(၁)
အိမ်ရှေ့ဆီက ဒေါ်ညိုရဲ့“ဟဲ့မိသောင်းရဲ့၊ လာစမ်းပါဦးဟဲ့ ညည်းအသိဆိုတာရောက်နေတယ်” လို့ဆို လိုက်ရင် မိသောင်းတို့များ ရင်ကိုလှပ်လှပ်၊ လှပ်လှပ်နဲ့ခုန်မိတာပါပဲ။ Continue reading “နွေအပွေ လေအဝှေ့”
လမ်းခွဲသွားတဲ့ အခါ
(၁)
“ကောင်လေး၊ လမ်းခွဲကြစို့” ဟု မ,က ခပ်ပေါ့ပေါ့လေးပြောလာသည့်အခါ ကျွန်တော်က စ,နောက် နေသည်ဟု သာထင်ခဲ့သည်။ သို့သော်လည်း မ,၏အမူအရာနှင့် မျက်လုံးများကို ကျွန်တော်ဆိုင်ကြည့် သည့်အခါတွင်တော့ သူတကယ်ပြောနေမှန်းသိခဲ့ရလေပြီ။ မ,၏ ဆန်းသစ်လ, ခုံးမျက်စ,ကလေးသည် တစ်ချက်တစ်ချက်ပင့်ကာ ကျွန်တော့်တုန့်ပြန်မှုကို မကောင်းတတ်၍နားထောင်ပေးမည့်ဟန်ပြင်သည်။ သို့သော်လည်း ကျွန်တော် ချက်ချင်းကြီးခွန်းတုန့်မပြန်နိုင်ခဲ့။ Continue reading “လမ်းခွဲသွားတဲ့ အခါ”
မေတ္တာဖျန်း၍ လန်းစေ
(၁)
ဉူးသုမန၏ သက်တော် (၆၀) ပြည့်နှစ်တွင် ကုတင်အလုံး (၆၀) အထိကို ကျောင်းဆောင်အတွင်း၌ တိုးချဲ့ ထားသို နိုင်ခဲ့လေသည်။
စစ်ရှောင်လာကြသည့်လူများထဲမှ ပါလာသော လူနာများကိုလည်းကောင်း၊ စစ်ပွဲအတွင်း ထိခိုက်မှု များသောနှစ်ဖက်လူနာများကိုလည်းကောင်း ထိုကုတင်များပေါ်တွင်တင်ကာ ဆေးဝါးကုသပေး ရန်စီစဉ် ထားနိုင်မှုများသည် တစ်စထက်တစ်စဝန်ပိလာခဲ့ကာ ကျန်းမာရေးဝန်ထမ်းများတင်မကဘဲ ဉူးသု ကိုယ်တော်တိုင်ဝိုင်းဝန်းလုပ်ဆောင်ရသည်အထိဖြစ်လာခဲ့လေသည်။ ဉူးသုတွင် တစ်အူတုန်ဆင်း ညီမတစ်ဦးရှိပြီး အစ်ကိုဘုန်းကြီးနှင့်အတူ သက်ရှိထင်ရှားအတူတကွနေထိုင်လျက်ရှိသည်။ Continue reading “မေတ္တာဖျန်း၍ လန်းစေ”
သရက်သီး ပုံပြင်
သရက်သီးရင်ကွဲအမှည့်ပြောင်ဝင်းဝင်းကြီးတွေမှာ ပုံပြင်တွေရှိတယ်။ သူငယ်ချင်းရွှေရည်ထွန်းနဲ့ပတ်သက် တဲ့ အမှတ်တရပေါ့။
ပုံပြင်ဆိုလို့ မယုံကြည်စရာဇာတ်လမ်းတစ်ပုဒ်တော့မဟုတ်ဘူး။ တွေးလိုက်တိုင်းမှာ စွဲလန်းအမှတ်ရစရာ အိပ်ရာဝင်ပုံပြင်လိုဖြစ်နေလို့ တကယ့်အဖြစ်အပျက်ကို ပုံပြင်အနေနဲ့ ညွှန်းဆိုလိုက်တာပါ။ Continue reading “သရက်သီး ပုံပြင်”
ပန်းနွမ်းတစ်ပွင့်
ဟိုကောင်မလေးမလာတာ ငါးရက်လောက်ရှိပြီ။ ကျွန်တော်စိတ်ပူစ,ပြုလာတယ်။ ပေါ်တာတွေဘာတွေ အဆွဲခံရပြီး စစ်မှုထမ်းထဲပါသွားပြီလားလို့ပဲထင်မိတာ။ အသံကလည်းအမျိုးမျိုးထွက်နေတာကိုး။ ကလေးမကအသက်ကလည်း နှစ်ဆယ်အစိပ်ဝန်းကျင်ဆိုတော့ စိုးရိမ်မိနေတာ။
ခါတိုင်းဆို သူအလုပ်ကပြန်တိုင်းကျွန်တော့်ဆိုင်ရှေ့ကဖြတ်သွားဖြတ်လာလုပ်ပြီးဆိုင်ကိုတစ်ခေါက်တော့ ဝင်လာနေကျ။ အခုလိုဆောင်းတွင်းဆို ချောင်းဆိုးတတ်လို့ဆိုပြီး ပူရှိန်းသကြားလုံးလေးတွေဝယ်နေကျ။ ကျွန်တော်ကတော့ပိုက်ဆံမယူပါဘူး။ နေ့တိုင်းအသွားတစ်လုံးအပြန်တစ်လုံးအလကားကျွေးမယ်၊ ဝင်ယူ နော်လို့မှာထားတတ်တယ်။ သူကလည်း ယူပါတယ်။ တစ်ခါတစ်လေနေမကောင်းဖြစ်ချင်ရင် ပါရာစီတ မောလ်လေးတစ်လုံးတော့ ဝယ်သွားတတ်တယ်။ Continue reading “ပန်းနွမ်းတစ်ပွင့်”