအဝင် ခြောက် ယောက်မျှသာ။ သို့သော်လည်း စာအုပ်ဆိုင်၏ ငွေရှင်းကောင်တာက ကျဉ်းမြောင်းလှသည်မို့ လူအုပ်ကြီး ပြုံတိုးနေသည့်ပမာမြင်ရလေသည်။
“တွေ့ပြန်ပြီ တစ်နေရာ” Continue reading “တန်းမစီတဲ့ မိတ်ဆွေအသစ်”
၆၁ ဘတ်စ် (ဝတ္ထုတို)
“ဖုန်းနှိုက်သွားပြီ”
ကျွန်တော့်နောက်မှ အမျိုးသမီးငယ်၏ အာမေဋိတ်ကြောင့် ဘတ်စ်ကားတစ်စီးလုံး၏ အာရုံကသူ့ထံကို ရောက်သွားခဲ့လေသည်။ အသက် ၂၀ စွန်းစွန်းသာရှိမည့်မိန်းကလေး။ အလုပ်သွား သည့်ပုံစံပေါက်သည်။ ကျောပိုးအိတ်ကိုဘေးတစ်ဖက်ချပြီးလွယ်ကာ ထမင်းဘူးကိိုလက်တစ်ဖက်မှ ကိုင်ထားသည်။ ဆံပင်ကို သေသေသပ်သပ်ဖြီးလာပုံရသော်လည်း ကားပေါ်မှာလူကြပ်သည်ကြောင့် နားသပ်စများ ဖွာလန်ကြဲ ထွက်နေကာ တစ်ကိုိယ်လုံးချွေးသီးချွေးပေါက်များကျလျှက်ရှိနေသည်။ သူတင် ပဲလားဆို တော့မဟုတ် ပါ။ တစ်ကားလုံး ရေနွေးငွေ့ပေါင်းခံစက်ထဲကိုရောက်နေသကဲ့သို့အပူရှိန်အဟုန် က ဟုန်းခနဲ ဟုန်းခနဲ။ Continue reading “၆၁ ဘတ်စ် (ဝတ္ထုတို)”