မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၅)

(၁၅)

သူသဘောကျနှစ်သက်မည့် ဂျော်ဒန်းနိုးခါးပတ်ကို လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တဲ့အခါမှာ တော့ ရွှင်လန်းမြူးထူးသွားသည့် သူ့မျက်နှာကိုတွေ့ရလေသည်။ မိုးမြင့်ထင်ထားတဲ့အတိုင်းပါပဲ။ ညချမ်း မောင်ကို ချဉ်းကပ်ဖို့ကစျေးကြီးတဲ့ပစ္စည်းတွေကို ဝယ်ပြီးလက်ဆောင်ပေးတဲ့နည်းက အကောင်းဆုံး နည်းလမ်းတစ်ခုထဲအပါအဝင်ဖြစ်သည်။

“မိုက်တယ်၊ အဲဒါကြောင့် မင်းကိုခင်တာ” တဲ့လေ။

မိုးမြင့်ဝမ်းသာလိုက်တာ။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၅)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၄)

(၁၄)

“အာရုံစူးစိုက်မှုက ရက္ကန်းစင်မှာပဲရှိရမယ်၊ တစ်ခြားနေရာကို ပျံ့လွင့်နေလို့မရဘူး၊ အတိုင် ချည်ချားလုံးမှာ ချည်မပြတ်ဖို့အမြဲတမ်းစောင့်ကြည့်နေရမယ်၊ တစ်ချိန်တည်းမှာပဲ လက်ခတ်၊ ခြေနင်း တွေနဲ့ အဆက် မပြတ်အလုပ်လုပ်နေရမယ်၊ လွန်းထဲမှာထည့်ခတ်ထားတဲ့ ရက်ဖောက်ချည်ကုန်မကုန် ကိုလည်း သတိထားရမယ်”

သူ့ရဲ့ကိုယ်သင်းရနံ့ပြေပြေကလေးကို သတိထားမိရင်းမိုးမြင့်ရဲ့ရက္ကန်းပညာသင်ကြားခြင်းကို စတင် ခဲ့ပါသည်။ သူနဲ့အတူအလုပ်တွဲလုပ်ရတာကြောင့် အတိုင်းမသိပျော်မိလေသည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၄)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၃)

(၁၃)

မိုးခြိမ်းသံတစ်ချက်ကြားရပြန်တာကြောင့် သူရောကျွန်တော်ပါ ပြိုင်တူလန့်ဖျပ်သွားမိသည်။ မိုးခြိမ်း ပြီးတဲ့နောက်မှာတော့ ကျွန်တော့်လက်ကိုင်ဖုန်းသံရုတ်တရက်ကြီးထမြည်လာလေသည်။ ဒီလို အချိန်အခါက ဖုန်းလာနေကျမှမဟုတ်တာ။

“ဟင်”

တရင်းတနှီးရှိလှသော ဖုန်းနံပါတ်။

“ဒါ ရက္ကန်းရုံဖုန်းနံပါတ်ပဲ” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၃)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၂)

(၁၂)

အဲဒီနေ့ကတော့ ခါတိုင်းနဲ့မတူပါ။ အလုပ်ဆင်းရက်ကြီးမှာဖြစ်သည်။ ညနေတော့ စောင်းခဲ့ပါပြီ။

“သူဇာ… ကိုယ်ပြောစရာရှိတယ်” ဆိုပြီး အနားရောက်လာပါသည်။ အဲဒီအချိန်က အလုပ်သိမ်း ချိန်မို့ ချက်ချင်းကြီး ထလိုက်သွားလို့မရပါ။

ရက္ကန်းစင်သိမ်းတော့မယ်ဆိုတာနဲ့ ရက္ကန်းခတ်လို့ရထားတဲ့ အထည်လိပ်ကြီးကို စင်ပေါ်ကဖြည် ချပြီး ကိုက်ရေတိုင်းရသည်။ ကိုက်ရေတိုင်းဖို့အတွက် ပေတံရှည်တွေပေးထားပြီး အဲဒီပေတံရှည်တွေနဲ့ တစ်ကိုက်ချင်းတိုင်းသွားတာဖြစ်သည်။ ကိုယ်ရတဲ့ကိုက်ရေကိုမှတ်၊ အထည်လိပ်ကြီးကို Admin ဌာနဆီ ကိုသွားပြီး ကတ္တားပေါ်မှာ အလေးချိန်ရ၏။ အဲဒီမှာ မန်နေဂျာတွေက စာအုပ်နဲ့မှတ်ဖို့ အသင့်စောင့်နေ သည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၂)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၁)

(၁၁)

အားလပ်ရက် တနင်္ဂနွေနေ့တွေဆို အတူတူလျှောက်လည်ဖို့ ညချမ်းက မရမကခေါ်တတ်လာခဲ့ သည်။ သူဇာကလည်း မငြင်းဖြစ်တော့ပါ။ ညချမ်းနဲ့ သွားလာရတာ အင်မတန် ပျော်မိလေသည်။ မိုးမြင့် တစ်ယောက်ကတော့ သူဇာတို့နှစ်ယောက် ဘယ်သွားမလဲဆိုတာ အမြဲတမ်းစုံစမ်းနေပြီး နောက်ကနေ လိုက်ဖို့ အဆင်သင့်ရှိနေလေသည်။

“အားလပ်ရက် လျှောက်သွားတာပဲကွာ။ ဘာဖြစ်လဲ။ ငါလည်း လိုက်ချင်တာပေါ့။ သူဇာတို့က ချစ်သူတွေမှ မဟုတ်ကြသေးတာ” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၁)”