Content လှလှ ဘယ်လိုရေးမလဲ

Content ရေးနေတဲ့သူငယ်ချင်းတွေ အခုမှ Content writer လုပ်မယ့်မိတ်ဆွေတွေက လှမ်းမေးလို့ ကျွန်တော်သိသလောက်မျှဝေပေးချင်တာဖြစ်ပါတယ်။ ဒီိစာက……..

(၁) Content Writer အဖြစ် အလုပ်လုပ်မယ့်သူတွေ
(၂) Facebook မှာ Post ကောင်းကောင်းတင်တတ်ချင်သူတွေ
(၃) Content ရေးနေပေမယ့် ရုတ်တရက်အိုင်ဒီယာထွက်မလာတဲ့သူတွေ
(၄) ကိုယ့် Brand ကို စျေးကွက်မှာ စနစ်တကျဖောက်ချင်သူတွေ
(၅) Page ထောင်ပြီိး Content တွေရေး စျေးရောင်းမယ့်သူတွေ…အစရှိသည်ဖြင့် Content နဲ့ အသက် မွေးဝမ်းကျောင်းပြုလုပ်ချင်တဲ့သူတွေကိုရည်ရွယ်ပါတယ်။ လက်ရှိ Content Writer, Copy Writer အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့သူတွေအနေနဲ့လည်း ဒီိစာကိုဖတ်မိရင် အခြား သိကောင်းစရာလေးတွေ လမ်းညွှန်မျှဝေဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။ Continue reading “Content လှလှ ဘယ်လိုရေးမလဲ”

စင်ပေါ်မှာ စကားပြောရမှာကြောက်နေလား…..ဒီနည်းတွေသုံးပြီး အကောင်းဆုံးတင်ဆက်လိုက်ပါ

စကားဝိုင်းတစ်ခုမှာဆွဲဆောင်မှုရှိအောင်ပြောဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ စင်ပေါ်မှာ အားလုံးရဲ့စိတ်ဝင်စားမှုကိုခံရတဲ့ အစီအစဉ်တင်ဆက်သူကောင်းတစ်ယောက်အဖြစ်တင်ဆက်ဖို့ဆိုတာ က ပိုတောင်မလွယ်ကူပါသေးတယ်။ စင်ပေါ်မှာ အကောင်းဆုံးဘယ်လိုတင်ဆက်သင့်လဲဆိုတာကို အကြံပေးဖော်ပြလိုက်ပါတယ်။ Continue reading “စင်ပေါ်မှာ စကားပြောရမှာကြောက်နေလား…..ဒီနည်းတွေသုံးပြီး အကောင်းဆုံးတင်ဆက်လိုက်ပါ”

အရင်းနှီးဆုံးလူတွေ ဘာကြောင့် စိမ်းကားသွားတတ်ကြတာလဲ

ဖြတ်သန်းလာတဲ့ လူ့သက်တမ်းတစ်လျှောက်မှာ လူဘယ်နှစ်ယောက်နဲ့ စိမ်းကားပြီးသွားပြီလဲ လို့ စဉ်းစား ဖူးပါသလား။ ကျွန်တော်တို့ရဲ့ဘဝကိုယ်စီတိုင်းမှာ ကိုယ်နဲ့မတည့်တဲ့သူ ရန်သူအဖြစ်သဘော ထားတဲ့သူ ကိုယ်ကြည့်မရတဲ့သူတွေ ရှိတတ်ကြပါတယ်။ ထို့အတူပဲ ကိုယ့်သွေးသားရင်းလိုသဘော ထားဆက်ဆံရင်းနှီးတဲ့အပေါင်းအသင်းတွေလည်းရှိကြပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုကိုဖြတ်သန်းပြီးတဲ့ အခါ သူတို့တွေနဲ့ဘာလို့ စိမ်းကားတတ်သွားကြတာပါလဲ။ သူတို့နဲ့ ရင်းနှီးမှုဟာ တစ်ချိန်တုန်းကလို ပြန်ပြီး ဘာလို့မလတ်ဆတ်နိုင်ကြတာလဲ။

Continue reading “အရင်းနှီးဆုံးလူတွေ ဘာကြောင့် စိမ်းကားသွားတတ်ကြတာလဲ”

Copy Writer နဲ့ Content Writer တွေ လစာ ဘယ်လောက်ရသင့်လဲ

အလုပ်ခေါ်စာတွေမှာ JD တွေကြည့်လိုက်ရင် လန်ပျံထွက်နေအောင်ကောင်း၊ အဆင့်တွေမြင့်ပြီး လစာ ကြည့်လိုက်တော့ နှစ်သိန်း၊ သုံးသိန်းတဲ့ဗျာ။ အဲဒီလစာတွေမြင်ပြီး တကယ်ရင်နာရပါတယ်။ စာရေးတဲ့ သူတွေဟာ အဲဒီလောက်ပဲတန်သလား။ အနည်းဆုံး အင်္ဂလိပ်စာအခြေခံရှိပြီးမှလုပ်ရမယ့်အလုပ်၊ ဘွဲ့ လေးတစ်ခုတော့ အနည်းဆုံးရပြီးမှလုပ်ရမယ့်အလုပ်၊ ဒီဂျစ်တယ်ရေစီးကြောင်းကို တီးမိခေါက်မိရှိမှ လုပ်ရမယ့်အလုပ်၊ စာပေနယ်ပယ်မှာ အတွေ့အကြုံရှိပြီးမှ လုပ်ရမယ့်အလုပ်၊ ကုမ္ပဏီ Trend ကိုနားလည်မှလုပ်ရမယ့်အလုပ်က အဲဒီလောက်ပဲတန်သလားဗျာ။

Continue reading “Copy Writer နဲ့ Content Writer တွေ လစာ ဘယ်လောက်ရသင့်လဲ”

ကျွန်တော် ဘာ လို့ မီဒီယာလောက ကို စွန့်ခွာခဲ့တာလဲ

အယ်လဲ့…ခေါင်းစဉ်က ဆယ်လီဆန်သွားသလား။ ၁၀ စုနှစ်တစ်ခုကြာအလုပ်လုပ်ခဲ့တဲ့သံယောဇဉ်က အမြစ်တွယ်နေပြီမို့ စွန့်ခွာခဲ့တာဆိုတဲ့စကားကို ပြောရတာပါလေ။ ကျွန်တော်အလုပ်စဝင်တဲ့အချိန်က ကျွန်တော်တို့ 90’s generation မှာ ဂျာနယ်ရွှေခေတ်လို့တောင်ပြောလို့ရပါတယ်။ စာပေစိစစ်ရေးရှိပေ မယ့်လည်း ဂျာနယ်တွေရဲ့ပြိုင်ဆိုင်မှုအားအကောင်းဆုံးအချိန်ပေါ့။ ၁၀ တန်းအောင်ပြီးတဲ့အရွယ် အဝေးသင်ကျောင်းသားဘဝကနေစပြီး ၁၀ နှစ်ကျော်တောင်လုပ်ခဲ့တာ ဘာလို့ထွက်သွား တာလဲ နှမြောစရာကြီးဆိုပြီး အပေါင်းအသင်း တွေကမေးကြလို့ပါ။

Continue reading “ကျွန်တော် ဘာ လို့ မီဒီယာလောက ကို စွန့်ခွာခဲ့တာလဲ”