မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၀)

(၂၀)

ရက္ကန်းရုံထဲကနေ သူဇာအပြီးအပိုင်ထွက်သွားတဲ့နေ့မှာတော့ ညချမ်းရဲ့ဝမ်းနည်းမှုက အထွတ် အထိပ်ဆီကို ရောက်သွားခဲ့ပါသည်။ အားလုံးကစိတ်မကောင်း၊ မျက်ရည်ဝဲ နှုတ်ဆက်နေကြတဲ့အချိန်မှာ မိုးမြင့်ကတော့စိတ်ထဲကျိတ်ပြီး ဝမ်းသာသလိုတော့ ခံစားရပါသည်။ ဒါပေမဲ့ သူဇာနဲ့မိုးမြင့်နဲ့က တကယ့် ညီအစ်မရင်းလိုနေလာကြတာဆိုတော့ တကယ်တမ်းခွဲခွာရမယ့်အခါမှာတော့ မိုးမြင့်လည်း စိတ်မကောင်း။

သူဇာ့အတွက် ဝမ်းနည်းပြီး နှုတ်ဆက်မျက်ရည်ကျကြတဲ့အထဲမှာ ကိုကြီးကအဆိုးဆုံး။ သူနဲ့စင် ချင်းကပ်ခတ်လာတာဆိုတော့ အတင်းပြောဖော်ပြောဖက် တစ်ယောက်လျော့တာကြောင့် အတိုးချပြီး ဖြစ်နေတာ။ ငိုလိုက်၊ စကားပြောလိုက်နဲ့ မပြီးတော့။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၀)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၉)

(၁၉)

သူဇာတစ်ယောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်သွားလုပ်ရန် ရက်ပိုင်းအလိုမှာတော့ သူ့မျက်နှာညှိုးသည်ထက် ညှိုးကျလာသည်ကိုတော့ မိုးမြင့်သတိထားမိပါသည်။ သူ့မျက်နှာမကောင်းတော့ မိုးမြင့်လည်းဘယ်စိတ်ကောင်းမလဲ။ သူ့အပေါ်သနားမိသည်။

မှိုင်နေပြီးအလုပ်သိမ်းတာနဲ့ အပြင်ကိုထွက်တာလည်းမတွေ့ရတော့။ အလုပ်လုပ်ရင်လည်း ခါ တိုင်းလို ကောင်မလေးတွေနဲ့ပြုံးပြုံးရယ်ရယ်မနေတော့။ လုပ်ရမယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်၊ ပြီးရင် ရေမိုးချိုး၊ ထမင်းစား၊ ခဏထိုင် ပြီးရင် အိပ်ရာထဲတန်းဝင်တော့တာဖြစ်သည်။ သူနဲ့စကားပြောရ အောင် ထမင်းစားနေချိန် ဟင်းပို့တော့လည်းခါတိုင်းလိုဟင်းကို ကောင်း၏၊ ဆိုး၏ ဝေဖန်မနေတော့။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၉)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၈)

(၁၈)

“သူဇာ့လက်ထဲကနေ ညချမ်းမောင်ကိုလုယူဖို့ကြိုးစားနေတာလေ၊ အကြံကတော့ ပက်စက် တယ်နော်၊ ပေါ်တင်ကြီး”

“ဘီယာတိုက်ပြီး အလိုလိုက်အကြိုက်ဆောင်ပေးတာပေါ့”

“အင်းလေ၊ အဲဒါမှ မူးပြီးမှားလို့ရမှာမဟုတ်လား”

“ဟဲ့ … ဘာကိုပြောတာလဲ အဲဒါ”

“ရုပ်ရှင်တွေထဲမှာဆို မူးပြီးမှားတတ်ကြတယ်လေဟာ” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၈)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၇)

(၁၇)

“ဘာ … မင်းက ငါ့ကို ဘီယာတိုက်မယ် ဟုတ်လား”

“အင်းပေါ့”

ဘီယာတိုက်ပြီးရင်းနှီးမှုပိုမိုရစေဖို့ ကမ်းလှမ်းတာကိုလည်း သူကဝမ်းသာအားရလက်ခံလေ သည်။ ညချမ်းမောင်လို လာသမျှအခွင့်အရေးကို လက်လွှတ်မခံစောင့်ကြိုနေတတ်တဲ့ ယောက်ျားတစ် ယောက်ကို ချဉ်းကပ်ရတာမခက်ခဲလှပါ။ အဓိကတော့ လက်ထဲမှာပိုက်ဆံရှိနေဖို့ပဲလိုသည်။ ညချမ်းမောင်အတွက် မိုးမြင့်ကြိုးစားပြီးအလုပ်လုပ်လာခဲ့ပြီဖြစ်သည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၇)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၆)

(၁၆)

ညချမ်း

မနေ့ကညနေက ကျွန်တော်ခင်ဗျားဆီဟင်းလာပို့တဲ့အချိန်မှာ ခင်ဗျားသူဇာနဲ့စကားသွား ပြောနေတာ ကျွန်တော်သိတယ်။ အကြာကြီးပဲစောင့်နေတာတောင် ခင်ဗျားရောက်မလာခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော်ပြန်သွားတယ်။ ဟင်းခွက်ထားခဲ့တာတွေ့တယ်မှလား။ ညနေကျလာယူမယ်။ သူဇာနဲ့ပတ် သက်လာရင် ကျွန်တော်ကအမြဲတမ်း နောက်ကောက်ဆိုတာသိပါတယ်။ ဒါပေမဲ့ ခင်ဗျားကို ကျွန်တော်တန်ဖိုးထားတာကတော့ သူဇာခင်ဗျားကိုတန်ဖိုးထားတာထက် အဆပေါင်းများစွာသာတယ်။ ကျွန်တော်ဘာကြောင့် ခင်ဗျားကိုဒီလောက်ဂရုစိုက်တာလဲ။ တန်ဖိုးထားတာလဲဆိုတာ ခင်ဗျားသဘော ပေါက်သင့်တယ်။

မိုးမြင့်ထက်

Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၆)”