သုဝဏ္ဍဘူမိစခန်းသာဟိုတယ် (Thuwunna Bomi Mountain View Hotel) ကိုတော်တော်များများ သွားလည်ကြတဲ့အချက်တွေထဲမှာ ရေကူးကန်အဓိကကျတဲ့အရာတစ်ခုလို့မြင်ပါတယ်။
ဟုတ်ပါတယ်။ အဲဒီရေကူးကန်မြင်ကွင်းကိုအရမ်းသဘောကျလို့ပဲ Thuwunna Bomi Mountain View Hotel ကိုရောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ရောက်တဲ့အချိန်မှာ အဲဒီထက်ပိုတဲ့အားသာချက်တစ် ချို့ကိုတွေ့ရပြီး အားနည်းချက်တစ်ချို့ကိုလည်းတွေ့ရပါတယ်။ သွားလည်ကြမယ့်သူတွေအတွက်မျှဝေ ပေးပါရစေ။
ဘယ်လိုသွားရသလဲ
ရန်ကုန်ကနေ သုံးနာရီခွဲလောက်ကားစီးပြီးရင် အဲဒီဟိုတယ်ကိုရောက်ပါတယ်။ ရန်ကုန်-ကျိုက်ထီးရိုး ကားစီးပြီး အဲဒီဟိုတယ်ရှေ့မှာကားရပ်ပေးပါလို့ပြောရင်ရပါတယ်။ ကားရပ်မယ့်နေရာ ကျယ်ကျယ်ဝန်း ဝန်းလည်းရှိတာမို့ ကိုယ်ပိုင်ကားလေးနဲ့သွားမယ်ဆိုရင် လည်းအဆင်ပြေပါတယ်။ ကျော်တို့ကတော့ ဘတ်စ်ကားနဲ့သွားတာမို့ ဟိုတယ်ရှေ့မှာဆင်းခဲ့ကြပြီး အထဲကိုလမ်းလျှောက်လာခဲ့ကြပါတယ်။ ဟို တယ် ဧည့်ကြိုကောင်တာ (Reception) ကိုရောက်ဖို့ စကားတပြောပြောနဲ့ ငါးမိနစ်လောက်လျှောက်ခဲ့ ကြပါတယ်။ လမ်းမှာ သစ်ရိပ်ဝါးရိပ်တွေကိုဖြတ်သန်းခဲ့တာမို့ စိတ်အပန်းပြေစေတာတော့အမှန်ပါပဲ။
တည်းရမယ့်နေရာနဲ့စျေးနှုန်း
တည်းခိုရမယ့်အခန်းက နေရာအပေါ်မူတည်ပြီးအမျိုးမျိုးရှိပါတယ်။ လက်ရှိစျေးနှုန်းတွေကတော့ နှစ် ယောက်ခန်းကို ၂၁၀၀၀ ကနေ ၅၃၀၀၀ အထိရှိပါတယ်။ သုံးယောက်ခန်းဆိုရင်တော့ ၃၅၀၀၀ ကနေ ၆၉၀၀၀ အထိရှိပါတယ်။ ကိုယ်ယူတဲ့ပုံစုံအပေါ်မူတည်ပြီးကွာပါတယ်။ အဲဒါက ပြည်တွင်းခရီးသွားတွေ အတွက်နှုန်းထားဖြစ်ပြီး နိုင်ငံခြားသားဆိုရင်တော့ ၃၅ ဒေါ်လာကနေ ၇၅ ဒေါ်လာအထိအစားစားရှိပါ တယ်။ အခန်းထဲမှာ တီဗီ၊ ရေခဲသေတ္တာ၊ ရေပူရေအေး စတဲ့အခြေခံပစ္စည်းလေးတွေထားပေးပါတယ်။ စျေးနှုန်းကတော့ အရမ်းသင့်တဲ့အနေအထားလို့ဆိုချင်ပါတယ်။ တောင်ကုန်းပေါ်မှာဆောက် ထားတဲ့ ရီဆော့ (resort) လေးမို့ တောင်ခြေနည်းနည်းကျရင်အခန်းခနည်းပါတယ်။ ရေကူးကန်က တောင်အမြင့်ပိုင်းမှာရှိပြီး အဲဒီနားတစ်ဝိုက်ကစျေးနှုန်းမြင့်တဲ့အထဲပါပါတယ်။ ဘယ်နေရာဖြစ်ဖြစ်သစ် ပင်ဝါးပင်တွေ စိမ်းစိုစိုနဲ့အေးချမ်းပါတယ်။ ကျွဲကောခင်းလည်းရှိပါတယ်။
အပန်းဖြေစရာဘာတွေရှိသလဲ
အကောင်းဆုံးကတော့ ရေကူးကန်ပေါ့။ ရေကူးရင်းတောင်တန်းတွေနဲ့ဓါတ်ပုံရိုက်လို့ရပါတယ်။ ဒါပေမဲ့ ရေကူးကန်က ကျဉ်းတယ်လို့ဆိုရမှာပါ။ အဝိုင်းပုံစံရေကူးကန်ဖြစ်ပြီးဘေးမှာ Pool Bar လေးရှိပါတယ်။ အဲဒီမှာ ဘီယာလေးသောက်မြေပဲကြော်လေးဝါးလို့ရတယ်ဗျို့။ ဘီလိယက်လည်းထိုးလို့ရပါတယ်။ ကာ ရာအိုကေလည်းဆိုလို့ရတယ်ဗျ။ အပန်းပြေစေဆုံးနည်းကတော့ ရေကူးရင်းနဲ့ တောတောင်တွေရဲ့အ ငွေ့အသက်ကိုခံစားရတာပါပဲ။
Mini Trekking လုပ်မလား
လူသိနည်းတဲ့အရာလေးတစ်ခုရှိပါတယ်။ အဲဒါက Thuwunna Bomi Mountain View မှာ Mini Trekking လုပ်လို့ရတာပါ။ ရေကူးကန်ရဲ့အပေါ်ဘက်တောင်ပေါ်ကိုအပျင်းပြေတက်လို့ရပါတယ်။ အဲဒီ ကိုရောက်လို့ ဧည့်ကြိုကောင်တာကိုအကူအညီတောင်းပြီးလမ်းမေးလိုက်ရင်ရပါတယ်။ တောလမ်း လေးတွေကိုဖြတ် တောင်အသေးစားလေးကိုတက်ရင်းနဲ့ တောင်ထိပ်ကစေတီလေးတစ်ဆူကိုဖူးမျှော် နိုင်ပါတယ်။ ဒါတင်မကသေးဘူးဗျို့။ စေတီကနေ လာလမ်းအတိုင်းပြန်မဆင်းဘဲ ညာဘက်ကိုဆက် သွားမယ်ဆိုရင် ရွာတွေရှိတယ်ဗျ။ ကျော်တို့ကတော့ အဲဒီရွာလေးရှိတဲ့နေရာအထိဆက်လျှောက်ခဲ့ကြ ပါတယ်။ အလှူရှိတာမို့ ချက်ဖို့ပြုတ်ဖို့ စီစဉ်နေတဲ့ ရွာသူရွာသားတွေကိုလည်းတွေ့ရပါတယ်။ ဓါတ်ပုံ ရိုက်တော့ ရယ်ရယ်မောမောနဲ့ပဲ မနက်ဖြန်အလှူလာစားဖို့ဖိတ်ကြသေးတယ်ဗျ။ အဲဒီရွာလမ်းလေး တွေကိုဖြတ်ပြီး ကားလမ်းမကြီးရှိတဲ့ဆီကိုဦးတည်လာခဲ့ပါတယ်။ လမ်းမှာ ကြက်မောက်ခြံလည်းရှိသေး တယ်ဗျ။ ကြက်မောက်သီးအချိန်ဆိုရင်အဲဒီခြံထဲမှာဝင်ဝယ်စားလို့ရပါတယ်။ ကျော်တို့သွားတုန်းက လည်းခြံထဲဝင်ပြီး ကြက်မောက်သီးတွေခူးစားကြသေးတယ်။ ၁၀၀၀ ဖိုးဝယ်တာအများကြီးရတယ်ဗျ။ အဲဒီနောက် ကားလမ်းမအတိုင်းဆက်လျှောက်လာမယ်ဆိုရင် ဟိုတယ်အဝင်ဝကိုပြန်ရောက်ပါတယ်။ ဟိုတယ်ကို တစ်ပတ်ပတ်လိုက်တဲ့သဘောပါပဲ။
အစားအသောက်
မနက်စာကျွေးပါတယ်။ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော် စတဲ့ Heavy food အမယ်သုံး မျိုးလောက်ကို ဘူဖေးကျွေးတာပါ။ အမယ်မစုံပေမယ့် ပေးရတဲ့အခန်းခ၊ တည်းရတဲ့နေရာနဲ့တွက်ရင် အရမ်းကောင်းတယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ နေ့လည်စာ၊ ညစာတွေတော့ စျေးကြီးတယ်လို့ထင်ပါတယ်။ ကန်စွန်းရွက်ကြော်တစ်ပွဲကို ၅၅၀၀၊ ငါးသံပရာပေါင်းတစ်ကောင်ကို ၁၂၀၀၀ စသဖြင့်စျေးနည်းနည်း များတယ်လို့ ကျော်ကသတ်မှတ်တယ်ဗျ။ ဘေးနားမှာ အခြားစားစရာဆိုင်တွေဘာတွေလည်းမရှိလို့ သွားမယ်ဆိုရင်တော့ အိမ်ကစားစရာနည်းနည်းဝယ်သွားစေချင်ပါတယ်။
အဲဒီကနေ ကျိုက်ထီးရိုးကိုသွားမလား
ဟိုတယ်ကနေ ကျိုက်ထီးရိုးကို ကိုယ့်ကားလေးနဲ့ကိုယ်မမောင်းသွားချင်ဘူးဆိုရင်တော့ ဟိုတယ်က စီစဉ်ပေးပါတယ်။ ဟိုင်းလတ်ကားလေးဖြစ်ပြီး တစ်သောင်းခွဲကျပါတယ်။
အဲဒီ Resort လေးနဲ့ပတ်သက်လို့ ခြုံကြည့်လိုက်ရင် အမှတ် ၁၀၀ မှာ ၈၀ လောက်တော့ ကျော်ပေးချင် ပါတယ်။ မေတ္တာရိပ်မှာအေးချမ်းပါစေ။
×××××