“မြူခိုးရယ်…ဝေ” အပိုင်း (၃)

(၃)

ညအမှောင်ထုကကြီးစိုးလာခဲ့သည်။ ဖွင့်ထားသည့်တံခါးများကိုပိတ်၊ မီးကိုပိတ်၊ ဘုရားရှိခိုးရင်း အိပ်ရန် ကြံရွယ်သည်။ ပင်ပန်းနေပြီမို့ ကျွန်တော်အိပ်သင့်ပြီလေ။ အပြင်ဖက်ဆီမှ ရရှိသော နီယွန်မီးမှိန်မှိန်က လွဲ၍ ကျွန်တော့်အခန်းတစ်ခန်းလုံးအမှောင်အတိဖြစ်သွားခဲ့သည်။ ထို့နောက်ကျွန်တော်အိပ်ပျော် သွားခဲ့ လေသည်။ တံခါးခေါက်သံကြားရသည်အထိပေါ့။ ည သုံးနာရီလောက်တော့ရှိလောက်ပြီ။ တံခါး ခေါက်သံကြောင့် လန့်နိုးလာသည်။ သို့သော်လည်း တံခါးသွားဖွင့်ရန်တော့ မထမိသေး။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၃)”

“မြူခိုးရယ်…ဝေ” အပိုင်း (၂)

(၂)

ဒီဇင်ဘာညဆိုသော်လည်း ဂျာကာတာသည် သိပ်မအေးလှပါ။ ကျွန်တော်တည်းရသည့် အခန်း၏အပြင် ဖက်ဆီတွင်တော့ မီးထိန်ထိန်းလင်းလို့။ အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ ခမ်းခမ်းနားနား မြို့ပြညကို အခန်းပြတင်းပေါက်ကနေလှမ်းကြည့်မိသည်။ ကားများဥဒဟိုသွားလာဖြတ်သန်းနေဆဲ ညပေါ့။ အရှေ့ ဖက်တည့်တည့်ဆီတွင်တော့ ဂျာကာတာဆိုသည့်စာလုံးကို အင်္ဂလိပ်လိုရေးထားပြီး မီးရောင်စုံများထိန် ထိန်လင်းအောင်ထွန်းထားသည်။ အမှောင်ထုကတစ်ချက်တစ်ချက်ဖြစ်လိုက်၊ အနီရောင်မီးကလင်းလာလိုက်၊ အပြာရောင်မီးကပေါ်လာလိုက်ဖြင့် မြင်သူတိုင်း၏ မျက်လုံးပသာဒကို လှည့်စား၍နေလေသည်။ ဂျာကာတာ ဟူသည့် စာလုံးအရွယ်အစားက တစ်လုံးတစ်လုံးကို စကော တစ်ချပ်စာစီ လောက်ရှိသည်မို့ အဝေးကနေကြည့်ပါကလည်း အလွယ်တကူလှမ်းမြင်ရ၏။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၂)”

“မြူခိုးရယ်…ဝေ” အပိုင်း (၁)

(၁)

ကျွန်တော်နှင့် ငြိမ်း၏ ဇာတ်လမ်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နောက်ဆုံးအဖြစ် အဆုံးသတ်ပြီဟု ထင်ထား ခဲ့သော်လည်း တကယ်တမ်းတွင်တော့ ဇာတ်လမ်းအစသာရှိပါသေးသည်။ ထို ဇာတ်လမ်းအစကို ပျိုးရန်အတွက် ကျွန် တော် ဂျာကာတာကိုသွားရသည်မှန်း ကိုယ်ကိုယ်တိုင်တောင် မသိခဲ့ပါ။ သေချာတာသည့်အချက်ကတော့ ကျွန်တော်ငိုနေခဲ့သည်။ ကျွန်တော့်မျက်ဝန်းထဲတွင် မျက်ရည် များပြည့်လျှံနေပါလိမ့်မည်။ ပတ်ဝန်းကျင်ကို မျက် ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။ လေဆိပ်ရှိထိုင်ခုံများတွင် လူအပြည့်တန်းစီနေသယောင်၊ မည်သူမျှမရှိဘဲ ကျွန်တော် တစ်ယောက်သာရှိနေသယောင် စိတ်ထင်ယောင်ထင်မှား၍သာရှိတော့သည်။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၁)”

Content Marketing အကြောင်း သိကောင်းစရာ

အခြေခံအချက်လေးတွေဖြစ်ပါတယ်။ ဆရာသမားတွေအနေနဲ့လည်း Comment မှာ ထပ်ဖြည့်ခဲ့ပေးပြီး Beginner တွေကို မျှဝေဖို့ဖိတ်ခေါ်ပါရစေနော်။

Content Marketing ဆိုတာဘာလဲ

Content Marketing ဆိုတာက ကိုယ်ရေးတဲ့ Content တွေကိုဖတ်ပြီး ဝယ်သူတွေဝယ်ချင်လာတောင် ဆွဲ ဆောင်ရတာလို့အလွယ်ဆုံးပြောနိုင်မှာဖြစ်ပါတယ်။ ကိုယ်ပရိုမိုးရှင်းလုပ်ချင်တဲ့အကြောင်းအရာ (ဖန်တီးမှု) တွေကို ဆွဲဆောင်မှုရှိရှိရေးပြီး မာကတ်တင်းဆင်းတာပါပဲ။ ဒစ်ဂျစ်တယ်မာကတ်တင်းမှာ Content က အဓိကကျရုံတင်မဟုတ်ပါဘူး နေရာတိုင်း နေရာတိုင်း မှာ Content is King ပါ။ ဆိုတော့ Content Marketing မှာ Video တွေ Blogs တွေ Social Media တွေနဲ့ တွဲဖက်အသုံးပေါင်းစပ်ပါဝင်မှာ ဖြစ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ Youtube လိုနေရာမှာ Video Content ဖန်တီးပြီးတင်တာ မျိုး၊ ကိုယ့်ဝက်ဘ်ဆိုက်မှာ ဘလော့တွေရေးတာမျိုး၊ ဖေ့စ်ဘုတ်မှာ ပို့စ်ရေးတင်တာမျိုးတွေလုပ်ပြီး မာ ကတ်တင်းဆင်းတာပါပဲ။ Continue reading “Content Marketing အကြောင်း သိကောင်းစရာ”

Content Writer အဖြစ် ရပ်တည်ချင်တဲ့မောင်လေးရေ….အိမ်မှာနေရင်း ဒါလေးဖတ်ပေးရတယ် တဲ့

အခုမှစပြီး Content Writer လုပ်မယ့်သူတွေ လက်ရှိလုပ်နေပြီးသားဆိုပေမဲ့ အခြေအနေအရသာလုပ် လိုက်ရတာ Content ရေးတဲ့အခြေခံကိုယောင်ဝါးဝါးဖြစ်နေသူတွေအတွက်ရည်ရွယ်ပါတယ်။

ဆရာသမားတွေအနေနဲ့ကတော့…လိုတာပိုတာတွေကို ကွန်မန့်မှာရေးပြီးဖြည့်စွက်ကူညီပေးဖို့မေတ္တာရပ် ခံအပ်ပါတယ်ခင်ဗျာ၊၊ Continue reading “Content Writer အဖြစ် ရပ်တည်ချင်တဲ့မောင်လေးရေ….အိမ်မှာနေရင်း ဒါလေးဖတ်ပေးရတယ် တဲ့”