မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၅)

(၂၅)

ညီမလေးရဲ့ အမူအရာတွေ ပုံမှန်မဟုတ်ဘူးဆိုတာ ဝေငြိမ်း သံသယဖြစ်မိရာမှ အဲ့ဒီနားကပ် ပျောက်တဲ့ကိစ္စကို စတင်သတိထားမိတာဖြစ်သည်။ ညချမ်းမောင်အပေါ် စေတနာထားတာ၊ သံယောဇဉ် ပိုတာတွေကို မပြောလိုပေမယ့် လူတစ်ယောက်လုံး ဖြူကာကျရမယ့် အကူအညီအပေးအကမ်းအထိ ရက်ရောလာတာတော့ တစ်ဆိတ်လွန်လာပြီထင်၏။

“နင့် နားကပ်ရော…”

ညီမလေးရဲ့ သေတ္တာကိုဖွင့်ရှာကြည့်တာနဲ့ တန်းသိလိုက်ရတာပါပဲ။ မိုးမြင့်ထက် အမူအရာတစ် မျိုးဖြစ်နေတယ်လို့ သံသယဝင်လာရင် မောင်နှမနှစ်ယောက်မှာရှိတဲ့ အဖိုးတန်ပစ္စည်း၊ ရှာဖွေစုဆောင်း ထားတဲ့ ဥစ္စာတွေကို တစ်ခုချင်းလိုက် စစ်ပေတော့။ ဖျောင်ထားတာ သေချာပြီလေ။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၅)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၄)

(၂၄)

ညချမ်းမောင်နဲ့ ဆွေမျိုးနီးစပ်တော်တဲ့သူ ဦးလေးကြီးတစ်ယောက်ရောက်လာပြီး ရက္ကန်းရုုံက လူ တွေ ပြောစကားနားထောင်၊ စဉ်းစားပြီး တရားလိုပြုလုပ်ကာ စတင်တရားစွဲတော့သည်။ ညချမ်းမှာ ဆွေမျိုးမရှိဘူး။ တစ်ကောင်ကြွက်လို့ပဲ ထင်ထားကြတာ။ ဦးလေးကြီးက တစ်ဦးတည်းသော ဆွေမျိုးလို့ ကျွန်တော့်ကို တချို့က ပြောပြပါသည်။

စွဲတဲ့ပုဒ်မက (၃၀၇) တဲ့လေ။ ရက္ကန်းရုံကထွက်ခွါခဲ့ပြီမို့ သူတို့ရဲ့အမှုအခြေအနေ၊ နှစ်ဖက်အဖြစ် အပျက်အစုံကို ကျွန်တော်မသိပါ။ ဒီအဖြစ်အပျက်မှာ ဘေးကနေကြည့်ရတဲ့လူတစ်ယောက်သာ ဖြစ်ခဲ့ သည်။ ဝေငြိမ်းထက်အပေါ် သနားတဲ့စိတ်နဲ့ ကျွန်တော်အတတ်န်ိုင်ဆုံးအလုပ်တစ်ခု လုပ်ခဲ့ပါသည်။ အ ဆက်အသွယ်တချို့ရှာကြံပြီး အကောင်းဆုံးခုခံချေပနိုင်မယ့် ရှေ့နေကို လုပ်နိုင်သလောက်ရှာဖွေပေးခဲ့ ပါသည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၄)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၃)

(၂၃)

သူနဲ့ရင်းနှီးမှု ပိုလာလေ၊ သူ့ဆီကပြသနာကို မျှဝေခံစားရလာလေနဲ့ ချာလပတ်လည်ရမ်းရတော့ သည်။ သူက မိုးမြင့်ကို ‘အဲဒါကြောင့် မင်းကိုအားကိုးရတာ’ ဆိုတာမျိုးပြောလာရင် စတေးပေးခဲ့ရသော ပင်ပန်းဆင်းရဲမှုတွေအကုန် ကွယ်ပျောက်ကုန်သည်။ သူစိတ်တိုလို့ ‘မင်း ငါ့ဘေးကနေထွက်သွားတော့’ လို့ဆိုလာရင်တော့ ငိုကြီးချက်မနဲ့ ညဘက်တောင်အိပ်မပျော်တော့။ ညချမ်းမောင်နဲ့ ပတ်သက်ရင် အဲလောက်ထိ စိတ်ဓာတ်နူးညံ့ပျော့ပျောင်းခဲ့တာပါ။

သူ့ရဲ့သိသိသာသာပြောင်းလဲလာမှုတွေထဲက တစ်ခုကတော့တွေ့ကြုံရတဲ့အခက်အခဲကို မိုးမြင့် ဆီပြောပြလာတာပဲ ဖြစ်သည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၃)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၂)

(၂၂)

အသားဖြူဖြူဖွေးဖွေး ကလေးငယ်တစ်ဦးကို ပခုံးပေါ်တင်ချီလာသည့်သူ မိုးမြင့်ကိုမြင်လိုက်ရ တော့ သရဲ၊ တစ္ဆေကိုမြင်လိုက်ရသလို မျက်လုံးမျက်ဆန်ပြူးသွားသည်။ သူ့အနောက်မှာတော့ ခပ်ပိန် ပိန်၊ အသား လတ်လတ် အမျိုးသမီးငယ်တစ်ဦး။ ရုပ်ရည်ခပ်သန့်သန့်ပေမယ့် စိတ်ထောင်းကိုယ်ကြေ ရုပ်ပေါက်နေ၏။

“မင်း၊ မင်းဘယ်လိုလုပ်ရောက်နေတာလဲ”

ပျာပျာသလဲမေးသည်။

“လမ်းကြုံတာနဲ့ …..” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၂)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၁)

(၂၁)

ညချမ်းမောင်ရဲ့အများမသိတဲ့ လျှို့ဝှက်ချက်တစ်ခုကို မိုးမြင့်မထင်မှတ်ဘဲသိလိုက်ရပါသည်။ ဘယ် သူ့မှလည်း ထင်မှတ်မထားတဲ့အကြောင်းအရာဖြစ်သလို ညချမ်းမောင်ရဲ့ပိုက်ဆံတွေ ခဏခဏ ကုန်နေရတဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။

အဲဒီအကြောင်းအရာကြောင့်လည်း မိုးမြင့်နဲ့သူနဲ့ပိုမိုရင်းနှီးလာခဲ့ရပြီး မိုးမြင့်ရဲ့သြဇာအာဏာက လည်း  သူ့အပေါ်ထိုက်သင့်သလောက်ညောင်းလာ၏။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၁)”