မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၅)

(၂၅)

နန်းမြတ်ရဲ့စိတ်ထဲမှာ သစ္စာမရှိတဲ့သူတွေကို မုန်းနေခဲ့တာအဲဒီကတည်းကပင်။ ဆိုင်ကယ်ကိုဒုန်းစိုင်း မောင်းကာ ပလောင်သီလရှင်ကျောင်းသွားရာလမ်းအနားတစ်ဝိုက်က အဲဒီရပ်ကွက်လေးဆီကို ဦးတည်လာခဲ့သည်။ သေချာတာပေါ့ အဖေအဲဒီမှာရှိမယ်ဆိုတာ။

လမ်းတစ်လျှောက်လုံးမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျမိသည်။ အဖေရက်စက်လိုက်တာလို့လည်း ရင်ထဲမှာထပ်ခါထပ်ခါ ပြောနေမိ၏။ နန်းမြတ်ရဲ့ရင်ထဲမှာ သည်းခံနိုင်တဲ့အတိုင်းအတာကုန်ခဲ့ပြီ။ အမေ့ရဲ့အတွင်းကြေဒဏ်ရာတွေ၊ မောင်လေးရဲ့ အကြောက်လွန်ရောဂါ။ ဒါတွေဟာ အဖေ့ကြောင့်ဖြစ်ရတာ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၅)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၄)

(၂၄)

အမေခေါင်းနည်းနည်းကိုက်နေတယ်ဆိုတာနဲ့ သောက်နေကျ သွေးဆေးပုလင်းအိမ်ပြန်ယူပေးတဲ့ အချိန် ၊ မောင်လေး လည်း ကျောင်းကပြန်ရောက်ချိန်မှာပဲ ပြသနာစတင်ခဲ့လေသည်။ အိမ်ဘေးက အစ်မဈေးက ပြန်လာပြီးတွေ့ခဲ့တာတဲ့။

“နန်းမြတ်ဝေ၊ နင်တို့ဆိုင်မှာ နင့်အဖေရောက်နေတယ်၊ ထုံးစံအတိုင်း နင့်အမေဆီကပိုက်ဆံလုပြီးရိုက် နေလေရဲ့၊ ဘယ်သူမှဝင်မဆွဲရဲဘူးဟ၊ နင့်အဖေတော်တော်သွေးဆိုးနေတယ်၊ မြန်မြန်သွား”

“ဟင် ဟုတ်လား၊ ကျွန်မ ခုနကမှပြန်လာတာ” Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၄)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၃)

(၂၃)

အဲဒီလိုနဲ့ နန်းမြတ်တို့မိသားစုအတွင်းရေး သက်ဆိုးရှည်ခဲ့တာမောင်လေးကိုးတန်းနှစ်ရောက်တဲ့အထိပါပဲ။ အဖေက သုံးလေးရက်ပျောက်လိုက် ပိုက်ဆံကုန်လာရင်လာတောင်းလိုက် ပြန်ပျောက်သွားလိုက်နဲ့ သမားရိုကျဖြစ်စဉ်လိုတောင်ဖြစ် နေခဲ့ပါပြီ။ နန်းမြတ်လည်းအမေ့ကိုမကြည့်ရက်လို့ အမေ့ဆန္ဒကိုဆန့် ကျင်ပြီး ကျောင်းထွက်ခဲ့သည်။

မောင်လေးစိုင်းလုံ ကိုးတန်းစားမေးပွဲဖြေခါနီး တစ်ပတ်လောက်အလိုမှာနန်းမြတ်နဲ့အမေ ဈေးရောင်းပြီး ဆိုင်သိမ်းနေတုန်း အဖေရောကလာကာ ပိုက်ဆံပုံးထဲက ပိုက်ဆံတွေနှိုက်ဖို့ပြင်တော့သည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၃)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၂)

အပိုင်း (၃)

နန်းမြတ်ဝေ

(၂၂)

ကျောက်မဲရဲ့ ဗဟိုဈေး၊ မနက်ဈေး၊ ညဈေး တွေကြားထဲမှာ နန်းမြတ်တို့အမေရဲ့ခေါက်ဆွဲဆိုင်က နာမည်အကြီးဆုံး ဆိုင်တစ်ဆိုင်ထဲမှာအပါအဝင်ပါ။ ဗဟိုဈေးနားကခေါက်ဆွဲဆိုင်လို့သာပြောလိုက် လူတိုင်းက အမေ့ဆိုင်ကိုပဲ ညွှန်းဆိုကြ တာပင်။ အမေ့ဆိုင်က အစားအသောက်စုံသလောက် အရသာက လည်းကောင်းလှတာမို့ စားဖူးသူတိုင်းနောက်တစ်ခေါက် တော့မဖြစ်ဖြစ်အောင်လာစားတတ်ကြမြဲ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၂)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၁)

(၂၁)

ခြံအပြင်ဖက်ဆီကိုပြေးဖို့ဦးတည်ခဲ့ပေမယ့် တကယ်တမ်းဇောနဲ့ပြေးလာဖြစ်တာက လိမ္မော်ပင်တန်းတွေ ရှိရာဆီ။

“ဟိတ်၊ ရပ်စမ်း၊ မပြေးနဲ့”

နှင်းရဲ့နောက်ကို အစ်မနန်းမြတ်ဝေက လုံးဝအလွတ်မပေးဘဲလိုက်နေသည်။ ပြေးရင်းလွှားရင်း ဖုန်းမြည်သံကို ကြားလိုက် ရသည်။ နှင်းရဲ့အိတ်ဆီက။ ဟော စိုင်းလုံဆီက။

“နှင်း ဘယ်ရောက်နေတာလဲ၊ ခုနကဖုန်းချပစ်လိုက်တာလား” Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၁)”