တစ်ချို့သော အကြောင်းအရာတွေက ရုပ်ရှင်နဲ့ အပြင်လောက လုံးဝပြောင်းပြန်ကွာခြားပါတယ်

ကုလားကားတွေကြည့်ရင် လာဘ်စားတဲ့အခန်းတွေတော်တော်များများပါတယ်။ အပြင်လောကမှာကော ဘယ်လိုရှိသလဲ သေချာမသိပေမယ့်အတွေ့အကြုံတစ်ခုကိုအခုထိအမှတ်ရနေတုန်းပဲ။

တစ်ခါတုန်းကပေါ့။ အိန္ဒိယသံရုံးအဆက်အသွယ်နဲ့ ကျွန်တော်တို့တွေ IIMC (India Institute of Mass Communication) မှာ ဂျာနယ်လစ်ဇင် သင်တန်းသွားတက်ရတယ်။ မြန်မာက ၈ ယောက်၊ လာအို ၄ ယောက်၊ ဗီယက်နမ် က ၆ ယောက်၊ ကမ္ဘောဒီယားက ၄ ယောက် ပါတယ်။ တနင်္လာ ကနေ သောကြာ အထိကိုစာသင်ပြီးတော့ ပိတ်ရက်ဆိုရင်တော့ တက်ချ်မဟာရှိတဲ့ အာဂရာမြို့တို့ ဒေလီမြို့ဟောင်းတို့ အစရှိတဲ့ အထင်ကရမြို့တွေ အားလုံးကိုလိုက်ပို့ပေးပါတယ်။ ဗုဒ္ဓဂါယာကိုတောင်လေယာဉ် ခရီးစီစဉ်ပေးပြီး ပန်းစည်းပေး လာကြိုတဲ့အဖွဲ့ တွေဘာတွေနဲ့ အံမယ် ကောင်းစားခဲ့တာများလေ။ Continue reading “တစ်ချို့သော အကြောင်းအရာတွေက ရုပ်ရှင်နဲ့ အပြင်လောက လုံးဝပြောင်းပြန်ကွာခြားပါတယ်”

Passport ရုံးထဲက မှန်ခန်းလေးကို ရောက်ဖူးပါသလား

“ဗုဒ္ဓဂါယာကိုဖူးချင်လွန်းလို့သာ မဟုတ်ရင် လှည့်ပြန်ပစ်လိုက်ပါပြီ စိတ်တွေညစ်လွန်းလို့”

အသက် ၅၀ ကျော်ခန့်ရှိမည့် အန်တီကြီး၏ ညည်းချက်အား ကျွန်တော်သက်ပြင်းချကာကြည့် နေမိလေ သည်။ “ခရီးသွားအေဂျင်စီက ကောင်လေးကိုပြောလိုက် ငါဒီအခန်းထဲကိုရောက်နေတယ်လို့” ဆိုပြီးဖုန်း ပြောနေသည့် အမျိုးသမီးကြီးကတစ်မျိုး၊ မှန်ခဲ့ထဲသို့ရောက်နေကြောင်း ဘာလုပ်ရမှန်းမသိကြောင်း အမျိုးသားကိုဖုန်းဆက်အကြောင်းကြားနေသည့် အစ်မကြီးကတစ်မျိုးဖြင့် သူတို့၏ပြသနာအရပ်ရပ်ကို ကြည့်ကာ ကိုယ့်ပြသနာကိုတောင်မေ့ထားရသည့်အဖြစ်။ Continue reading “Passport ရုံးထဲက မှန်ခန်းလေးကို ရောက်ဖူးပါသလား”

Zombie မြို့ Wuhan ရဲ့စျေးမှာရောင်းတဲ့ အကောင်တွေအကြောင်း

လက်ရှိမှာ ဇွန်ဘီမြို့ ဖြစ်နေပြီး တစ်မြို့လုံးအဝင်အထွက်ပိတ်ထားတဲ့ ဝူဟန်မြို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူးပေပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။

လူဦးရေ ၁၁ သန်းကျော်နေထိုင် ပြီး လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ ကတည်းက မြို့သမိုင်းကြောင်းစတင်ခဲ့တာမို့အစဉ်အလာကြီးမားခဲ့တဲ့ မြို့တော်လို့ဆိုရမှာပါ။ Continue reading “Zombie မြို့ Wuhan ရဲ့စျေးမှာရောင်းတဲ့ အကောင်တွေအကြောင်း”

“မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့် တစ်ရက်တည်းနဲ့ရတယ်ဗျ”

ပိုက်ဆံလည်းပေးစရာမလိုဘူး။ တော်တော်များများကအလုပ်ရှုပ်တော့မယ် အစိုးရရုံးဆိုမသွားချင်ဘာ ညာနဲ့စိတ်ရှုပ်မိကြတယ်။
အရမ်းမလွယ်ပေမယ့် အရမ်းမခက်ခဲပါဘူး။ တစ်နေ့တည်းနဲ့ရနိုင်ပါတယ်။ တကယ်ပါ မှတ်ပုံတင်လုပ် တာတစ်နေ့တည်းနဲ့ရခဲ့ပါတယ်။ အရင်ကလိုရက်အကြာကြီး လချီစောင့်ရတာမျိုးတွေ မရှိတော့တာ တော်တော်ကံကောင်းသွားပါတယ်။ Continue reading ““မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့် တစ်ရက်တည်းနဲ့ရတယ်ဗျ””

လှည်းတန်းတစ်ခွင်မှ အကောင်းဆုံး စားစရာ သောက်စရာများ

သင်တန်းနယ်မြေလှည်းတန်းမှာ စားစရာ သောက်စရာဆိုင်ပေါင်းများစွာရှိပါတယ်။ ကျွန်တော်လား… လှည်းတန်းနား တစ်ဝိုက် ရှစ်နှစ်တာလောက် ကျင်လည်ပြီးတဲ့နောက်ပိုင်းမှာတော့ စားလာတဲ့ဆိုင်လည်း တော်တော်စုံသွားပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံးလို့ယူဆတဲ့ဆိုင်တွေကို မျှဝေလိုက်ချင်တာပါ။ အများစုကတော့ Street Food ဖြစ်ပြီး စျေးသက်သာတဲ့အစားအသောက်တွေချည်းပါပဲ။ Continue reading “လှည်းတန်းတစ်ခွင်မှ အကောင်းဆုံး စားစရာ သောက်စရာများ”