“မြူခိုးရယ်…..ဝေ” အပိုင်း (၁၈)

(၁၈)

“ဟာ ဇင်လင်းမောင်”

ဖျတ်ခနဲတွေ့လိုက်ရသည်။ ကျွန်တော့်မျက်လုံးထဲမှာ အသေအချာကိုတွေ့လိုက်ရတာပါ။ ဂျာကာတာမြို့ ဟောင်း၏ တစ်နေရာ၌ အသေအချာကိုတွေ့တာ။ မှတ်မှတ်ရရ တရုတ်တန်းကိုမရောက်ခင် အဆောက် အဦဟောင်းတစ်နေရာထဲကနေထွက်လာပြီး ကျွန်တော့်ကို စူးရဲရဲ့ကြည့်နေခဲ့သည်။

“ဇင်လင်းမောင်” Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၈)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၁၇)

(၁၇)

ညအမှောင်ထုကကြီးစိုးခဲ့လေပြီ။ ကျွန်တော့်ကိုစိုက်ကြည့်နေခဲ့သော ဂျက်စီကာ၏မျက်နှာပေါ်တွင် ကြင်နာသနားမှုများကိုမြင်နေရသည်။ အဲဒီမျက်ဝန်း၊ မျက်ခုံးနှင့်မျက်နှာပြင်၊ နှုတ်ခမ်းတိုသည် ငြိမ်းနှင့် တစ် ထေရာတည်းတူသောအရာများပေါ့။ ကျွန်တော်အရမ်းခုံမင်တပ်မက်ခဲ့သောအရာများပေါ့။ လူမျိုး ချင်းလည်းမတူ၊ ဘာသာချင်းလည်းမတူ၊ နိုင်ငံချင်းလည်းမတူဘဲ ဘာကြောင့်များ ရုပ်တူနေရသလဲ စဉ်း စား၍ မရနိုင်အောင်ပင်။

“အခု သူတို့လက်ထပ်ပြီးပြီပေါ့” Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၇)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၁၆)

(၁၆)

ဟိန်းဇော်ထင်ဟု အမည်တွင်ခဲ့သော ကျွန်တော်သည် ငြိမ်းနှင့်သူငယ်ချင်းအဖြစ်ရှိနေခဲ့ပါသည်။ ခါတိုင်း လိုပဲ ငြိမ်းတို့၏ ဆောင်တော်ကူးဆိုင်ကို အွန်လိုင်းတွင်အရောင်းတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှကူညီ ပေးခဲ့သည်။ ငြိမ်း ဆိုင်မှာရှိနေသည့်အချိန်ဆိုပါလျှင် ကျွန်တော်ပျော်မိသလို ဝမ်းလည်း နည်းရသည်။ ငြိမ်းနှင့် သူငယ်ချင်းဖြစ်ခွင့်က သာယာသလို စိတ်လည်းကျဉ်းကြပ်ရသည်။

“ပေါက်မယ်လို့ထင်ထားတဲ့ တစ်ချို့ပို့စ်တွေကမပေါက်ဘူး မထင်မှတ်တာတွေက ထ ပေါက်တယ်” Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၆)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၁၅)

(၁၅)

ငြိမ်း ကျွန်တော့်ဆီကိုရောက်လာခဲ့ပါသည်။ အဲဒီမနက်က ကြည်သာလည်းရှိနေလေသည်။

“ငြိမ်းရယ်”

ကြည်သာကတော့ ဇင်လင်းမောင်တို့အကြောင်း ငြိမ်းကိုပြောပြနေ၏။ ကျွန်တော့်ကိုလာပြီးလုပ်ကြံသွား သည့်အကြောင်းပေါ့။ ကျွန်တော့်အကြောင်းကိုလည်း ငြိမ်းသိအောင်ပြောပြနေလေသည်။ ဒါတွေကို ငြိမ်း သိပ်စိတ်ဝင်စားလိမ့်မှာမဟုတ်ပါဘူး။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၅)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၁၄)

(၁၄)

“ငြိမ်းနဲ့ ဇင်လင်းမောင်ဟာ မကြာခင်လက်ထပ်တော့မယ့်သူတွေပါ”

“ဟင်”

ကျွန်တော့် ကမ္ဘာပြိုသွားခဲ့သည်။

ပြင်းရှရှစကားတစ်ခွန်းခွန်းကြားရမည်ဟုတော့ မျှော်လင့်ထားခဲ့၏။ ဒါပေမဲ့ အဲဒီလောက်ထိပြင်းအား ကောင်းလိမ့်မည်ဟု မထင်ထားခဲ့။ ရင်ခုန်နှုန်းများ တစ်ဒိန်းဒိန်းတုန်ခါသွားသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကျွန်တော့်မှာ အလုပ်ကလွဲရင်ခင်တွယ်စရာသူငယ်ချင်းများများစားစားရှိသည်မဟုတ်။ မိဘဆိုတာကလည်းမရှိတော့သည်မို့ သံယောဇဉ်တစ်ခုခုရလာလျှင် သူများထက်ပိုပြီးခင်တွယ်တတ်ခဲ့ သည်။ ကျွန်တော်ချစ်ရသော ငြိမ်းကို ဘယ်လောက်ထိလေးလေးနက်နက်ချစ်ရတယ်ဆိုတာ ပြောစရာ တောင်မလိုတော့။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၄)”