Content Writer အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတွေအနေနဲ့ Content idea စဉ်းစားလို့မရ တော့တာမျိုး နေ့စဉ်နဲ့အမျှကြုံရပါတယ်။ ကျွန်တော်လုပ်နေကျ အိုင်ဒီယာအသစ်ရှာတဲ့ နည်းတစ်ခုကို Share ချင်ပါတယ်။ Link in မှာလည်း အစ်မတစ်ယောက်က Share ပေးထားတာတွေ့ တော့ ကျွန်တော်သုံးနေကျနည်းလမ်းနဲ့တူနေလို့ သူငယ်ချင်းတွေကို Share ဖို့သတိရ သွားလို့ပါ။
ကျွန်တော်လုပ်နေကျနည်းလမ်းနှစ်ခုရှိပါတယ်။ ကိုယ်ရေးမယ့် Content ဆိုင်ရာစာအုပ်တွေကိုရှာဖွေ ဖတ်ရှုတာနဲ့ Google မှာ သက်ဆိုင်ရာအကြောင်းအရာ Content တွေကိုရှာဖတ်ကြည့်တာပါ။ Google မှာရှာတဲ့နည်းကလွယ်ပါတယ်။
အလွယ်ကူဆုံးနည်းလမ်းကတော့ Keywords Everywhere ဆိုတာကို Google မှာ ရှာပြီး Install လုပ်ထားခြင်းပါပဲ။ အဲဒီကနေ အိုင်ဒီယာအသစ်တွေ ကိုယ်ရေးမယ့်အကြောင်းအရာနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို အလွယ်တကူရနိုင်ပါတယ်။ ကျွန်တော့်ကွန်ပျုတာမှာ install လုပ်ထားတဲ့ပုံစံ ကိုဖော်ပြပေးလိုက်ပါတယ်။ Content Writer တွေအဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီး မသိသေးတဲ့သူတွေအတွက် အကျိုးတစ်စုံတစ်ရာရစေဖို့ရည်ရွယ်တာဖြစ်ပြီး ပညာရှင်၊ ဆရာသမားလုပ် လိုတဲ့ဆန္ဒမရှိပါခင်ဗျာ။
(၁) Google မှာ Keywords Everywhere ဆိုတာကိုရှာပြီး Install လုပ်လိုက်ပါ
Content Writer တွေအနေနဲ့ အိုင်ဒီယာစဉ်းစားလို့မရတော့တဲ့အခါ ခေါင်းတွေပူလာတဲ့အခါ Google မှာ Keywords Everywhere ဆိုတာကိုရှာလိုက်ပါ။ ပုံ (၁) ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။ Links ကိုဝင်ပြီး Keywords Everywhere ကို Install လုပ်လိုက်ပါ။ Install for Chrome နဲ့ Install for Firefox ဆိုပြီးနှစ်မျိုးတွေ့ရပါလိမ့်မယ် ကျွန်တော်ကတော့ Chrome browser သုံးတာမို့ Install for Chrome ကိုရွေးပြီးလုပ်လိုက်ပါတယ်။
(၂) အီးမေးလ်လိပ်စာရိုက်ထည့်ပါ
Install လုပ်ပြီးလို့ Keywords Everywhere ရဲ့ပင်မစာမျက်နှာကိုရောက်ဖို့ gmail လိပ်စာကိုရိုက်ထည့် ရမှာဖြစ်ပါတယ်။ ရိုက်ထည့်ပြီးတာနဲ့ ကိုယ့်ရဲ့ Gmail ထဲကိုဝင်ပြီး လင့်ခ်အတိုင်းဝင်လိုက်ပါ။ free API Key ဆိုတဲ့လင့်ခ်ကိုဝင်ရမှာဖြစ်ပါတယ်။
(၃) Google Browser ထဲကိုဝင်ရောက်ပါ
လင့်ခ်ကိုဝင်ပြီး Keywords Everywhere ပင်မစာမျက်နှာကိုရောက်ပြီဆိုတာနဲ့ Google စာမျက်နှာ ကို ဝင်လိုက်ပါ။ အဲဒီမှာ Google plugin မှာ install လုပ်ထားတဲ့ Keywords Everywhere နဲ့ ကိုယ်ရှာချင် တဲ့ Content ကိုရှာနိုင်ပါပြီ။ ဥပမာ Education အကြောင်းရှာတယ်ဆိုပါစို့။ ပုံမှန် Google မှာရှာလို့ ရ လာတဲ့ result နဲ့ Keywords Everywhere မှာရှာတဲ့ result တူမှာမဟုတ်ပါဘူး။ ပုံမှန် Education နဲ့ပတ်သက်တဲ့အချက်အလက်တွေအပြင် related keywords တွေရော people also search for ဆိုတာတွေရော အတုံးအရုံးကျလာတဲ့ရတနာသိုက်ကြီးကိုတွေ့ရပါလိမ့်မယ်။
မေတ္တာရိပ်မှာအေးချမ်းပါစေ။
×××××